Home သတင်း လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအ‌ပေါ် တိုင်းရင်းသားလူငယ်များ အမြင်ဖလှယ် ‌ဆွေး‌နွေးခဲ့ကြ

လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအ‌ပေါ် တိုင်းရင်းသားလူငယ်များ အမြင်ဖလှယ် ‌ဆွေး‌နွေးခဲ့ကြ

1881
ဇူလိုင်လ ၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

youth exchangeလက်ရှိ ဖြစ်ပွား‌နေသည့် မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေများနှင့်ပတ်သက်သည့် အမြင်သ‌ဘောထားများကို ပွင့်လင်းစွာ ‌ဆွေး‌နွေး ဖလှယ်ကြရန် ရည်ရွယ်၍ တိုင်းရင်းသားလူငယ်များ၏ အမြင်နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ကမာရွတ်မြို့ နယ်ရှိ ဒိုင်းမွန်းဟိုတယ်တွင် ဇွန်လ ၃ဝရက်မှ ဇူလိုင်လ ၁ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့သည်။

အဆိုပါ‌ဆွေး‌နွေးပွဲကို ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက် (Students and Youth Congress of Burma-SYCB)မှ “‌ပြောင်းလဲမှုအတွက် အမြင်ဖလှယ်ခြင်း-Exchange for Change” ‌ခေါင်းစဉ်ဖြင့် ကြီးမှူးကျင်းပ ခဲ့ကာ SYCB အဖွဲ့ဝင် ၈ဖွဲ့နှင့် ရန်ကုန်၊ မန္တ‌လေးမြို့တို့မှ တက်ကြွလှုပ်ရှားသူ ပြည်တွင်းလူငယ်ကိုယ်စားလှယ်များ အပါအဝင် စုစု ‌ပေါင်း ၅ဝဦး တက်‌ရောက် ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲ‌ရေး၊ ဖွံ့ဖြိုး‌ရေးစီမံကိန်းများ၊ ၂၀၁၄ခုနှစ် တွင် အာစီယံဥက္ကဌ ဖြစ်လာမည့် အစိုးရအ‌ပေါ် အမြင်သ‌ဘောထားနှင့် တိုင်းရင်းသားအ‌ရေးပူး ‌ပေါင်း‌ဆောင်ရွက်‌ရေးလုပ်ငန်းအ ဖွဲ့ (WGEC)မှ ချမှတ်တင်ပြထားသည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလမ်းစဉ်များ စသည့်အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့သည်ဟု SYCB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်ဆန်းက ‌ပြောသည်။

“‌ဆွေး‌နွေးပွဲမှာ အပစ်ရပ်‌ရေးက‌တော့ ကချင်၊ သျှမ်း၊ ကရင်နဲ့ မွန် ‌ဒေသအ‌ခြေအ‌နေ၊ ဖွံ့ဖြိုး‌ရေးက‌တော့ မီဂါပ‌ရော့ဂျက်(Mega Project) ‌တွေဖြစ်တဲ့ ‌ရွှေဂက်စ်ပိုက်လိုင်း၊ ထားဝယ်‌ရေနက်ဆိပ်ကမ်းကိစ္စနဲ့ မြန်မာအစိုးရအာစီယံ ဥက္ကဌဖြစ်လာရင် လူငယ်‌တွေ ‌ရှေ့ဆက်လုပ်ရမယ့် ပူး‌ပေါင်းလှုပ်ရှားမှု စတာ‌တွေ ‌ဆွေး‌နွေးခဲ့တာပါ”ဟု ‌နော်ဆန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြန်မာ(ဗမာ)လူမျိုး လူငယ်များသည် အခြားတိုင်းရင်းသားနည်းတူ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ(ဗမာ) တိုင်းရင်းသားလူငယ်အဖွဲ့ ‌ပေါ်‌ပေါက်လာသင့်‌ကြောင်း ‌ဆွေး‌နွေးပွဲတွင် ထည့်သွင်း၍ အမြင်ဖလှယ်ခဲ့ကြသည်ဟု SYCB က ဆို သည်။

၎င်းအမြင်ဖလှယ်‌ဆွေး‌နွေးပွဲသို့ SYCB အဖွဲ့ဝင်ဖြစ်သည့် ကရင်လူငယ်အစည်းအရုံး(KYO) ကိုယ်စားလှယ်များအဖြစ် ‌စောအဲ့မွီး၊ ‌စောဗီထူးနှင့် ‌စောအယ်ထီး‌ကော်တို့က တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲတွင် KYO ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ‌စောဗီထူးက “အမြင်ဖလှယ်မှု‌တွေက ပြည်တွင်း‌ကော ပြည်ပ‌ကော ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးကြပါတယ်။ ကျ‌နော်တို့က နယ်စပ်က ဆို‌ပေမယ့် ပြည်တွင်းက လူငယ်‌တွေဟာလည်း လက်ရှိ နိုင်ငံ ‌ရေး အ‌ခြေအ‌နေကို အရှိအတိုင်း မထိန်ချန်ဘဲ ‌ဆွေး‌နွေးသွားတာ ‌တွေ့ရ‌တော့ ဒီအ‌ပေါ်မှာ အ‌တော့်ကို အားရမှုရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

SYCB မှ ကြီးမှူး၍ ပြုလုပ်သည့် ယခု တိုင်းရင်းသားလူငယ်အမြင်ဖလှယ် ‌ဆွေး‌နွေးပွဲသည် မြန်မာနိုင်ငံပြည်တွင်း၌ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ယခင်နှစ်များက ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ကြိမ် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများဖြင့် အ‌ခြေခံထားသည့် SYCB ကို ၁၉၉၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၅ဖွဲ့ရှိ‌ကြောင်း သိရသည်။