Home သတင်း လက်နက်ကြီး‌ကြောင့် အမျိုးသမီးနှင့် က‌လေးငယ်များ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကြီး‌ကြောင့် အမျိုးသမီးနှင့် က‌လေးငယ်များ ထိခိုက်ဒဏ်ရာရရှိ

1863
ဇူလိုင်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် အစိုးရစစ်တပ် လက်‌အောက်ခံ ကရင်နယ်ခြား‌စောင့်တပ် BGFနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)တို့၏ လက်နက်ကြီးများ‌ကြောင့် အမျိုးသမီးနှင့် က‌လေးငယ်များ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ယ‌နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ရက်‌နေ့က မဲဆိပ်စခန်းအ‌ခြေစိုက် ဗိုလ်မှူး‌စောရဲ‌သွေး ဦးစီးသည့် ကရင်နယ်ခြား‌စောင့်တပ် (၁၀၁၄) တပ်ရင်းမှ တပ်ခွဲမှူး‌စော‌ဒေး‌ဒေးဆိုသူက ‌ကျေးရွာတစ်ရွာအတွင်း M-79 လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ၎င်းကျည်ဆံ 40-MM မှာ မ‌ပေါက်ကွဲဘဲ အသက် ၂၃နှစ်အရွယ် က‌လေးမိခင်တစ်ဦးနှင့် သူမ၏ တနှစ်သားအရွယ် သား‌ယောက်ျား‌လေးကို ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု KHRG က ထုတ်ပြန်ခြင်း ဖြစ်သည်။

KHRG ၏ သတင်းပြန်ကြား‌ရေး တာဝန်ခံ ‌စော‌ဝေ‌လေးက “ဘီဂျီအက်ဖ်မှ ‌စော‌ဒေး‌ဒေးဆိုတဲ့လူက အရက်မူးပြီး ‌သေနတ်ရမ်းပစ် မိလို့ အဲဒီသားအမိကို သွား‌ရောက်ထိမှန်တာပါ။ ကံ‌ကောင်းလို့ ကျည်က မကွဲတာ။ ‌ပေါက်ကွဲလို့က‌တော့ အဲဒီသားအမိနှစ် ‌ယောက်စလုံး မ‌တွေးဝံ့စရာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းပစ်ခတ်မှု‌ကြောင့် က‌လေးမိခင်မှာ ဒူး‌ခေါင်းနှင့် ‌ခြေဖ‌နောင့်တို့တွင်လည်း‌ကောင်း၊ က‌လေးငယ်မှာ ခန္ဓာကိုယ်အလယ်ပိုင်း တွင်လည်း‌ကောင်း ဒဏ်ရာရှိခဲ့ပြီး ၎င်းတို့ကို ‌ခေါ‌တောပို‌ဆေးရုံသို့ ပို့‌ဆောင်၍ ‌ဆေးကုသမှုခံယူရာ မိခင်နှင့် က‌လေးကို ၆ချက်နှင့် ၃ချက်စီ ချုပ်ခဲ့ရသည်။ သို့‌သော် တပ်ကြပ်ကြီး ‌စော‌ဒေး‌ဒေးက ‌ဆေးကုသစရိတ်အဖြစ် ၎င်းသားအမိအား ကျပ်‌ငွေ ၂သိန်း ၄‌သောင်း‌ပေးမည်ဟု ‌ပြော‌သော်လည်း ကျပ်‌ငွေတစ်သိန်းသာ လက်ခံရရှိခဲ့‌ကြောင်း KHRG က ဆိုသည်။

အလားတူ ‌မေလ ၁၆ရက်‌နေ့ကလည်း ‌စောရဲ‌သွေး ဦး‌ဆောင်‌သော အဆိုပါ နယ်ခြား‌စောင့်တပ်ဖွဲ့သည် ‌ကေအဲန်ယူ တပ်မဟာ (၅)မှ ဗိုလ်‌စောဝင်းလွင် (ခ) ‌စောအယ်ရိုး ဦးစီးသည့် အင်အား ၂ဝဦးရှိ KNLA တပ်ဖွဲ့တို့က ရွာတစ်ရွာထဲတွင် ထိပ်တိုက်တိုး၍ M-79 လက်နက်ကြီးဖြင့် KNLA ဘက်မှ ပစ်ခတ်ခဲ့သဖြင့် ၂လသားအရွယ် က‌လေး‌ယောက်ျား‌လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့မှာ ကျည်ထိမှန်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ‌ခေါ‌တောပို‌ဆေးရုံသို့ ပို့‌ဆောင်ကုသခဲ့ရ‌သေးသည်။

“အပစ်အခတ်ရပ်စဲ‌ရေးပြီးတဲ့‌နောက်မှာ အမှန်ဆို ပစ်ခတ်မှု‌တွေ မဖြစ်သင့်‌တော့ဘူး။ ဒါမျိုးပစ်ခတ်မှု‌တွေ ဆက်ဖြစ်‌နေမယ်ဆိုရင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေလည်း ဆက်ဖြစ်‌နေအုံးမှာပဲ။”ဟု KHRG ၏ သတင်းပြန်ကြား‌ရေးတာဝန်ခံ ‌စော‌ဝေ‌လေးက ထပ်‌ပြောသည်။

ယခုဖြစ်ပွားမှုနှင့် ပတ်သက်၍ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “ပစ်ခတ်တဲ့သူ‌တွေကလည်း ရွာ သား‌တွေကို ဦးတည်ပြီး ပစ်ခတ်တာ မဖြစ်နိုင်‌လောက်ပါဘူး။ ဒါ‌ပေမယ့် ရွာထဲမှာ ပစ်ခတ်မှု ဖြစ်တဲ့အခါကျ‌တော့ ထိခိုက်မှုရှိမှာ ‌ပေါ့‌လေ။ ပစ်ခတ်မှုကို ပြန်ကြည့်မယ်ဆိုရင်လည်း ကရင်လက်နက်ကိုင် အချင်းချင်းဖြစ်ပွားတဲ့ကိစ္စပါ။ ရပ်တည်မှုချင်း‌တော့ မတူ ဘူး‌ပေါ့။ ဒါ့‌ကြောင့် အဲဒီပြဿနာကို ‌ဖြေရှင်းဖို့အတွက် ကျ‌နော်တို့ အစိုးရနဲ့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေပါတယ်။ အဲဒီကတ ဆင့် အရင်ဆုံး ကျ‌နော်တို့ အချင်းချင်း နားလည်မှုတည်‌ဆောက်ရမယ်။ ဒီလမ်းစဉ်ဟာ ကျ‌နော်တို့ အရင်ဆုံးလုပ်‌ဆောင်ရမယ့် လမ်းစဉ်ပဲဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့က မြန်မာအစိုးရစစ်တပ်နှင့် ‌ကေအဲန်ယူတို့ နှစ်ဘက် အပစ်အခတ်ရပ်စဲ‌ရေး ပဏာ မ သ‌ဘောတူညီ လက်မှတ်‌ရေးထိုးပြီးခဲ့သည့်‌နောက်ပိုင်း အစိုးရစစ်တပ်၊ အစိုးရစစ်တပ်လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်နှင့် အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ချို့က ရွာသားများအား အ‌ကြောင်းမဲ့ ပစ်သတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် အဓမ္မခိုင်း ‌စေခြင်း စသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ၁ဝကြိမ်နီးပါး ကျူးလွန်ခဲ့‌ကြောင်း KHRG မှတ်တမ်းတွင် ‌ဖော်ပြထားသည်။