Home သတင်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် မြန် မာရဟန်း‌တော် တစ်ပါးထိခိုက် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် မြန် မာရဟန်း‌တော် တစ်ပါးထိခိုက် ဒဏ်ရာရ

1689
ဇူလိုင်လ ၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

U Wilar Thatga_2013-07-07အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ် ဗုဒ္ဓဂယာရှိ ဘုရားပွင့်‌တော်မူရာ မဟာ‌ဗောဓိပင်‌ခြေရင်း၌ ယ‌နေ့မနက် အိန္ဒိယစံ‌တော်ချိန် ၅း၄၅နာရီ အချိန်တွင် ဗုံး ၅လုံး ဆက်တိုက် ‌ပေါက်ကွဲရာ မြန်မာနိုင်ငံသား ရဟန်း‌တော် ဦးဝိလာသဂ္ဂ ဒဏ်ရာရရှိသွားခဲ့သည်။

“ဦးဝိလာသဂ္ဂရဲ့ ဒဏ်ရာက‌တော့ ‌ခြေ‌ထောက်မှာ အနည်းအကျဉ်းနဲ့ ဝမ်းဗိုက်၊ လက်နှစ်ဖက်စလုံးပါပဲ။ ဒဏ်ရာက သိပ်‌တော့ မပြင်းထန်ပါဘူး။ သူတို့‌တွေက ဘုရားကို မနက်တိုင်း သွားဖူး‌နေကျ‌လေ။ အဲဒီအချိန်မှာဖြစ်တာမို့ ‌ရောပြီး ထိခိုက်သွားတာ”ဟု ၎င်းပြည်နယ်တွင် သီတင်းသုံး‌နေသူ ကရင်ရဟန်း‌တော် ဦးပညာဒီပက ‌ကေအိုင်စီသို့ မိန့်ကြားခဲ့သည်။

ဒဏ်ရာရရှိသွားသည့် စစ်ကိုင်းတိုင်း၊ မြင်းခြံဇာတိသား မြန်မာရဟန်း‌တော် ဦးဝိလာသဂ္ဂမှာ ယခုနှစ်မှသာ ဗုဒ္ဓဂယာရှိ မဂဓတက္က သိုလ်၌ ပညာသင်ကြားလျှက်ရှိပြီး လက်ရှိအချိန်တွင် ဗုံးထိမှန်မှု‌ကြောင့် ၎င်းအား ‌ဆေးကုသရန် ဗီဟာပြည်နယ်၏မြို့‌တော် ပတ္တနားမြို့‌ဆေးရုံသို့ ပို့‌ဆောင်ထား‌ကြောင်း သိရသည်။

ဗုံးငါးလုံးအနက် တစ်လုံးမှာ ‌ဗောဓိ‌ညောင်ပင်ရင်း၌ ‌ပေါက်ကွဲပြီး ကျန်‌လေးလုံးမှာ ‌ဗောဓိ‌ညောင်ပင်နှင့် ဘုရားပတ်ဝန်းကျင်၌ ‌ပေါက်ကွဲခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံပိုင် သတင်းစာများ၌ ‌ဖေါ်ပြထားပြီး ဂျပန်ဘုရားအနီး၌လည်း မ‌ပေါက်ကွဲ‌သေးသည့် ဗုံး ‌လေးလုံးကို လုံခြုံ‌ရေးရဲများက ရှာ‌ဖွေ‌တွေ့ရှိသွားခဲ့သည်။

အဆိုပါ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ‌ဒေသခံ အိန္ဒိယလူမျိုးနှစ်ဦး ‌သေဆုံးသွား‌ကြောင်း အိန္ဒိယသတင်းတစ်ခုတွင် ယ‌နေ့မနက် ၁ဝနာရီ က ‌ပြောဆိုခဲ့ပြီး တိဘက်ရဟန်း‌တော် အများအပြားလည်း ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။ သို့‌သော် ထိခိုက်‌သေ‌ကြေမှု အ‌ရေအတွက် အတိအကျကို ယခုအချိန်ထိ မသိရ‌သေး‌ကြောင်း ဦးပညာဒီပက ဆက်‌ပြောသည်။

ဦးပညာဒီပက “‌ပေါက်ခဲ့တဲ့ဗုံး‌တွေထဲမှာ ‌ဗောဓိပင်‌ခြေရင်းမှာ နှစ်လုံး။ ရတနာဃရသတ္တာဟ ဘုရားပဌာန်းတရား‌ဟောခဲ့တဲ့‌နေရာ မှာတစ်လုံး။ အနိသသတ္တာဟမှာ တစ်လုံး။ ကျန်တစ်လုံးက မသိရ‌သေးဘူး။ ဒီသတင်းကို အိန္ဒိယရုပ်သံသတင်းကလည်း အခုထိ ‌ကြေငြာ‌နေတုန်းပဲ။”ဟု မြွက်ကြား‌ပြောဆိုသည်။