Home သတင်း ဘိလပ်‌မြေစက်ရုံအသစ် တည်‌ဆောက်မည့်အ‌ပေါ် မိကရင်‌ဒေသခံများ ထပ်မံကန့်ကွက်

ဘိလပ်‌မြေစက်ရုံအသစ် တည်‌ဆောက်မည့်အ‌ပေါ် မိကရင်‌ဒေသခံများ ထပ်မံကန့်ကွက်

1711
ဇူလိုင် ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

DSC_0055
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် (Shree Cement Company)မှ တရက်လျှင် ဘိလပ်‌မြေတန်ချိန်‌ပေါင်း တစ်‌သောင်း ထုတ် လုပ်နိုင်သည့် မိကရင်ဘိလပ်‌မြေစက်ရုံ အသစ် တည်‌ဆောက်မည့်ကိစ္စကို ‌ဒေသခံသံဃာ‌တော် များနှင့် ရွာသူရွာသားများက မြန်မာအစိုးရ ထံသို့ ဒုတိယအကြိမ် ထပ်မံ ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

မိကရင်‌ကျေးရွာအုပ်စုရှိ သံဃာနှင့် လူထုတစ်‌ထောင်‌ကျော်က လက်မှတ်ထိုး၍ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)မှတဆင့် ‌နေပြည်‌တော်ပြည်သူ့လွှတ်‌တော်ရုံး၊ စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ပြီးခဲ့သည့် ‌မေလ ၁၇ရက်‌နေ့က ပထမ အကြိမ် ကန့်ကွက်စာတင်ခဲ့ပြီးဖြစ်‌သော်လည်း တုန့်ပြန်မှု တစုံတရာ မရရှိသည့်အ‌ပေါ် ယခု ဇူလိုင်လ ၆ရက်‌နေ့တွင် ကန့်ကွက် စာ ထပ်မံ တင်ရခြင်းဖြစ်‌ကြောင်း ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

‌ဒေသခံ ‌စောအဲဒူးက “လက်ပံ‌တောင်း ‌ကြေးနီ‌တောင်တို့၊ အခုလက်ရှိ မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ ကိစ္စတို့‌တောင် မ‌ဖြေရှင်းနိုင် ‌သေးဘဲနဲ့ ဘိလပ်‌မြေစက်ရုံကြီးအသစ် ထပ်မံတည်‌ဆောက်ဖို့က မဖြစ်နိုင်ဘူး‌လေ။ ကန့်ကွက်စာက တင်ထားတာမထူး‌တော့ ထပ်တင်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဇူလိုင်လ (၅)ရက်‌နေ့က သစ်‌တောနှင့်သတ္တုဝန်ကြီး ‌စောဆာ‌လောလက ဦး‌ဆောင်သည့် ပြည်နယ် ကွင်းဆင်းစစ်‌ဆေး‌ရေး အဖွဲ့နှင့် ၎င်းကုမ္ပဏီတို့မှ တာဝန်ရှိသူများက မိကရင်ရွာ အ.ထ.က ‌ကျောင်းခွဲတွင် ‌ရောက်ရှိလာပြီး ကျပ်(၄၀)သိန်းရှိ သင်‌ထောက်ကူပြုပစ္စည်းများကို ‌ပေးအပ်လှူဒါန်းခဲ့ရာ ‌ဒေသခံများအား ‌ခေါ်ယူ၍ ဘိလပ်‌မြေ စက်ရုံအသစ်တည်‌ဆောက်ရန် ‌ပြောဆို‌ဆွေး‌နွေးခဲ့ပြီး‌နောက် ‌ဒေသခံများက ထိုသို့ ကန့်ကွက်စာ ထပ်မံတင်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့အပြင် ယခုလ ဇူလိုင် (၆)ရက်‌နေ့တွင် ၎င်း‌ဒေသရှိ ကြာအင်း‌ပေါ်‌တော်မူ‌ကျောင်းမှ သံဃာ‌တော်များသည် ‌ဒေသခံရွာသူရွာ သားများအား ‌တွေ့ဆုံကာ ဘိလပ်‌မြေစက်ရုံသစ် တည်‌ဆောက်မည့်ကိစ္စသည် ယဉ်‌ကျေးမှုအ‌မွေအနှစ်များ ရိုးရာဓ‌လေ့များ ပ‌ပျောက်သွားနိုင်ပြီး လူမှု‌ရေးပြဿနာ အမျိုးမျိုးဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု မိကရင်ဆရာ‌တော်က မြွတ်ကြား‌ပြောဆိုသည်။

ဘိလပ်‌မြေစက်ရုံသစ်ကိစ္စ မိကရင်ရွာသားများ လက်မှတ်‌ရေးထိုး‌နေစဉ်
ဘိလပ်‌မြေစက်ရုံသစ်ကိစ္စ မိကရင်ရွာသားများ လက်မှတ်‌ရေးထိုး‌နေစဉ်

မိကရင်ဆရာ‌တော်က “ဆရာ‌တော်တို့ ခွင့်ပြုလိုက်ရင် ရှိထားတဲ့ ယဉ်‌ကျေးမှုတို့၊ ရိုးရာဓ‌လေ့တို့ ပ‌ပျောက်နိုင်တယ်။ ပြီး‌တော့ ဒီပတ်ဝန်းကျင်မှာ လူမှု‌ရေး ပြဿနာအမျိုးမျိုး ရင်ဆိုင်ရနိုင်တယ်‌လေ”ဟု မြွက်ကြားသည်။

သို့‌သော် မိကရင်ဘိလပ်‌မြေစက်ရုံအသစ် တည်‌ဆောက်မည့်ကိစ္စသည် ‌ဒေသခံများက ခွင့်ပြုမှသာလျှင် တည်‌ဆောက်ခွင့်ရှိပြီး ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့က ထိုကိစ္စအ‌ပေါ် ဆုံးဖြတ်ပိုင်ခွင့် မရှိ‌ကြောင်း ပြည်နယ်ကွင်းဆင်း စစ်‌ဆေး‌ရေးအဖွဲ့ဝင်တစ်ဦးဖြစ် သည့် ကရင်ပြည်နယ် စက်မှုနှင့်လျှပ်စစ်ဝန်ကြီး ဦး‌စောကြည်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့အဖွဲ့က‌တော့ ဘိလပ်‌မြေစက်ရုံအသစ် တည်‌ဆောက်မယ့်ကိစ္စက ‌ဒေသခံ‌တွေ‌ထောက်ခံမှ ‌ဆောက်လို့ရမယ်။ သူတို့ က ဖြူရင် ကျ‌နော်တို့က ဖြူ‌ပေးရမယ်။ သူတို့က မဲရင် ကျ‌နော်တို့က မဲ‌ပေးရမယ်။ သူတို့‌ရွေး‌ကောက်တင်‌မြောက်ထားတဲ့ လူဆို ‌တော့ သူတို့ဆန္ဒကို လိုက်နာရမယ်‌လေ။”ဟု ဝန်ကြီးဦး‌စောကြည်လင်းက ဆိုသည်။

လက်ရှိ ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့ကို သစ်‌တောနှင့်သတ္တုဝန်ကြီး ဦး‌စောဆာ‌လောလက ဦး‌ဆောင်ပြီး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦး‌စောကြည်လင်း၊ လမ်းပန်းနှင့်ဆက်သွယ်‌ရေးဝန်ကြီး ဦး‌စောခင်‌မောင်မြင့်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောမင်း‌အောင် လင်း၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးရဲနိုင်နှင့် မြို့မိမြို့ဖ ‌စော‌အောင်ပွင့်တို့ ပါဝင်သည်။

ဖားအံမြို့ရှိ ပြည်နယ်ကွင်းဆင်းစစ်‌ဆေး‌ရေးအဖွဲ့က မိကရင်ရွာအနီး၌ ဘိလပ်‌မြေစက်ရုံသစ် လာ‌ရောက်တည်‌ဆောက်မည့်ကိစ္စ အ‌ပေါ် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၄ရက်‌နေ့က ‌ဒေသခံများကို သွား‌ရောက်‌တွေ့ဆုံခဲ့‌သေးသည်။

ကရင်ပြည်နယ်တွင် လက်ရှိ သံလွင်မြစ် အ‌နောက်ဘက်ကမ်း၌ ဦးပိုင်ကုမ္ပဏီလိမီတက်ပိုင် မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံနှစ်ခုမှ ‌နေ့စဉ် ဘိလပ်‌မြေတန်ချိန် ၉၀ဝနှင့် ၄,၀၀ဝနှုန်း ထုတ်လုပ်လျှက်ရှိသည်။