Home သတင်း ၅၁နှစ်‌မြောက် ဆဲဗင်း ဇူလိုင် ‌အောက်‌မေ့ဖွယ် အခမ်းအနား

၅၁နှစ်‌မြောက် ဆဲဗင်း ဇူလိုင် ‌အောက်‌မေ့ဖွယ် အခမ်းအနား

1890
ဇူလိုင် ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

IMG_20130707_133627
‌ကျောင်းသားလှုပ်ရှားမှု အဖြိုခွဲခံရသည့် ဆဲဗင်း ဇူလိုင် ၅၁နှစ်‌မြောက် ‌အောက်‌မေ့ဖွယ် အထိမ်း အမှတ်အခမ်းအနားကို ‌ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၏ ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ ဦး‌ဆောင်၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့မ ဘုန်းကြီး ‌ကျောင်းတွင် ဇူလိုင်လ ၇ရက်‌နေ့က ကျင်းပခဲ့သည်။

ယင်းပွဲသို့ ဒဂုံတက္ကသိုလ်၊ အ‌ရှေ့ပိုင်းတက္ကသိုလ်၊ အ‌နောက်ပိုင်းတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွား‌ရေးတက္ကသိုလ်၊ ‌မှော်ဘီနည်းပညာတက္ကသိုလ်၊ ပညာ‌ရေးတက္ကသိုလ်များမှ ‌ကျောင်းသားများသမဂ္ဂများနှင့် အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များ အပါအဝင် ဧည့်သည်‌တော်များ တက်‌ရောက်ကြသည်။

‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်ဖြစ်သူ ကိုဒီငြိမ်းလင်းက “‌ကျောင်းသားသမဂ္ဂ ဆိုတဲ့စိတ်ဓါတ် ရှင်သန်ခိုင်မြဲဖို့နဲ့ သမဂ္ဂအ‌ဆောက်အဦးကိုသာ ဖြိုခွဲလို့ရမယ်။ စိတ်ဓါတ်ကို‌တော့ မဖြိုခွဲနိုင်ဘူး။ ဒါ‌ကြောင့် တက္ကသိုလ်အသီးသီး မှာ ‌ကျောင်းသားသမဂ္ဂ‌တွေ ‌ပေါ်‌ပေါက်လာ‌စေဖို့ ဖြစ်တယ်”ဟု သူက ‌ပြောဆိုသည်။

၎င်း‌အောက်‌မေ့ဖွယ်ပွဲသို့ တက်‌ရောက်ခဲ့သူ ၈၈မျိုးဆက်‌ကျောင်းသား ကိုကိုကြီးကလည်း “‌ကျောင်းသားရှိတဲ့ ‌နေရာတိုင်းမှာ ‌ကျောင်းသားသမဂ္ဂရှိရမယ်”ဟု မိန့်ခွန်း၌ ‌ပြောဆိုသွားခဲ့သည်။

အခမ်းအနားတွင် ‌ကျောင်းသားသမဂ္ဂအလံအား အ‌လေးပြုခြင်း၊ ကျဆုံးသွား‌သော ‌ကျောင်းသားအာဇာနည် ရဲ‌ဘော်များအတွက် တစ်မိနစ်ခန့် ငြိမ်သက်ဆု‌တောင်းခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ‌ပေးပို့လာ‌သော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ အထိမ်းအ မှတ် ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ပညာ‌ရေးတက္ကသိုလ် ‌ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက “တက္ကသိုလ်‌တွေမှာ ‌ကျောင်းသား‌တွေ လွတ်လပ်စွာ ‌ပြောဆို‌ဆွေး ‌နွေးနိုင်ဖို့အတွက် အခန်းတစ်ခန်းရှိ‌စေချင်တယ်။ ပြီး‌တော့ ယခုလိုပွဲမျိုးကို အစိုးရအ‌နေနဲ့ ပါဝင်လုပ်‌ဆောင်‌ပေး‌စေချင်ပါတယ်။” ဟု သူက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အဆိုပါပွဲသို့ ‌မှော်ဘီနည်းပညာတက္ကသိုလ်‌ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ်‌ကျောင်းသားများသမဂ္ဂ၊ ၈၈မျိုးဆက် (ငြိမ်း ချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်‌မြောက်‌ရေး ‌ကော်မတီ)တို့မှ သဝဏ်လွှာများ ‌ပေးပို့ခဲ့ ကြသည်။

အလားတူ ရန်ကုန်တိုင်းရှိ အချို့‌နေရာများနှင့် မန္တ‌လေး၊ ‌တောင်ငူ စသည့် ‌နေရာ‌ဒေသအသီးသီးတွင်လည်း ဆဲဗင်းဇူလိုင် ‌အောက်‌မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကိုလည်း ပြုလုပ်ကျင်းပခဲ့‌ကြောင်း သိရသည်။

၂၀၁၂ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပသည့် ၅ဝပြည့်နှစ်‌မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကို သက်ဆိုင်ရာ အာဏာပိုင်များက ကျင်းပခွင့်မ‌ပေးခဲ့သဖြင့် ‌နေရာအခက်အခဲရှိပြီး အခမ်းအနားမကျင်းပမီ တစ်ရက်အလိုတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ‌ကျောင်းသား ၂၃ဦးကို ဖမ်းဆီးခံခဲ့ရသည်။

လွန်ခဲ့သည့် ၁၉၆၂ခုနှစ်က ဗိုလ်ချုပ်‌နေဝင်း ဦး‌ဆောင်‌သော စစ်တပ်သည် တိုင်းပြည်ကို အာဏာသိမ်းခဲ့ပြီး‌နောက် တက္ကသိုလ် ‌ကျောင်းဝင်းအတွင်း ကန့်ကွက်ဆန္ဒပြခဲ့‌သော ‌ကျောင်းသူ‌ကျောင်းသားများကို ဇူလိုင်လ ၇ရက်‌နေ့တွင် ဝင်‌ရောက်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အဦးကို ဗုံးခွဲဖျက်ဆီး ဖြိုချခဲ့သည်။