Home သတင်း အာဇာနည်‌နေ့ ကြိုဆို ဂုဏ်ပြုခြင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

အာဇာနည်‌နေ့ ကြိုဆို ဂုဏ်ပြုခြင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

3733
ဇူလိုင်လ ၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

IMG_20130708_113404
“အာဇာနည်သို့ ဦးညွှတ်ခြင်း”အမည်ဖြင့် (၆၆)နှစ်‌မြောက် အာဇာနည်‌နေ့အား ကြိုဆိုဂုဏ်ပြုခြင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်း‌ပေါင်း ၃ဝ တို့မှ စု‌ပေါင်း၍ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ယုဒဿန်ခမ်းမတွင် ယ‌နေ့ ဇူလိုင်လ ၈ရက်‌နေ့က ပြုလုပ်ခဲ့သည်။

‌ပျောက်ကွယ်လုဆဲဖြစ်‌နေ‌သော အာဇာနည်‌နေ့၏ အသက်ဝိဉာဉ်ကို ပြန်လည်‌ဖော်ထုတ်ရန်၊ ပြည်သူလုထု၏ ရင်ထဲတွင် အဓိပ္ပါယ်‌လေးနက်စွာ အစဉ်ဂါရဝပြုရန်၊ အာဇာနည်‌ခေါင်း‌ဆောင်ကြီးများ၏ ကိုယ်ကျိုးစွန့်လွှတ်မှုတို့ကို ထိန်းသိမ်းသွားရန်နှင့် နိုင်ငံသားတို့ ‌ကောင်းကျိုးအတွက် အသက်ခန္ဓာများကို စွန့်လွှတ်ခဲ့‌သော အာဇာနည်များ၏ စိတ်ဝိဉာဉ်များကို မျိုးဆက်သစ်များ အတုယူ‌စေရန်ဟူ‌သော ရည်ရွယ်ချက်တို့ဖြင့် ထိုသို့ ကျင်းပရခြင်းဖြစ်‌ကြောင်း သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် အဖြူ‌ရောင်တွဲလက်မှ ကိုဘိုဘိုက “ကျ‌နော်တို့ ငယ်ငယ်တုန်းက ကြုံ‌တွေ့ခဲ့ရတဲ့ အာဇာနည်‌နေ့ အခမ်းအနား‌တွေကို အခု ‌နောင်မျိုးဆက်‌တွေကို ပြန်လည် ကြုံ‌တွေ့‌စေချင်လို့”ဟု ‌ပြောကြားခဲ့သည်။

၎င်းအခမ်းအနား၌ အာဇာနည်‌နေ့တွင် နံနက် ၁ဝနာရီ ၃၇မိနစ်တွင် ဥဩသံဆွဲကာ ပြည်သူများအားလုံးက ‌ရောက်ရာအရပ်တွင် မိမိပြုလုပ်‌နေ‌သော ကိစ္စရပ်များကို ရပ်တန့်၍ ငြိမ်သက်စွာ အ‌လေးပြု‌နေ‌သော ရုပ်သံ တစ်မိနစ်စာကို ပြသခဲ့သည်။

ထို့အပြင် လာမည့် အာဇာနည်‌နေ့တွင် နိုင်ငံပိုင်အပြင် ပုဂ္ဂလိကပိုင် အသံလွှင့်မီဒီယာများမှ ‌အောက်‌မေ့ဖွယ် ဥဩဆွဲသံကို တစ်မိ နစ်ကြာ ထုတ်လွှင့်‌ပေးရန်၊ ဇူလိုင် ၁၈ရက်နှင့် ၁၉ရက်‌နေ့ညများတွင် နိုင်ငံပိုင်မီဒီယာများမှ အာဇာနည်‌ခေါင်း‌ဆောင်များ၏မိန့်ခွန်း ထုတ်လွှင့်‌ပေးခြင်းနှင့် အာဇာနည်‌နေ့အခမ်းအနားသို့ နိုင်ငံ‌တော် သမ္မတ၊ ပြည်‌ထောင်စုလွှတ်‌တော်ဥက္ကဌများနှင့် တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ်တို့မှ တက်‌ရောက်ဂါရဝပြု‌စေလို‌ကြောင်းကို အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြည်‌ထောင်စုအစိုးရအဖွဲ့သို့ ‌တောင်းဆိုလိုက်သည်။

Public Welfare Network မှ ကိုသီဟ‌မောင်‌မောင်က “အခုလို မီဒီယာ‌တွေက‌နေ ဥဩဆွဲ‌စေချင်တာ၊ အာဇာနည်မိန့်ခွန်းများကို အသံလွှင့်‌စေချင်တာ။ ဟိုး အရင်‌ခေတ်တုန်းကလိုမျိုး အာဇာနည်‌နေ့အခမ်းအနား ဖြစ်‌စေချင်လို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆို သည်။

သို့‌သော်လည်း ဇူလိုင်လ ၃ရက်‌နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်‌တော်အစည်းအ‌ဝေးတွင် ပြန်ကြား‌ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်‌ထွေးက အာဇာနည်‌နေ့တွင် ‌အောက်‌မေ့သည့် အထိမ်းအမှတ်အဖြစ် ဥဩဆွဲ၍ ယာဉ်၊ လူများ ရပ်တန့်ဂုဏ်ပြု သည့် အစီအစဉ်ကို ပြန်လည်‌ဆောင်ရွက်ပါက ရရှိလာမည့် အကျိုး‌ကျေးဇူးနှင့် ပြည်သူအချို့အတွက် အဆင်မ‌ပြေမှုများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်‌ကြောင်း ‌ပြောကြားထားသည်။

၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက် နံနက် ၁ဝး၃၇ နာရီတွင် ဝန်ကြီးများရုံး၌ ဗိုလ်ချုပ်‌အောင်ဆန်း အပါအဝင် ‌ခေါင်း‌ဆောင် ၉ဦးတို့၏ လုပ်ကြံခံရ‌သော ယင်း‌နေ့ကို ‌အောက်‌မေ့သည့်အ‌နေဖြင့် အာဇာနည်‌နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။