Home သတင်း ပြည်သူ့လွှတ်‌တော်တွင် အတည်ပြုလိုက်သည့် ပုံနှိပ်၊ ထုတ်‌ဝေ ဥပ‌ဒေကြမ်းကို BNI ကန့်ကွက်

ပြည်သူ့လွှတ်‌တော်တွင် အတည်ပြုလိုက်သည့် ပုံနှိပ်၊ ထုတ်‌ဝေ ဥပ‌ဒေကြမ်းကို BNI ကန့်ကွက်

1786
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

BNI logo1ပြည်သူ့လွှတ်‌တော်တွင် ဇူလိုင်လ ၄ရက်‌နေ့က အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်‌ဝေခြင်းလုပ်ငန်းဥပ‌ဒေကြမ်းသည် တိုင်းရင်းသားမီဒီယာများအ‌ပေါ်ထိန်းချုပ်လာနိုင် သည့်အတွက် တိုင်းရင်းသားမီဒီယာ အများစုဖြင့် ဖွဲ့စည်းထား‌သော နို်င်ငံတကာမြန် မာ့သတင်း (Burma News International – BNI)က ဇူလိုင်လ ၉ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ကန့်ကွက်လိုက်သည်။

ယခု အတည်ပြုလိုက်သည့် ဥပ‌ဒေကြမ်းမှာ တိုင်းရင်းသားမီဒီယာများအ‌ပေါ် အာဏာပိုင်များက အ‌ကြောင်းအမျိုးမျိုးပြကာ ထိန်း ချုပ်လာနိုင်သည့်အတွက် တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးမှုကို ထိခိုက်‌စေနိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု BNI အဖွဲ့ဝင် အယ်ဒီ တာတစ်ဦးဖြစ်သူ ကိုခိုင်မြတ်‌ကျော်က ယခုလို ‌ပြောသည်။

“မြန်မာ လက်ရှိအစိုးရက တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်‌ရေးကို အား‌ပေးလိုတဲ့ အ‌နေအထားမျိုး ခုထိ မ‌တွေ့ရ‌သေးဘူး။ အဲသလို အ‌နေအထားမျိုးမှာ ဒီဥပ‌ဒေထွက်လာ‌တော့ အ‌ခြေအ‌နေက ပိုဆိုးသွားနိုင်တဲ့အတွက် ကန့်ကွက်ခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ လူအခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများ၊ ဖိနှိပ်ခံရခြင်းများသည် တိုင်း‌ဒေသကြီးများထက် ပြည်နယ်များတွင် သာ ပိုမိုဖြစ်ပွား‌နေသည့်အတွက် ၎င်းတို့၏ခံစားချက်များကို ပိတ်ပင်ခံရမည့် အ‌ရေးအတွက်လည်း စိုးရိမ်မိ‌ကြောင်း ကိုခိုင်မြတ်‌ကျော်က ဆက်လက် ‌ပြောဆိုသည်။

အဆိုပါဥပ‌ဒေကို မြန်မာနိုင်ငံစာနယ်ဇင်း‌ကောင်စီ(ယာယီ)မှ ကန့်ကွက်ခြင်းများနှင့် ‌ဆွေး‌နွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ပြီး အခြား ‌သော စာနယ်ဇင်းအဖွဲ့အစည်းများက ဝိုင်းဝန်းကန့်ကွက်သည့်ကြားက ပြည်သူ့လွှတ်‌တော်တွင် ယခုလို အတည်ပြုလိုက်ခြင်း ဖြစ် သည်။

သတင်းသမားများ၏ ဆန္ဒသ‌ဘောထားနှင့် လိုက်‌လျောညီ‌ထွေရှိသည့် သတင်းမီဒီယာ ဥပ‌ဒေမူကြမ်းကို စာနယ်ဇင်း‌ကောင်စီ( ယာယီ)မှ အကြံပြုတင်ပြခဲ့ပြီးဖြစ်‌သော်လည်း လက်မခံနိုင်သည့် အချက် ၁၇ချက်ပါရှိသည်ဟုဆိုကာ ပြန်ကြား‌ရေးဝန်ကြီးဌာနက ပယ်ချခဲ့သည်။

မြန်မာ့နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲပြီး ပွင့်လင်းမှုအနည်းငယ်ရှိလာသည်နှင့်အမျှ အချို့‌သော ပြည်ပတွင် အ‌ခြေစိုက်သည့် တိုင်းရင်း သားမီဒီယာမှာ ပြည်တွင်းတွင် ပြန်လည် အ‌ခြေချ လုပ်ကိုင်ခြင်းများရှိလာပြီး အချို့မှာ အ‌ခြေချနိုင်ရန် စီစဉ်‌နေမှုများရှိသည့်အ တွက် အခက်အခဲများရှိလာနိုင်‌ကြောင်း ကိုခိုင်မြတ်‌ကျော်က ဆက်‌ပြောသည်။

သူက “တကယ်လို့ ဒီဥပ‌ဒေသာအတည်ဖြစ်သွားရင် တိုင်းရင်းမီဒီယာ‌တွေကို ‌ဒေသဆိုင်ရာ အာဏာပိုင်‌တွေက တနည်းနည်းနဲ့ ထိန်းချုပ်ခွင့်‌ပေးသလို ဖြစ်သွားနိုင်တယ်။ ပြီး‌တော့ တိုင်းရင်းသား‌တွေအ‌နေနဲ့ ကိုယ့်စာ‌ပေ၊ ယဉ်‌ကျေးမှု‌တွေကို ‌ဖော်ထုတ်ထိန်း သိမ်းရာမှာ ကန့်သတ်မှု‌တွေ ရှိလာနိုင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ပြည်သူ့လွှတ်‌တော်တွင် အတည်ပြုပြီးဖြစ်‌သော ပုံနှိပ်ခြင်းနှင့် ထုတ်‌ဝေခြင်း လုပ်ငန်းဥပ‌ဒေကြမ်းကို ကျန်ရှိ‌နေ‌သေးသည့် အမျိုးသားလွှတ်‌တော်၊ ပြည်‌ထောင်စုလွှတ်‌တော်သို့ ထပ်ဆင့်တင်ပြပြီး သမ္မတအထိ အဆင့်ဆင့် အတည်ပြုလက်ခံပြီးမှသာ တရားဝင်ဥပ‌ဒေအဖြစ် အတည်ပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

ယင်းသို့သာ ဆက်လက်အတည်ပြုမည်ဆိုပါက အဖွဲ့ဝင် ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းထား‌သော BNI အ‌နေဖြင့် တိုင်းရင်းသားမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့်လက်တွဲပြီး ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ၎င်းက ‌ပြော သည်။