Home သတင်း အရပ်သားတစ်ဦးအား ညှင်းပမ်းခဲ့သူ ဒုတပ်ရင်းမှူး ကို အ‌ရေးယူ‌ပေးရန် ကျူးလွန်ခံရသူက လိုလား

အရပ်သားတစ်ဦးအား ညှင်းပမ်းခဲ့သူ ဒုတပ်ရင်းမှူး ကို အ‌ရေးယူ‌ပေးရန် ကျူးလွန်ခံရသူက လိုလား

1775
ဇူလိုင်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

Saw Myint Htoo photoကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထီးသာ‌ဆော‌ကျေးရွာရှိ အစိုးရစစ်တပ် ‌ရှေ့တန်းစခန်းမှ ‌ခြေလျင်တပ် ရင်း ခလရ(၃၀) ဒုတပ်ရင်းမှူးဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့မှ အစိုးရဝန်ထမ်းတစ်ဦး၏ ခင်ပွန်းဖြစ်သူအား ညှင်းပမ်းနှိပ်စက်ခဲ့မှုနှင့် ပတ်သက်၍ အ‌ရေးယူ‌ပေးရန် နှိပ်စက်ခံရသူ၏ မိသားစုဘက်က လိုလားသည်။

ဖြစ်ပွားပုံမှာ ဇွန်လ ၂၆ရက်‌နေ့က ထီးသာ‌ဆော မူလတန်းလွန်‌ကျောင်းမှ အလယ်တန်းပြဆရာမ ‌နော်ကလိုမူးရှူးအား ခင်ပွန်း ဖြစ်သူ ‌စောမြင့်ထူးက ‌ကျောင်းသွားပို့ရာမှအပြန် ထီးသာ‌ဆောနှင့် ‌သော‌ကော်ထီ့‌ကျေးရွာသွား လမ်း‌ပေါ်တွင် ဆိုင်ကယ်‌မောင်း နှင်လာစဉ် ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့မှ ဆိုင်ကယ်ကို ရပ်တန့်‌စေကာ ‌စောမြင့်ထူးအား အ‌ကြောင်းမဲ့ ရင်ဘတ်ကို ‌ဆောင့်ကန်ထိုး ကြိတ်သည့်အပြင် ဝန်ထမ်းအိမ်ယာ‌ရှေ့တွင် ဆဲဆိုထိုးကြိတ်၍ ‌သေနတ်ဒင်ဖြင့် ထု‌ထောင်းနှိပ်စက်ခဲ့သဖြင့် သတိ‌မေ့ကာ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ်နှင့် ဦး‌ခေါင်းတို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကာယကံရှင်ကိုယ်တိုင်က ‌ပြောသည်။

‌စောမြင့်ထူးက “ကျ‌နော့်ကို ပထမတစ်ကြိမ်မှာ ရင်ဘတ်ကို တစ်ချက်ကန်တယ်၊ ထိုးတာ တစ်ချက်။ ဝန်ထမ်းအိမ်ယာမှာက စုစု ‌ပေါင်း ၁၃ချက်အထိ ထိုးတယ်။ ‌သေနတ်ဒင်က ၅ချက်‌လောက်ပါမယ်။ အခု စုစု‌ပေါင်း ၁ဝချက်ချုပ်ရတယ်။ အတွင်း‌ကော အပြင် ပါ။”ဟု ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ နှိပ်စက်ခံရသူ ကာယကံရှင်မိသားစုဝင်ဘက်မှ ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့ကို ထိ‌ရောက်စွာ အ‌ရေးယူ‌ပေး ရန် ဇွန်လ ၂၈ရက်‌နေ့ ရက်စွဲဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရထံသို့ တိုင်ကြားစာတစ်‌စောင်ကို ‌ပေးပို့ ထားခဲ့သည်။

လက်ရှိတွင် ‌သောက်‌ရေခပ်‌ဆေးရုံ၌ ‌ဆေးကုသမှု သွား‌ရောက်ခံယူ‌နေရဆဲဖြစ်သည့် ‌စောမြင့်ထူး၏ ‌ဆေးကုသစရိတ်အားလုံးကို ခလရ(၃၀) တပ်ရင်းမှူးမှ အကုန်ကျခံမည်ဟု ‌ပြောဆိုထား‌သော်လည်း ယခုအချိန်တွင် ကျပ်‌ငွေ ၅‌သောင်းသာ ရရှိ‌ကြောင်း သိရ သည်။

“‌ဆေးကုသစရိတ် ရတာက ၅‌သောင်း။ ‌သောက်‌ရေခပ်‌ဆေးရုံမှာ ‌ဆေးသွားကုတာ သွားလာ‌ရေး‌ကော၊ ‌ဆေးဖိုးဝါးခ‌ကော ‌လော ‌လောဆယ် ၈‌သောင်း‌လောက် ကုန်‌နေပြီ။ ဒဏ်ရာ‌တွေက မ‌ပျောက်‌သေး‌တော့ ထပ်သွားရအုံးမယ်။”ဟု ၎င်းက ‌ပြောသည်။

ယခုကိစ္စတွင် ကျူးလွန်သူ ခလရ(၃၀) ဒုတပ်ရင်းမှူး ဗိုလ်မှူးဆန်းထွန်းဘက်မှ လက်ရှိအချိန်ထိ ဝန်ချ‌တောင်းပန်မှု တစုံတရာလုပ် ‌ဆောင်ခြင်းမရှိ သည့်အပြင် နှိပ်စက်ခံ သူ ‌စောမြင့်ထူးအား ပြစ်မှုကျူးလွန်သူအ‌နေဖြင့် တန်ပြန်အ‌ရေးယူရန် စီစဉ်‌နေသည်ဟု ‌စောမြင့်ထူးက ‌ပြောသည်။

“အခုက ကျ‌နော့်ဘက်ကို အမှားအယွင်း‌တွေ ရှိ‌အောင် ပြန်စီစဉ်‌နေတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော့်ထွက်ဆိုချက်က ဟို ဘက်ထွက်ဆိုချက်နဲ့ တလွဲဖြစ်‌နေတယ် လို့ ‌ပြောတယ်။ ကျ‌နော့်ကို တစ်ချက်ပဲထိုးတယ်။ လဲသွားတဲ့အချိန်မှာ ‌ကျောက်ခဲနဲ့ ‌ဆောင့်တယ်လို့ ဘ‌လေး(ဒုရင်းမှူး)ဆန်းထွန်းက ထွက်ဆိုထားတယ်။ တချက်ထဲဆို ကျ‌နော်သတိမလစ်ဘူး‌လေ။”ဟု ၎င်းက ‌ပြောသည်။

ခလရ(၃၀) ဒုတပ်ရင်းမှူး ဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့သည် ‌သောက်‌ရေခပ်အ‌ခြေစိုက် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက် ‌အောက်ခံ နည်းဗျူဟာ (၂)မှူး ဗိုလ်မှူးကြီးရဲထွန်း ဦးစီးသည့် ထီးသာ‌ဆောစခန်းမှဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုး ရထံ တိုင်ကြားမှုမှာ ယ‌နေ့အချိန်ထိ မည်သည့်တုန့်ပြန်မှု တစုံတရာကိုမျှ မရရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။