Home သတင်း ငြိ်မ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား သထုံခရိုင်ရဲစခန်းမှ စွပ်စွဲဖမ်းဆီးနှိပ်စက်ခဲ့

ငြိ်မ်းချမ်း‌ရေး‌ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား သထုံခရိုင်ရဲစခန်းမှ စွပ်စွဲဖမ်းဆီးနှိပ်စက်ခဲ့

1900
ဇူလိုင်လ ၁၅ရက်၊၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

pc member_thumbမွန်ပြည်နယ်၊ ‌ရေးမြို-ရန်ကုန် ရာဇာမင်း ခရီးသွားယာဉ်ကား ဓါးပြတိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲပြီး ‌ကေအဲန်ယူ/‌ကေအဲန် အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ နယ်‌မြေလုံခြုံ‌ရေးတာဝန်ခံတစ်ဦးကို သထုံခရိုင်ရဲစခန်းတွင် ရဲများက ဖမ်းဆီးထားကာ ညှင်း ပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။

ဇွန်လ ၂၄ရက်‌နေ့က ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ထို့‌ကော်ကိုး‌ဒေသ အ‌ခြေစိုက် ၎င်းငြိမ်းချမ်း‌ရေး‌ကောင်စီ၏ စစ်‌ရေး ချုပ်/စစ်‌ထောက်ချုပ်(ခွဲ-၄) နယ်‌မြေလုံခြုံ‌ရေးတာဝန်ခံ ‌စောဖာ‌ထော့ (‌ခေါ်) ‌စောစိုးဝင်းဆိုသူကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌ကော့ရင်း‌ကျေးရွာအုပ်စု၊ ‌ရွှေဥ‌ဒေါင်းရွာတွင် ဖမ်းဝရမ်း မပါဘဲ သထုံခရိုင်ရဲစခန်းသို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး ‌မေးမြန်းနှိပ်စက်မှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင်လ ၅ရက်‌နေ့က ပြန်လည်လွတ်‌မြောက်လာသူ ကာယကံရှင် ‌စောစိုးဝင်းက ‌ပြောသည်။

၎င်းက “ဇွန် ၂၄ရက်‌နေ့က ရဲ‌တွေ ကျ‌နော့်ကို လာဖမ်းတယ်။ ရဲစခန်း‌ရောက်‌တော့ ရာဇာမင်း ကားဓါးပြတိုက်မှုမှာ ကျ‌နော်ပါတယ် ဆိုပြီး ရဲ‌တွေက ရိုက်နက်‌မေးမြန်း‌တော့တာပဲ။ နား‌တွေ၊ ‌ခြေ‌ထောက်‌တွေနဲ့ ရင်ဘက်ကို ရိုက်တယ်။ ထမင်း မ‌ကျွေးဘူး။ ‌ပေး လည်း မအိပ်ဘူး။ တကယ်‌တော့ ဒီကိစ္စ‌တွေ ကျ‌နော်ဘာမှ မသိလိုက်ဘူး။ ၁၁ရက်ကြာမှ မပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် ‌ရေးမြို့မှ ရန်ကုန်မြို့သို့ ‌ပြေးဆွဲ‌နေသည့် ရာဇာမင်းအထူးယာဉ်လိုင်းကားအား ရင်းညိမ်နှင့် သထုံအကြားရှိ သရက် ‌တောအနီးတွင် ဇွန်လ ၈ရက်‌နေ့ည ၉-နာရီခန့်က ဓါးပြတိုက်ခဲ့ရကာ ယာဉ်‌မောင်းသူမှာ ပစ်သတ်ခံခဲ့ရပြီး ယာဉ်‌နောက်လိုက်သူ မှာ ဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ်အ‌ပေါ် ၎င်းပါဝင်‌ကြောင်း ရဲများက စွပ်စွဲခဲ့ခြင်း ဖြစ်သည်ဟု ‌စောစိုးဝင်းက ဆက်‌ပြောသည်။

‌ကော့ရင်း‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စော‌ဖေရှားက သထုံခရိုင်ရဲစခန်းတွင် ‌စောစိုးဝင်း ချုပ်‌နှောင်ခံထားရစဉ်အချိန်အတွင်း သွား‌ရောက်‌တွေ့ဆုံရန် ကြိုးစားခဲ့‌သော်လည်း ရဲများက ‌တွေ့ဆုံခွင့်မ‌ပေးခဲ့‌ကြောင်း ၎င်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သူ့(‌စောစိုးဝင်း)ကို လာဖမ်းတုန်းက ရဲ‌တွေက ကျ‌နော့်ကို အ‌ကြောင်းပဲကြားတယ်။ ဖမ်းတဲ့အခါကျ‌တော့လည်း ကျ‌နော်‌တောင် မပါဘူး။ သူ့ကို လိုက်‌တွေ့ဖို့လည်း ရဲ‌တွေက ‌ပေးမ‌တွေ့ဘူး‌လေ။”ဟု ‌စော‌ဖေရှားက ‌ပြောဆိုသည်။

‌စောစိုးဝင်း ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ သထုံမြို့နယ်ရဲစခန်းအား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ဖုန်းကိုင် သူတစ်ဦးက ထိုကိစ္စကို ခရိုင်က လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး သထုံခရိုင်ရဲစခန်းအား ဆက်သွယ်‌မေးမြန်းသည့်အခါ ၎င်းတို့ ခရိုင်ရဲ စခန်းက ဖမ်းဆီးစစ်‌ဆေးမှုများ မလုပ်‌ဆောင်ခဲ့ရ‌ကြောင်း ရုံးတာဝန်ရှိသူတစ်ဦးက ပြန်လည်‌ဖြေကြားခဲ့သည်။
pc member injury by Thaton police photo
‌စောစိုးဝင်း ဖမ်းဆီးခံရသည့်အ‌ပေါ် ‌ကေအဲန်ယူ/‌ကေအဲန်အဲယ်‌အေငြိမ်းချမ်း‌ရေး‌ကောင်စီ ဗဟိုဌာနချုပ်က ကရင်ပြည်နယ်၏ ပြည်နယ်ဥပ‌ဒေချုပ် ဦးသိန်းလွင်နှင့် မိတ္တူကို မွန်ပြည်နယ် ပြည်နယ်ဥပ‌ဒေချုပ်၊ မွန်ပြည်နယ် ရဲမင်းကြီး၊ ကရင်ပြည်နယ် ရဲမင်းကြီးတို့ထံသို့ တင်ပြထား‌သော်လည်း ယခုအချိန်ထိ အ‌ရေးယူ ‌ဖြေရှင်း‌ပေးမှု တစုံတရာ မရှိ‌သေး‌ကြောင်း သိရသည်။