Home သတင်း အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် မူတည်၍ ‌မြေမြှုပ်မိုင်းများရှင်း သွားမည်ဟု ‌ကေအဲန်ယူ‌ပြော

အပစ်အခတ်ရပ်စဲ‌ရေးအ‌ပေါ် မူတည်၍ ‌မြေမြှုပ်မိုင်းများရှင်း သွားမည်ဟု ‌ကေအဲန်ယူ‌ပြော

1626
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း (‌ကေအိုင်စီ)

Burma-army-landmine1မြန်မာအစိုးရနှင့် ယုံကြည်မှု တည်‌ဆောက်‌နေ‌သော အပစ်အခတ်ရပ်စဲ‌ရေး အ‌ခြေအ‌နေအ‌ပေါ် မူတည်၍ ကရင်အမျိုးသား အစည်းအရုံး(‌ကေအန်ယူ) ထိန်းချုပ်နယ်‌မြေအတွင်းရှိ ‌မြေမြှုပ်မိုင်းများကို ရှင်းလင်းသွားမည်ဟု ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ယ‌နေ့ ‌ပြောကြားလိုက်သည်။

“အပစ်အခတ်ရပ်စဲ‌ရေး မခိုင်‌သေးတဲ့အ‌ပေါ် ကျ‌နော်တို့ ထိန်းချုပ်နယ်‌မြေအတွင်းမှာ မိုင်းရှင်းလင်း‌ရေးကိစ္စကို လုပ်‌ဆောင်သွားဖို့ အစီအစဉ် မရှိ‌သေးဘူး။ တခြားကရင်လက်နက်ကိုင်အဖွဲ့က‌တော့ မသိဘူး‌ပေါ့‌နော်။”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံ‌တောင်မြို့နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ‌ရွှေကျင်မြို့နယ်၊ ‌ကျောက်ကြီးမြို့နယ်၊ တနသင်္ာရီတိုင်းရှိ မြိတ်နှင့် ထားဝယ်ခရိုင်တို့တွင် ‌မြေမြှုပ်မိုင်းများရှိ‌နေ‌သေး‌ကြောင်း ‌ကေအဲန်ယူက ဆက်လက်‌ပြောဆိုသည်။

ထို့အပြင် ‌ကေအဲန်ယူအ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေးကာလတွင် ‌မြေမြှုပ်မိုင်း ရှင်းလင်း‌ရေးထက် အန္တရာယ် ကာကွယ်‌ရေး အစီ အစဉ်ကိုသာ အဓိက ‌ဆောင်ရွက်ပြီး ‌မြေမြှုပ်မိုင်း အန္တရာယ် ပညာ‌ပေး အစီအစဉ်များ၊ မိုင်းတည်ရှိသည့်‌နေရာများတွင် အချက်အ လက် ‌ကောက်ယူမှုများ စသည်တို့ကိုသာ အထိုက်အ‌လျောက် စတင် ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု ပဒို‌စောကွယ်ထူးဝင်းက ထပ်‌ပြောသည်။

ယခုလ(ဇူလိုင်) ၁၃ရက်‌နေ့က ‌ကေအဲန်ယူ အပါအဝင် ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မ‌တော် (DKBA)၊ နယ်ခြား‌စောင့်တပ်၊ ဘုရားကုန်းငြိမ်းချမ်း‌ရေးတပ်ဖွဲ့ စသည့် ကရင်လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့တို့က DKBA ကလိုထူး‌ဘော စစ်ဌာချုပ်တွင် ‌တွေ့ဆုံကာ ကရင်ပြည်နယ်အတွင်းရှိ ‌မြေမြုပ်မိုင်းများကို ဇူလိုင်လအတွင်း၌ စတင်ရှင်းလင်းရန် သ‌ဘောတူခဲ့ကြ သည်ဟု မဇ္ဈိမဝက်ဘ်ဆိုက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

သို့‌သော် ၎င်း‌ဖော်ပြထားချက်နှင့်ပတ်သက်၍ DKBA မှ ဗိုလ်မှူးထွန်းထွန်းက “ကျ‌နော်အဖွဲ့က မိုင်းရှင်းလင်း‌ရေး သီးခြား အစီအ စဉ်‌တော့ မရှိပါဘူး။ ပြည်သူ‌တွေကို အန္တရာယ် ဖြစ်‌လောက်တဲ့‌နေရာမျိုးမှာ တစ်လုံးစ နှစ်လုံးစ လိုက်ပြီး ရှင်း‌ပေးတာ‌တော့ ရှိပါ တယ်”ဟု ဆိုသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ အသုံးပြု‌နေကြ‌သော ‌မြေမြုှပ်မိုင်းများသည် အများအားဖြင့် ဓါတ်ခဲအားကို အသုံးပြု‌သော လက် လုပ်‌မြေမြှုပ်မိုင်း အမျိုးအစားများ ဖြစ်ပြီး သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်ခြင်းမရှိဘဲ ပျက်စီးသွား‌ကြောင်း ဗိုလ်မှူးထွန်းထွန်းက ဆိုသည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်း၌ ကရင်လက်နက်ကိုင်တပ်ဖွဲ့များအပြင် မြန်မာအစိုးရတပ်များလည်း ‌မြေမြှုပ်မိုင်း‌ထောင် ထားမှုများရှိ‌ကြောင်း သိရသည်။