Home သတင်း KNU နှင့် Geneva Call က‌လေးစစ်သားနှင့် အမျိုး သမီးများ ကာကွယ်မှုဆို်င်ရာ ဝန်ခံမှုစာချုပ်မည်

KNU နှင့် Geneva Call က‌လေးစစ်သားနှင့် အမျိုး သမီးများ ကာကွယ်မှုဆို်င်ရာ ဝန်ခံမှုစာချုပ်မည်

1364
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC02581ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဆွစ်ဇလန်နိုင်ငံ အ‌ခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထား‌သော Geneva Call အဖွဲ့ချုပ် တို့သည် က‌လေးစစ်သားနှင့် အမျိုးသမီး၊ က‌လေးကာကွယ်‌ရေးဆိုင်ရာ ဝန်ခံမှု သန္ဓိဌာန် ပြု စာချွန်လွှာနှစ်ခုကို လာမည့် ဇူလိုင် လ ၂၁ရက်‌နေ့တွင် ဖားအံမြို့၌ လက်မှတ် ‌ရေးထိုး စာချုပ်သွားမည် ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်း သန္ဓိဌာန်ပြု ဝန်ခံမှုစာချွန်လွှာနှစ်ခုမှာ လက်နက်ကိုင်ပဋိပက္ခများ‌ကြောင့် သက်‌ရောက်မှုများ ခံစားရ‌သော က‌လေးသူငယ် များအား ကာကွယ်‌ရေးဆိုင်ရာနှင့် ပဋိပက္ခအ‌ခြေအ‌နေတွင် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ပိတ်ပင်တားမြစ်ခြင်းနှင့် လိင်ကွဲ ပြားမှုအ‌ပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုများ အဆုံးသတ်‌ရေးဆိုင်ရာ သန္ဓိဌာန်ပြု ဝန်ခံမှု စာချွန်လွှာများဖြစ်‌ကြောင်း ‌ကေအဲန်ယူ နိုင်ငံ ခြား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက ‌ပြောသည်။

ပဒို‌စော‌အောင်ဝင်း‌ရွှေက “ကျ‌နော်တို့(‌ကေအဲန်ယူ)အ‌နေနဲ့ က‌လေးစစ်သား အသုံးမပြု‌တော့တဲ့ အ‌ကြောင်းရယ်၊ ‌နောက်ပြီး အမျိုးသမီးနဲ့ က‌လေးငယ်‌တွေကို ကျ‌နော်တို့ အကာအကွယ်‌ပေးသွားမယ် ဆိုတဲ့အ‌ကြောင်းကို လက်မှတ်သွားထိုးဖို့ ဖြစ်တယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းလက်မှတ်‌ရေးထိုးစာချုပ်ရန် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ‌ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး‌ဂျော်နီနှင့် ‌ကေအဲန်ယူ နိုင်ငံခြား‌ရေးဝန်ကြီး ပဒို‌စော‌အောင်ဝင်း‌ရွှေတို့ ဦး‌ဆောင်‌သော ‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂ဝရက်‌နေ့မနက်တွင် မြဝတီမြို့မှ စတင်ထွက်ခွာမည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

‌ကေအဲန်ယူ၏ စစ်တပ် ‌ကေအဲန်အယ်လ်‌အေအတွင်း က‌လေးစစ်သားအသုံးပြုမှု ပ‌ပျောက်‌ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်အ နည်းငယ်က ယခင် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ ကြိုးပမ်းအားထုတ်မှုရှိခဲ့ရာ ၎င်းကို အ‌ကောင်အထည်‌ဖော်သည့်အ‌နေဖြင့် ယခု ကဲ့သို့ သွား‌ရောက်၍ လက်မှတ်‌ရေးထိုးခြင်းဖြစ်သည်ဟု ပဒို‌စော‌အောင်ဝင်း‌ရွှေက ဖြည့်စွက်‌ပြောဆိုသည်။

‌ကေအဲန်ယူ၏ ‌ပေါ်လစီထဲတွင် က‌လေးစစ်သားအသုံးပြုမှု မရှိ‌ကြောင်း ၂၀၀၃ခုနှစ်က ထုတ်ပြန်‌ကြေညာထား‌သော်လည်း အချို့ ပြည်ပနိုင်ငံများ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်းများနှင့် မီဒီယာအချို့က ‌ကေအဲန်ယူ အဖွဲ့အစည်းတွင် က‌လေးစစ်သား အသုံးပြု ‌နေဆဲဖြစ်‌ကြောင်း ထုတ်‌ဖော်‌ရေးသားခဲ့မှုများ ရှိခဲ့သည်။ သို့‌သော် ယခုကဲ့သို့ လက်မှတ်လိုက်ခြင်းအားဖြင့် ‌ကေအဲန်ယူမှ အမျိုး သမီးနှင့် က‌လေးများကို အပြည့်အဝ အကာအကွယ်‌ပေး‌နေ‌ကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံသွားနိုင်မည်ဟု ပဒို‌စော‌အောင်ဝင်း‌ရွှေက ‌ပြောသည်။

ဖားအံမြို့တွင် ပြုလုပ်မည့် အဆိုပါ လက်မှတ်ထိုးပွဲသို့ ပဒို‌စောကွယ်ထူးဝင်းဦး‌ဆောင်သည့် ‌ကေအဲန်ယူအဖွဲ့၊ Geneva Call အဖွဲ့မှ အကြီးအကဲများဖြစ်ကြ‌သော (Rascal Bongard, Jonathan Somer, Reno Meyer and Christopher Rush) တက်‌ရောက်ကြ မည်ဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ ဒုဥက္ကဌ ဦး ‌အောင်မင်းနှင့် အစိုးရတာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားသည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

၎င်းသန္ဓိဌာန်ပြု ဝန်ခံမှု စာချွန်လွှာများကို Geneva Call အဖွဲ့အစည်း၏ တာဝန်ရှိသူ အကြီးအကဲများနှင့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌ဂျော်နီတို့က ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ လက်မှတ်‌ရေးထိုးသွားကြမည်ဖြစ်ပြီး အခြား‌သော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူထုအ‌ခြေပြု အဖွဲ့အစည်းများကို လည်း တက်‌ရောက်နိုင်ရန် ဖိတ်ကြားသွားမည်ဟု သိရသည်။