Print This Post Print This Post
Home » သတင်း

ထိုင်းနယ်စပ်ရှိ ယာယီဒုက္ခသည်များကို နေရပ်ပြန်ထားမည်

Submitted by Karen Information Center on Tuesday, 26 January 2010No Comment
ထိုင်းနယ်စပ်ရှိ ယာယီဒုက္ခသည်များကို နေရပ်ပြန်ထားမည်
ဇန်န၀ါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ပြီးခဲ့သောနှစ်က ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို မြန်မာပြည်ဘက် ခြမ်းသို့ ပြန်ထားမည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ အပါအ၀င် UNHCR, TBBC, ကေအဲန်ယူ ဖားအံခရိုင်တာဝန်ရှိသူများနှင့် ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၇) တာဝန်ရှိသူများက ယနေ့တွင် ထိုင်းနိုင်ငံဘက် ခြမ်းရှိ နိုဘိုးကျေးရွာမှာ ၂နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးကာ အပြန်အလှန် ညှိနှိုင်းခဲ့ကြပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နိုဘိုး ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

သူက “နိုဘိုး၊ အူးသူးထာ့မှာရှိတဲ့ ဒုက္ခသည်တွေကို မြန်မာပြည်ဘက်ခြမ်းမှာ အကုန်ပြန်နေရမယ်လို့ သူတို့(ထိုင်းအာဏာ ပိုင်)က ပြောတယ်။ နေ့ရက်၊ နေရာအတိအကျတော့ မသတ်မှတ်သေးဘူး။ ထိုင်းအာဏာပိုင်တွေ ပြောတာကတော့ စားနပ် ရိက္ခာအတွက် စီစဉ်ပေးမယ်။ ဒုက္ခသည်တွေနဲ့ သင့်တော်မယ့်နေရာကိုလည်း ဒီကေဘီအေဘက်မှာသွားပြီး ရှာပေးမယ်။ သွား ကြည့်ပြီးမှပဲ ဘယ်ရက် ဘယ်နေ့ ပြန်ရမယ်ဆိုတာကို ဆုံးဖြတ်မယ်”ဟု ပြောသည်။

ဒုက္ခသည်များအနေဖြင့် မြန်မာပြည်ဘက်ခြမ်းတွင် ပြန်နေရမည်ဆိုပါက ၎င်းတို့အတွက် လုံခြုံမှု မရှိသောကြောင့် ကြောက်ရွံ့ ထိတ်လန့်နေကြသည်ဟု သိရသည်။

နိုဘိုးဒုက္ခသည်စခန်းတွင် နေထိုင်သူ ဒုက္ခသည်တဦးက “ကျနော် ပြန်ရမှာတော်တော်ကြောက်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အဲဒီမှာ ပြန်နေရလို့ရှိရင် ကိုယ်နေမယ့် မြေကွက်တကွက်စာပဲ နေလို့ရမယ်။ ဘယ်နေရာကိုမှ သွားလာလို့ ရဲမှာ မ ဟုတ်ဘူး။ နောက်တခုက အတိုင်းအတာတခုနဲ့ ရိက္ခာထောက်ပံ့မှု ရတယ်ထားအုံး။ ရှေ့ဆက် ဘယ်လိုလုပ်စားကိုင်စားရမလဲ။ လုံခြုံရေးအတွက်ကော ဘယ်သူလာယူပေးမှာလဲ” ဟု ပြောသည်။

နိုဘိုးစခန်းရှိ ဒုက္ခသည်မိသားစုတစု(ပုံ-ကေအိုင်စီ)

နိုဘိုးစခန်းရှိ ဒုက္ခသည်မိသားစုတစု(ပုံ-ကေအိုင်စီ)

အလားတူ အူးသူးထာ့ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးကလည်း “ကျနော်လည်း မပြန်ရဲဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကေ ဘီအေကော၊ ကေအဲန်ယူကော ဗုံးထောင်တာ နေရာတကာပဲ။ ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းကပဲ ကိုယ်ဝန်ဆောင်တဲ့ အမျိုး သမီးတယောက် ဗုံးတက်နင်းမိသေးတယ်။ နေ့တိုင်းလိုလို ဗုံးပေါက်ကွဲသံကြားနေရတယ်။ ဒါကြောင့် ပြန်လို့မရဲဘူး”ဟု ပြော သည်။

အဆိုပါ ယာယီဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းရှိ ရွာသူရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဇွန်လဆန်းပိုင်းတုန်းက နအဖနှင့် ဒီကေဘီအေ ပူးပေါင်းထိုးစစ်ဆင်မှုကြောင့် လူဦးရေ ၄,၀၀၀ကျော် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်သို့ ထွက်ပြေးခိုလှုံခဲ့ရသူများဖြစ်သည်။

၎င်းတို့အား ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း(TBBC)က အခြေခံအစားအစာများကို ထောက် ပံ့ပေးပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများအပြင် တခြားလိုအပ်သည်များကို ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေး အဖွဲ့ (KDHW)နှင့် ADRA, COERR, ICR, SOLIDILTY စသည့် အဲန်ဂျီအို ကူညီစောင့်ရှောက်လျှက်ရှိသည်။

Related articles:

Leave your response!

You must be logged in to post a comment.