Home သတင်း မူလပိုင်‌မြေများ ပြန်လည်ရရှိရန် ပြင်ဆင်‌နေစဉ် အတွင်း အစိုးရစစ်တပ်မှ ဆိုင်းဘုတ်လာ ‌ရောက်စိုက်ထူ

မူလပိုင်‌မြေများ ပြန်လည်ရရှိရန် ပြင်ဆင်‌နေစဉ် အတွင်း အစိုးရစစ်တပ်မှ ဆိုင်းဘုတ်လာ ‌ရောက်စိုက်ထူ

1644
ဇူလိုင်လ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

‌တောင်ငူခရိုင် ထန်းတစ်ပင် မြို့နယ်အတွင်းရှိ ဘိုးဘွားပိုင် လယ်‌မြေများအားမူလပိုင်ရှင်များမှ ပြန်လည်၍ ပိုင် ဆိုင်ခွင့်ရရန် ပြင်ဆင်‌နေစဉ်အတွင်း စစ်တပ်ပိုင်‌မြေဖြစ်‌ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂ဝ ရက်‌နေ့က အစိုးရစစ်တပ် မှ လာ‌ရောက် ဆိုင်းဘုတ်စိုက်ထူခဲ့မှုများရှိသည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

‌တောင်ပိုင်းတိုင်စစ်ဌာနချုပ်လက်‌အောက်ရှိ ‌ခြေလျင်တပ်ရင်း(ခလရ-၃၉)မှ ‌အောင်‌မြေရွာနှင့် ပြင်ခန်းရွာတို့ရှိ လယ်သမား‌စော‌မော်ကဲနှင့် ‌စောထာ‌တော့‌ထော်တို့ ပိုင်ဆိုင်‌သော လယ်‌မြေဧက ၃ဝ ၏ ပတ်လည်တွင် တပ်ပိုင် ‌မြေဟု စာတမ်းပါ‌သော ဆိုင်းဘုတ်များ လာ‌ရောက်စိုက်ထူထားခြင်းဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

လယ်သမားများအားကူညီ‌ဆောင်ရွက်‌ပေး‌နေသူတစ်ဦးက “လွတ်‌တော်မှာလည်း တပ်သိမ်း‌မြေ‌တွေကို မူလပိုင် ရှင်‌တွေ ပြန်‌ပေးဖို့ လုပ်‌နေတယ်လို့ ကြားတယ်။ အချို့နယ်‌တွေမှာလည်း တပ်သိမ်း‌မြေ‌တွေကို ပြန်‌ပေးဖို့ တပ်မ ‌တော်တာဝန်ရှိသူ‌တွေက ကွင်းဆင်း‌နေတာကို သတင်း‌တွေထဲမှာ ကြည့်ရတယ်။ ‌နေရာလိုက်ပြီး ဥပ‌ဒေက အမျိုးမျိုးဖြစ်‌နေတာကို သိ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရစစ်တပ်မှ လာ‌ရောက်ဆိုင်ဘုတ်‌ထောင်‌သော ထိုလယ်‌မြေများသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူ များက ယခုနှစ် မတ်လ၌ KNU ဂရမ်‌ပေါက်ရန်အတွက် ‌မြေတိုင်းခြင်းများကို လာ‌ရောက်လုပ်‌ဆောင် ခဲ့သည့် ‌မြေများဖြစ်‌ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ကရင်ပြည်နယ် ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ကျင်းပခဲ့‌သော ကရင့်‌ရေးရာအစည်း အ‌ဝေးတွင် KNU ဗဟို ‌ကော်မတီဝင် ‌စောသမိန်ထွန်းမှ KNU ဂရမ်ရှိ‌သောသူများအား အစိုးရဘက်မှ အသိ အမှတ်ပြု‌ပေးမည်ဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ထို့အပြင် ယခု ဆိုင်းဘုတ်လာ‌ထောင်‌သော ၎င်းလယ်ဧက မူလပိုင်ရှင်များ၏ လယ်‌မြေများမှာ တ‌ပြေးရွာနှင့် ပြင်ခန်းရွာ ကြားတွင်တည်ရှိပြီး (ခလရ-၃၉)မှ ဗိုလ်ကြီးမျိုးဇင်ထွန်းက ကန်ကြီးရွာသားများအတွက် သီးစားခ လက်မှတ်ထုတ်‌ပေးကာ မိုးစပါး စိုက်ပျိုး‌နေကြရခြင်း ဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယခုတပ်ပိုင်‌မြေဟု လာ‌ရောက်ဆိုင်းပုဒ်စိုက်ထူထား‌သော လယ်ယာ‌မြေများ၏ မူလပိုင်ရှင်များမှာ ၁၉၆၂ ခုနှစ် မှစ၍ ဘိုးဘွားစဉ်ဆက် လယ်ယာစိုက်ပျိုုးလာခဲ့ခြင်းဖြစ်ပြီး အစိုးရစစ်တပ်မှ ၁၉၈၇ ခုနှစ်တွင် လာ‌ရောက်သိမ်း ဆည်းခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။