Home သတင်း နိုင်ငံ‌ရေးမူ တစ်ခုတည်း‌အောက်၌ အမျိုးသား‌ရေး‌ဆောင်ရွက် သွားရန် ကရင်လက်နက်ကိုင် အဖွဲ့များ သ‌ဘောတူ

နိုင်ငံ‌ရေးမူ တစ်ခုတည်း‌အောက်၌ အမျိုးသား‌ရေး‌ဆောင်ရွက် သွားရန် ကရင်လက်နက်ကိုင် အဖွဲ့များ သ‌ဘောတူ

1456
ဇူလိုင်လ ၂၄ ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း

နိုင်ငံ‌ရေးမူ တစ်ခုတည်း‌အောက်၌ အမျိုးသား‌ရေးကို ‌ဆောင်ရွက်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော် (DKBA)နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ လက်နက်ကိုင် ၃ ဖွဲ့တို့က သ‌ဘောတူခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့၌ ယမန်‌နေ့ ဇူလိုင်လ ၂၃ရက်‌နေ့က ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော် မတီမှ ကြီးမှူးကျင်းပသည့် အစည်းအ‌ဝေးတစ်ရပ်တွင် ကရင်လက်နက်အဖွဲ့များအ‌နေဖြင့် တစ်ခုတည်း‌သော နိုင်ငံ‌ရေးမူချမှတ်နိုင်‌ရေး ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ယင်းကဲ့သို့ သ‌ဘောတူခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သည့် KNU ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောတာဒိုမူးက “ဒီလက်ရှိ ငြိမ်းချမ်း ‌ရေး အဆက်အနွယ်အတွင်းမှာ ကျ‌နော်တို့ ကရင်လက်နက်ကိုင်အဖွဲ့‌တွေ ဘယ်လို‌ကျော်ဖြတ်သွားကြမှာလဲ ‌ဆွေး‌နွေးဖြစ်ကြတယ်။ ကရင်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး နိုင်ငံ‌ရေးမူ‌အောက်မှာ အတူတိုက်ပွဲဝင်ကြမယ်ဆိုတာ တစ်ခုတည်း‌သော အမြင်ကို ရရှိခဲ့တယ်”ဟု ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသည် KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့၊ DKBA မှ ဗိုလ်မှူးချုပ် ‌စော‌ကျော်သက် ဦး‌ဆောင်‌သော အဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ်မှူးချုပ် ‌စောရင်နု ‌ခေါင်း ‌ဆောင်‌သောအဖွဲ့တို့ တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ထိုသို့ လမ်းစဉ်မူ‌အောက်၌ ဆက်လက်အ‌ကောင်အထည် ‌ဖော်‌ဆောင်သွားရမည့် အ‌သေးစိပ်အချက်အလက် များကို ကရင်လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ မှ ‌ဆွေး‌နွေးပွဲများ ကျင်းပသွားရန် ရှိသည်ဟု ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး ‌ကော်မတီကို ပြီးခဲ့သည့် ‌မေလ ၂၈ ရက်က KNU၊ DKBA ၊ KNU/KNLA ငြိမ်းချမ်း‌ရေး ‌ကောင်စီ၊ ‌ဟောင်သ‌ရော အထူး‌ဒေသ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့၊ ဘုရားကုန်‌ခေါ် ပဒို‌အောင်ဆန်းအဖွဲ့နှင့် ကရင်နယ်ခြား‌စောင့်တပ် BGF စသည့် အဖွဲ့ ၆ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။