Home သတင်း ၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အတွင်း ‌ဒေါ်စုဝင်လာပါက KNU လက်ခံဖွယ်မရှိ

၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အတွင်း ‌ဒေါ်စုဝင်လာပါက KNU လက်ခံဖွယ်မရှိ

1799
ဇူလိုင်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း

Aung San Suu Kyi at Westminster Hall
လက်ရှိ ပြည်သူ့လွှတ်‌တော် တရားဥပ‌ဒေ စိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်စုကြည်သည် တည်ဆဲဥပ‌ဒေဖြစ်‌သော ၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ကာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်အတွင်း ဝင်လာပါက ကရင်အမျိုးသားအစည်းအရုံး(KNU)အ‌နေဖြင့် လက်ခံနိုင်ဖွယ်မရှိ‌ကြောင်း KNU ၏ ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သူ ဗဒိုမန်းငြိမ်း‌မောင်က ယ‌နေ့ ‌ပြောကြားလိုက်သည်။

“နဂိုကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်တဲ့ ကျ‌နော်တို့ KNU အဖွဲ့ဟာ အဲဒီ ဖွဲ့စည်းပုံကို ‌ဒေါ်စုကိုင်လာပြီး လက်ရှိ လက်နက်ကိုင် တိုင်းရင်းသား‌တွေနဲ့ အစိုးရငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်းစဉ်ထဲမှာ ဝင်လာမယ် ဆိုရင် ကျ‌နော်တို့ KNU အ‌နေနဲ့ လက်ခံလို့ရမှာ မဟုတ်ဘူး”ဟု ပဒိုမန်းငြိမ်း‌မောင်က ‌ပြောဆိုသည်။

ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် အတွင်း၌ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပါဝင်‌စေလို‌ကြောင်း KNU နှင့် သျှမ်းပြည်ပြန် လည်ထူ‌ထောင်း‌ရေး‌ကောင်စီ(RCSS)တို့က ပူးတွဲထုတ်ပြန်‌ကြေညာချက်တစ်‌စောင် ဇူလိုင်လ ၁၇ ရက်‌နေ့က ထုတ်ပြန်ခဲ့ပြီး‌နောက် မန်းငြိမ်း‌မောင်က ယခုလို ‌ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ဇူလိုင်လ ၂၁ ရက်‌နေ့ကလည်း ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်း‌ရေးစင်တာမှ ကျင်းပ‌သော အစည်းအ‌ဝေး၌ အစိုးရမှ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲပြီး‌နောက် ယခုနှစ်အတွင်း ပြုလုပ်ရန်ရှိသည့် နိုင် ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ‌ဒေါ်‌အောင်ဆန်းစုကြည် ပါဝင်မည်ဟု အစိုးရငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီ ဒုဥက္ကဌ ဦး‌အောင်မင်းက သတင်းမီဒီယာများကို ‌ပြောဆိုထားသည်။

ပဒိုမန်းငြိမ်း‌မောင်က ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ပြည်သူ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သလို ဒီမိုက‌ရေစီကို လိုလား သူ တစ်ဦးအ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့အကြား နှစ်ဖက်‌ဖော် ‌ဆောင်‌နေကြသည့် ပြည်တွင်းငြိမ်း ချမ်း‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်အတွင်းသို့ ပါဝင်သင့်‌ကြောင်း ယခုလို ဆက်‌ပြောသည်။

“‌ဒေါ်‌အောင်ဆန်းစုကြည်ဟာ ပြည်သူ့‌ခေါင်း‌ဆောင် တစ်ဦးဖြစ်တဲ့အတွက် ဒီငြိမ်းချမ်းလုပ်ငန်းစဉ်မှာ ပြည်သူ ဘက်ကို ရပ်တည်‌ပေးသွားမယ် ဆိုတာ ဒီလိုယုံကြည်ထားပါတယ်”ဟု ပဒိုမန်ငြိမ်း‌မောင်က ဆိုသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ဖြစ်ပွားသည့် ပဋိပက္ခများတွင် နိုင်ငံ‌ရေးနည်းဖြင့် ‌ဆွေး‌နွေး‌ဖြေရှင်းအ‌ဖြေရှာသည့်အခါ အစိုးရဘက်က ကမ်းလှမ်း လာပါက ပါဝင်ရန် အဆင်သင့်ရှိ‌ကြောင်း ထုတ်‌ဖော်‌ပြောကြားခဲ့‌သေးသည်။