Home သတင်း KNU ၏ ‌မြေယာ‌ပေါ်လစီ ကိစ္စ မြန်မာအစိုးရကို တင်ပြ‌ဆွေး‌နွေးသွားမည်

KNU ၏ ‌မြေယာ‌ပေါ်လစီ ကိစ္စ မြန်မာအစိုးရကို တင်ပြ‌ဆွေး‌နွေးသွားမည်

1781
ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSC01332
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ် နယ်‌မြေအတွင်း ကရင်လူထုမှ ပိုင်ဆိုင်ခွင့် ရှိသည့် လယ်ယာ‌မြေများကို ကာကွယ်ရန် ၎င်းတို့ချမှတ်ထား‌သော ‌မြေယာ‌ပေါ်လစီကို ပိုမိုပြည့်စုံခိုင်မာမှုရှိ‌အောင် ပြုလုပ်ပြီး အစိုးရထံသို့ တင်ပြ‌ဆွေး‌နွေးသွားမည်ဟု KNU က ‌ပြောကြားလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ဇူလိုင်လ ၂၃ မှ ၂၅ ရက်‌နေ့အထိ ကျင်းပ‌သော KNU ၏ ‌မြေယာ‌ပေါ်လ စီနှင့် ပတ်သက်‌သော အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်တွင် KNU လယ်ယာစိုက်ပျိုး‌ရေး ဌာနတာဝန်ခံ ပဒို ‌စော‌ဒေါ ‌လေးမူက ထိုသို့ ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

“‌လော‌လောဆယ် ကရင်ပြည်နယ်ထဲမှာပဲ ဖြစ်ပျက်ခဲ့တဲ့ ‌မြေယာဆုံးရှုံးမှု‌တွေ၊ အစိုးရရဲ့ ဖွံ့ဖြိုး‌ရေး လုပ်ငန်း ‌ကြောင့် နစ်နာခဲ့ရတာ‌တွေကို အချက်အလက်‌တွေ အရင်စု‌ဆောင်းမယ်။ ပြီး‌တော့ KNU က အထက်လူကြီး‌တွေ ကို တင်ပြမယ်။ အဲဒီက‌နေတဆင့် အစိုးရနဲ့ ‌ဆွေး‌နွေးပွဲ‌တွေမှာ ထည့်သွင်း‌ဆွေး‌နွေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် ကရင်လူထုများ၏ လယ်ယာ‌မြေများ သိမ်းဆည်းခံရခြင်း၊ လက်လွတ် ဆုံးရှူံးသွားရ ခြင်း စသည်တို့ကို အဓိကထားမည်ဖြစ်ပြီး လာမည့် အစိုးရနှင့်‌ဆွေး‌နွေးပွဲများတွင် ထည့်သွင်း‌ဆွေး‌နွေးနိုင်ရန် လုပ်‌ဆောင်သွားမည်ဟု ‌စော‌ဒေါ‌လေးမူက ဆက်လက်‌ပြောကြားသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် KNU ‌ခေါင်း‌ဆောင်များဖြစ်သည့် ဒုဥက္ကဌ ‌နော်စီဖိုးရာစိန်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို ‌စောကွယ်ထူးဝင်း၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲတို့အပြင် ခရိုင် ၇ ခု လယ်ယာစိုက်ပျိုး ‌ရေးဌာန တာဝန်ခံများ၊ ကရင်လူထုအ‌ခြေပြုအဖွဲ့များဖြစ်သည့် KESAN၊ KHRG၊ KORD၊ KWAG၊ KWO စသည့်အဖွဲ့တို့ တက်‌ရောက်ခဲ့ကြသည်။

DSC01344
ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် အစိုးရမဟုတ်‌သောအဖွဲ့-NGOs အဖွဲ့များဖြစ်သည့် Organised by the Transnational Institute (TNI)နှင့် Burma Centre Netherlands(BCN)တို့မှ ကိုယ်စားလှယ်အချို့လည်း တက်‌ရောက်ကာ စုစု‌ပေါင်း အဖွဲ့အစည်း ကိုယ်စားလှယ်ဦး‌ရေ ၆၅ ဦးခန့် တက်‌ရောက်ခဲ့သည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ ကရင်သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုအဖွဲ့(KESAN)မှ ဒါရိုက်တာ ‌စော‌ပေါလ် စိန်ထွားက “ကျ‌နော်တို့ ကရင်လူထုအ‌ခြေအဖွဲ့အစည်း‌တွေအ‌နေနဲ့ ‌မြေယာသိမ်းဆည်းခံရတဲ့ ပြဿနာ‌ပေါ်မှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပံ့ပိုးသွားမှာပါ။ သတင်းအချက်လက်‌တွေကို စု‌ဆောင်းတာမျိုး‌ပေါ့၊ အစိုးရနဲ့ ‌ဆွေး‌နွေးမယ့် အပိုင်းက‌တော့ KNU ကပဲ ဆက်လက်လုပ်‌ဆောင်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ‌အောက်တိုဘာလက KNU လယ်ယာစိုက်ပျိုး‌ရေးဌာနမှ ပြန်လည်ပြင်ဆင်‌ရေးသားထုတ် ‌ဝေ‌သော KNU ‌မြေယာလမ်းစဉ် စာတမ်းအရ မြန်မာအစိုးရနှင့် KNU အကြား ဖြစ်ပွား‌သော လက်နက်ကိုင်တိုက် ပွဲများ‌ကြောင့် ကရင်လူထုများ အိုးအိမ်နှင့်တကွ လယ်ယာ‌မြေများပါ စွန့်ပြီးထွက်‌ပြေးတိမ်း‌ရှောင်ခြင်း၊ အစိုးရတပ် များမှ ဝင်‌ရောက်‌နေရာယူထားခြင်းများ‌ကြောင့် ဌာ‌နေကရင်လူထုများ၏ ပိုင်ဆိုင်‌သော လယ်ယာ‌မြေများ လက် လွှတ်ဆုံးရှူံးခဲ့ရခြင်းများ ရှိသည်ဟု ထည့်သွင်း‌ဖော်ပြထားသည်။

ထို့အပြင် အစိုးရမှ ကရင်ပြည်နယ်အတွင်း ပြုလုပ်‌သော ဖွံ့ဖြိုး‌ရေးစီမံကိန်းများဖြစ်သည့် သတ္တုတူး‌ဖော်ခြင်း၊ ‌ရေ ကာတာများ‌ဆောက်လုပ်ခြင်း၊ လမ်း‌ဖောက်လုပ်ခြင်း‌ကြောင့် လယ်ယာ‌မြေဆုံးရှူံးသည်သာမက သဘာဝပတ်ဝန်း ကျင်ကို များစွာထိခိုက်နစ်နာမှုများရှိသည်ဟုလည်း ၎င်း‌မြေယာလမ်းစဉ် စာတမ်းတွင် ပါရှိသည်။

KNU သည် ပြီးခဲ့သည့် ၆လက မြန်မာအစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီ ဒုဥက္ကဌ ဦး‌အောင်မင်းနှင့် ‌တွေ့ဆုံသည့်အခါ KNU မှ ‌ရေးဆွဲထားသည့် ‌မြေယာ‌ပေါ်လစီကို အလွတ်သ‌ဘော ချပြ‌ဆွေး ‌နွေးခဲ့‌သေးသည်ဟု ပဒို ‌စော‌ဒေါ‌လေးမူက ဆိုသည်။