Home ထိပ်တန်းသတင်း ‌ရွှေ့‌ပြောင်းအလုပ်သမားများ အတွက် ယာယီပတ်စ်ပို့ပြု လုပ်ရန် ထိုင်းအစိုးရမှ သက်တမ်းတစ်နှစ်ထပ်တိုး

‌ရွှေ့‌ပြောင်းအလုပ်သမားများ အတွက် ယာယီပတ်စ်ပို့ပြု လုပ်ရန် ထိုင်းအစိုးရမှ သက်တမ်းတစ်နှစ်ထပ်တိုး

1130

ဇူလိုင်လ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအို်င်စီ)

ထိုင်းနိုင်ငံတွင် ‌ရွှေ့‌ပြောင်းအလုပ်သမားများ တရားဝင်အလုပ်လုပ်ခွင့်ရရန် ‌လျှောက် ထား‌သော ယာယီပတ်စ်ပို့ ပြုလုပ်‌ပေး သည့် သက်တမ်းကို ထိုင်းအစိုးရက ၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၁၁ရက်‌နေ့အထိ တစ်နှစ်တိတိ ထပ်မံ တိုး‌ပေးလိုက်‌ကြောင်း သိရသည်။

ယခု ဇူလိုင်လ ၂၅ ရက်‌နေ့တွင် ပြုလုပ်‌သော ထိုင်းနိုင်ငံ ဝန်ကြီးများ‌ကောင်စီ အစည်းအ‌ဝေး၌ မြန်မာ၊ လာအို၊ က‌မ္ဘောဒီးယား နိုင်ငံသားများအတွက် ယာယီပတ်စပို့ပြုလုပ်သည့် သက်တမ်းကို ထပ်မံတိုး‌ပေးရန် ထိုသို့ သ‌ဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုင်းအစိုးရက ယာယီပတ်စ်ပို့ ပြုလုပ်ချိန်ကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်‌နေ့တွင် ‌နောက်ဆုံးထား သတ် မှတ်ထားပြီမှ ယခုလို ထပ်မံတိုး‌ပေးလိုက်ခြင်းဖြစ်ပြီး ယာယီပတ်စပို့ပြုလုပ်ရန် ‌လျှောက်ထား‌သော အလုပ်သမား ဦး‌ရေ ၂ ဒဿမ ၉ သိန်း‌ကျော်ရှိအနက် မြန်မာနိုင်ငံသား ၁၁၂,၂၅ဝ ဦးပါဝင်‌ကြောင်း ထိုင်း-မြန်မာနယ်စပ်အ‌ခြေ စိုက် အလုပ်သမားကူညီ‌ရေးအဖွဲ့များ၏ ‌ပြောဆိုချက်အရ သိရသည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA)မှ တာဝန်ခံ ဦးမိုးကြိုးက “အခု ထိုင်းအစိုးရက တိုး‌ပေးလိုက်တာ သူတို့စာရင်းလက်ခံပြီးသား မြန်မာနိုင်ငံသား အပါအဝင် ပတ်စ်ပို့ ‌လျှောက်ထားတဲ့သူ ၃ သိန်းနီးပါးအတွက်ပဲ အချိန်ကိုထပ်တိုး‌ပေးတာပါ။ အခုမှ ‌လျှောက်လွှာတင်တဲ့ လူသစ်‌တွေ အတွက်‌တော့ မရပါဘူး”ဟု ‌ကေအိုင်စီသို့ ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ဖွင့်လှစ်ထား‌သော One Stop Service စခန်း ၁၂ ခုရှိပြီး ယာယီပတ်စ်ပို့ရရန်‌လျှောက်လွှာ တင်ထားသူများအ‌နေဖြင့် အဆိုပါစခန်းများတွင် တစ်နှစ်အတွင်း ပတ်စ်ပို့ရရန် အချိန်တိုး‌ပေးလိုက်ခြင်းဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

ထို့အပြင် အဆိုပါ ဝန်ကြီးများ‌ကောင်စီအစည်းအ‌ဝေးတွင် ၂၀၁ဝ ခုနှစ်မှစ၍ တရာဝင်မှတ်ပုံတင်ထား‌သော ‌ရွှေ့ ‌ပြောင်းအလုပ်သမားများ၏ အသက် ၁၅ နှစ်‌အောက်က‌လေးငယ်များကိုလည်း ယာယီပတ်စ်ပို့ထုတ်‌ပေးရန်နှင့် ‌ရွှေ့‌ပြောင်းအလုပ်သမား(‌ရေလုပ်သား)များအတွက် အလုပ်သမားမှတ်ပုံတင်ကို တစ်နှစ်လျှင် ၂ ကြိမ်ပြုလုပ်‌ပေး ရန် သ‌ဘောတူဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအပါအဝင် လာအို၊ က‌မ္ဘောဒီးယာ စသည့် နိုင်ငံများမှ ‌ရွှေ့‌ပြောင်းအလုပ် သမား ဦး‌ရေ ၃ သန်းခန့်ရှိပြီး တရားဝင်အလုပ်လုပ်ခွင့်ရရန် ပတ်စ်ပို့ ပြုလုပ်သူမှာ နည်းပါး‌နေ‌သေးသလို အ‌ထောက်အထားမဲ့‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် မည်သို့ စီစဉ်‌ပေးမည်ကို ‌စောင့်ကြည့်သွားရမည်ဖြစ် ‌ကြောင်း ဦးမိုးကြိုးက ယခုလို ဆက်‌ပြောသည်။

“ထိုင်းနိုင်ငံမှာ ယာယီပတ်စ်ပို့ လုပ်‌ပေးတာ‌ကောင်းတယ်။ ဒါ‌ပေမယ့် လူ ၁ဝ ‌ယောက်မှာ ၃ ‌ယောက်‌လောက်ပဲ ပတ်စ်ပို့လက်ဝယ်ရှိတဲ့ အ‌နေအထားပါ။ အဲဒီ‌တော့ အ‌ထောက်အထားမဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ အများ ကြီးပါ။ သူတို့ကို နှင်ထုတ်မှာလား။ ဘယ်လိုစီစဉ်‌ပေးမလဲဆိုတာကို‌တော့ လူအခွင့်အ‌ရေး ရှု‌ထောင့်က ‌စောင့် ကြည့်ရအုံးမယ်”ဟု ဦးမိုးကြိုးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ယာယီပတ်စ်ပို့ ပြုလုပ်ရန် ‌လေးလတစ်ကြိမ်အ‌နေဖြင့် ၃ ကြိမ် သက်တမ်းတိုး‌ပေးခဲ့ပြီဖြစ်ပြီး ထပ်မံတိုး‌ပေးရန် ယခုလ ဇူလိုင် ၁၉ ရက်‌နေ့တွင် တရားမဝင်‌ရွှေ့‌ပြောင်း အလုပ်သမားများ စီမံခန့်ခွဲ‌ရေး ဆပ်‌ကော်မတီမှ ဝန်ကြီးများ‌ကောင်စီအစည်းအ‌ဝေးတွင် ဆက်လက်တင်ပြခဲ့ပြီး ‌နောက် ‌လေးကြိမ်‌မြောက် သက်တမ်းတိုးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။