Home သတင်း ဖားအံမြို့တွင် KYN ကွန်ယက်အဖွဲ့မှ လုပ်ငန်း Team ဖွဲ့စည်း

ဖားအံမြို့တွင် KYN ကွန်ယက်အဖွဲ့မှ လုပ်ငန်း Team ဖွဲ့စည်း

1374
ဇူလိုင်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

ကရင်လူငယ်အဖွဲ့များဖြင့် စု‌ပေါင်းဖွဲ့စည်း ထားသည့် ကရင်လူငယ်များကွန်ယက် (KYN)မှ ‌ရှေ့လုပ်ငန်းစဉ်များ လုပ်‌ဆောင်နိုင်ရန်အတွက် လုပ်ငန်း Team (အသင်းအဖွဲ့)တစ်ဖွဲ့ကို ဇူလိုင်လ ၂၈ရက်‌နေ့တွင် ဖွဲ့စည်းလိုက် သည်။

ကရင်လူငယ်အစည်းအရုံး(KYO) ဦးစီး၍ ကရင်ပြည်နယ်၊ ဖားအံမြို့ ကြား‌တောရ‌ကျောင်းတွင် ဇူလိုင် ၂၇ ရက် ‌နေ့မှစ၍ ၂၈ရက်‌နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ၎င်း‌ဆွေး‌နွေးပွဲ အစည်းအ‌ဝေးတစ်ရပ်၌ ပြည်တွင်း ပြည်ပ ရှိ KYN ကွန်ယက်အဖွဲ့ ၉ဖွဲ့မှ ကိုယ်စားလှယ် ၂၇ဦး တက်‌ရောက်‌ဆွေး‌နွေးပြီး‌နောက် လုပ်ငန်း Team ကို ထိုသို့ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

လုပ်ငန်း Team ဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် KNY ကွန်ယက်အဖွဲ့ထဲတွင် လုပ်‌ဆောင်ရမည့် လုပ်ငန်းများ ကို စတင်လုပ်‌ဆောင်နိုင်ရန်နှင့် ‌ဒေသအသီးသီးရှိ ပါဝင်ကြသည့် ကွန်ယက်အဖွဲ့ဝင်များအား ဆက်သွယ်လုပ် ‌ဆောင်‌ပေးရန်တို့ဖြစ်သည်ဟု အစည်းအ‌ဝေးတွင် ပါဝင်ခဲ့သူ ‌စောထွန်းထွန်းက ‌ပြောသည်။

“ဒီအဖွဲ့ကို ဖွဲ့တာ ကျ‌နော်တို့ ကွန်ယက်အတွက် အလုပ်လုပ်ဖို့ပါ။ ဒီထဲမှာ ပါဝင်ကြတဲ့ အဖွဲ့‌တွေဟာ အချင်းချင်း အဖွဲ့‌တွေအကြား ဆက်သွယ် အချိတ်အဆက်လုပ်ပြီး‌တော့ လူငယ်‌တွေ အမျိုးသား‌ရေးနဲ့ နိုင်ငံ‌ရေးမှာ ပိုမိုပါဝင် လာဖို့နဲ့ နိုးကြားလာဖို့ ဖြစ်ပါတယ်”ဟု ‌စောထွန်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုသို့ ဖွဲ့စည်းလိုက်သည့် KYN လုပ်ငန်း Team တွင် ဦး‌ဆောင်သူအဖြစ် ‌စောဂျက်ပစီ၊ ‌စောထွန်းထွန်း၊ ‌စောသရီးတူး၊ ‌နော်အယ်‌ဖောဝါး၊ ‌စောအယ်လ်ဘတ်၊ ‌စော‌နေဝင်းညွှန့်၊ ‌စောရိုမာ၊ ‌စောယွာ‌ဟေးယူစိုး အပါအဝင် ၉ဦးပါဝင်သည်ဟု သိရသည်။

ဆက်လက်၍ လက်ရှိအ‌ခြေအ‌နေတွင် KYN ကွန်ယက်အဖွဲ့သည် ကရင်လူငယ်များ၏ အသိအမှတ်ပြုထားခြင်း ခံရ‌သော ကွန်ယက်ကြီးတစ်ဖွဲ့ဖြစ်သည်နှင့်အမျှ ‌ရှေ့ဆက်လုပ်‌ဆောင်ရမည့်လုပ်ငန်းများကို တက်တက်ကြွကြွ လုပ်‌ဆောင်သွားမည်ဟု ‌စောထွန်းထွန်းက ဖြည့်စွက်‌ပြောဆိုသည်။

ပြည်တွင်းပြင်ပရှိ ကရင်လူငယ်များသည် အမျိုးသား‌ရေးလုပ်ငန်းများတွင် ကွန်ယက်ချိတ်ဆက်ပြီး စု‌ပေါင်းပါဝင် လုပ်‌ဆောင်ကြရန် ရည်ရွယ်၍ KYN ကွန်ယက်အဖွဲ့ကို ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌နောင်နိုင်း‌ကျေးရွာ ၌ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၇မှ ၂၉ရက်‌နေ့အထိ ပြုလုပ်သည့် ကရင်လူငယ်များညီလာခံတွင် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကွန်ယက်ဖွဲ့စည်းပြီး‌နောက် ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်၊ ‌ကျောက်ကြီးမြို့တွင် ၂၀၁၃ခုနှစ်၊ ဇွန်လ ၁၃မှ ၁၅ရက်‌နေ့အထိ၌ အလားတူ လူငယ်‌ဆွေး‌နွေးပွဲ အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။