Home သတင်း ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း တွင် ‌ဒေသခံ ၆၀ဝ ခန့် ‌ရေ‌ဘေးကြုံ

ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း တွင် ‌ဒေသခံ ၆၀ဝ ခန့် ‌ရေ‌ဘေးကြုံ

1994
ဇူလိုင်လ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSCF9117ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း ရှိ ဇမိ‌ချောင်း ‌ရေလျှံမှုဖြစ်‌ပေါ်ကာ ‌ပြောင် မထိန် ‌ကျေးရွာအုပ်စုရှိ ‌ချောင်းဆုံ‌ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်အပြတ်ရွာ သွန်းမှု‌ကြောင့် ‌ဒေသခံ ၆၀ဝ ခန့်‌ရေ‌ဘေးကြုံ ‌တွေ့‌နေရ‌ကြောင်း သိရသည်။

လက်ရှိ ‌ရေ‌ဘေးကြုံ‌နေရသည့် ‌ချောင်းဆုံ‌ဒေသခံများသည် ရွာ၏ ကုန်းမြင့်ပိုင်းတွင်ရှိသည့် မူလတန်း‌ကျောင်းသို့ ယမန်‌နေ့ ဇူလိုင်လ ၂၈ရက်‌နေ့ကတည်းက သွား‌ရောက်ခိုလှုံ‌နေရကာ ယ‌နေ့အထိ ၎င်းတို့ရွာအတွင်းတွင် ‌ရေများပြန်မကျ‌သေးသည့်အပြင် ‌ရေအမှတ် ၆ ဒဿမ ၅ စင်တီမီတာအထိ တက်လာသဖြင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံ‌တွေ့‌နေလျှက်ရှိသည်။

‌ရေ‌ဘေးကြုံ‌နေရသည်သူများကို ယ‌နေ့ ပစ္စည်းသွား‌ရောက်လှူဒါန်းခဲ့သည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေး ပါတီ(USDP)မှ ပါတီဝင်တစ်ဦးက “ကျ‌နော်တို့ လှူတဲ့ ပစ္စည်း‌တွေရဲ့တန်ဖိုးက မြန်မာကျပ်‌ငွေ ခုနှစ်သိန်း‌လေး ‌သောင်းတစ်‌ထောင်(၇၄၁,၀၀၀) ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရေ‌ဘေးကြုံ‌တွေ့‌နေသည့် ‌ချောင်းဆုံ‌ကျေးရွာ ‌ဒေသခံများကို ထမင်းထုပ်၊ ငါး‌သေတ္တာ၊ ‌ခေါက်ဆွဲ‌ခြောက်နှင့် ‌ရေသန့်ဗူး စသည်တို့ သွား‌ရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ‌ရေ‌ဘေးကြုံ ‌ဒေသခံများကို စားနပ်ရိက္ခာများ သွား‌ရောက်လှူဒါန်းမှုပြုလုပ်ရာတွင် USDP အပြင် ဘုရား သုံးဆူမြို့ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ပုဂ္ဂလိက အလှူရှင်များလည်း သွား‌ရောက်ခဲ့သည်ဟု သိရ သည်။

DSCF9094
‌ချောင်းဆုံ‌ဒေသခံတစ်ဦးက “ကျ‌နော်တို့ ‌ချောင်းဆုံရွာဟာ ‌ရေတက်လာလို့ တစ်ချို့အိမ်ဆို ‌ရေစတက်ခါစ ကတည်းက အိမ်‌ခေါင်မိုး‌တွေပဲကျန်တယ်။ ကား‌တွေလည်း မြုပ်ကုန်တယ်။ အခုဆို စားစရာအခက်ဖြစ်တဲ့အချိန် လာလှူတာ ကျ‌နော်တို့အတွက် အဆင်ပြင်တာ‌ပေါ့”ဟု ‌ပြောသည်ဟု အဆိုပါ USDP ပါတီဝင်မှ ပြန်လည်‌ပြော ဆိုသည်။

‌ချောင်းဆုံရွာတွင် အိမ်‌ခြေ ၁၂ဝ ခန့်ရှိပြီး ‌ရေကြီးမှု‌ကြောင့် ‌ဒေသခံများသည် ‌ဘေးလွတ်ရာ‌ကျေးရွာ မှုလတန်း စာသင်‌ကျောင်းသို့ သွား‌ရောက်ခိုလှုံ‌နေရသည့်အချိန်တွင် အနီးအနားရှိ ကျွန်း‌ချောင်းနှင့် အပ‌လော် ‌ကျေးရွာတို့ ၌လည်း ‌ရေကြီးမှုဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း သိရသည်။

‌ချောင်းဆုံ‌ကျေးရွာသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင်လည်း မိုးရာသီအတွင်းတွင် အလားတူ ‌ရေကြီးမှုဖြစ်‌ပေါ်ကာ ‌နေအိမ်နစ်မြုပ်မှုမျိုး ရှိခဲ့ဖူးသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

တဆက်တည်းမှာပင် ယခုဇူလိုင်လ ‌နောက်ဆုံးအပတ်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ထိုင်း-မြန်မာနယ်စပ်အကြားရှိ ‌သောင်ရင်းမြစ်အတွင်း၌ ‌ရေလျှံမှုဖြစ်‌ပေါ်ပြီး မြဝတီမြို့၊ ရပ်ကွက်အ‌တော်များများတွင် ‌ရေကြီးလျက်ရှိသည်။

ထို့အပြင် နယ်စပ်မြို့ဖြစ်သည့် မြဝတီနှင့် မဲ‌ဆောက်မြို့တွင် ‌ရေကြီးမှု‌ကြောင့် သွားလာ‌ရေးခက်ခဲကာ စာသင် ‌ကျောင်းများနှင့် စက်ရုံအလုပ်ရုံအချို့ ‌ခေတ္တပိတ်ထားရသလို လူနာများကို အခမဲ့ကုသ‌ပေး‌နေသည့် ‌ဒေါက်တာ စင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်းဝင်အတွင်းလည်း ‌ရေဝင်သဖြင့် ပစ္စည်းအချို့ ‌နေရာ‌ပြောင်း‌ရွှေ့ရမှုများ ရှိသည်။