Home သတင်း ‌သောင်ရင်းမြစ်‌ရေလျှံ မှု‌ကြောင့် မြဝတီမြို့ဧရိယာ ထက်ဝက်ခန့်‌ရေမြုပ်‌နေ

‌သောင်ရင်းမြစ်‌ရေလျှံ မှု‌ကြောင့် မြဝတီမြို့ဧရိယာ ထက်ဝက်ခန့်‌ရေမြုပ်‌နေ

1998
ဇူလိုင်လ ၃ဝ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Flooding photoထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း ရှိ ‌သောင်းရင်းမြစ်မှာ စိုးရိမ်‌ရေအမှတ် ထက် ‌ကျော်လွန်သွားသဖြင့် မြဝတီမြို့၏ ဧရိယာ ထက်ဝက်ခန့် ‌ရေကြီး‌နေပြီး လူဦး‌ရေငါး‌ထောင်‌ကျော် ‌ရေ‌ဘေးကြုံ‌နေရသည်ဟု ‌ရေ‌ဘေး ကြုံရသူများကို လိုက်လံကူညီ‌ပေး‌နေသည့် အဖွဲ့များက ‌ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ‌သောင်းရင်းမြစ်မှာ ဇူလိုင်လ ၂၈ ရက်‌နေ့မှစပြီး စိုးရိမ်‌ရေအမှတ် ၁၄မှ ၂ဝ အထိ ‌ကျော်လွန်သွားပြီး မြဝတီမြို့ရှိ ရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၁)၊(၂)၊(၃)၊(၅) တို့တွင် ‌ရေကြီးမှု ဆိုးဆိုး ဝါးဝါးဖြစ်‌ပေါ်‌နေ‌ကြောင်း ‌ရေ‌ဘေးကြုံ‌တွေ့‌နေရသူ မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“အခုမြဝတီမြို့မှာက ရပ်ကွက် ၄ ပဲ ကျန်‌တော့တယ်။ မြို့ရဲ့ထက်ဝက်‌လောက်ကို ‌ရေမြုပ်ကုန်ပြီ။ ‌နေရာအနိမ့် အမြင့်‌ပေါ်မှုတည်တယ်။ နိမ့်တဲ့ ‌နေရာမှာဆိုရင် အိမ်ပါမြုပ်တယ်။ တစ်ချို့လည်း အိမ်‌ခေါင်းမိုးပဲကျန်တယ်”ဟု ၎င်းက ဆိုသည်။

‌ရေ‌ဘေးကြုံ‌နေရသူများကို မြဝတီမြို့အတွင်းရှိ ဘုန်းကြီး ‌ကျောင်းများဖြစ်သည့် ‌တောရ‌ကျောင်း၊ ကြခတ်‌တော၊ မွန်‌ကျောင်း၊ ‌ကျောက်ပုံးကြီးဓမ္မာရုံစသည့် ‌နေရာများတွင် ကယ်ဆယ်‌ရေး စခန်း ၁၃ ခုဖွင့်လှစ်ကာ ကယ်ဆယ် ‌ပေး‌နေ‌ကြောင်း ကယ်ဆယ်‌ရေးလုပ်ရာတွင် ပါဝင်သည့် အစိုရဌာနဆိုင်ရာမှ ဝန်ထမ်းတစ်ဦးက ‌ပြောသည်။

“အခုကျ‌နော်တို့က အားလုံးနဲ့‌ပေါင်းပြီး‌တော့ အတတ်နိုင်ဆုံးလုပ်‌နေပါတယ်။ ‌ရေ‌ဘေးသင့်သူ‌တွေကို ကယ်ဆယ် ‌ရေးစခန်း‌တွေဆီ ကား‌တွေနဲ့သယ်ပို့လုပ်‌နေတယ်။ ပြီး‌တော့ ‌ရေအ‌ခြေအ‌နေကြည့်ပြီး‌တော့ အချိန်မှီ ကူညီကယ် ဆယ်‌ရေး‌တွေ လုပ်နိုင်‌အောင်လည်း အသင့်ရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ‌ရေ‌ဘေးကြုံ‌နေရသူများကို အစိုးရဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ငြိမ်းချမ်း‌ရေး ရယူထား ‌သော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ စသည်တို့မှ ဆန်အိတ်များ၊ ‌ရေသန့်ဗူးများနှင့် အခြားစား‌သောက် ဖွယ်ရာများကို လိုက်လံ‌ဝေငှကာ ကယ်ဆယ်‌ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြခြင်းဖြစ်‌ကြောင်း သိရသည်။

သို့‌သော် ‌ရေ‌ဘေးကြုံ‌တွေ့‌နေသူများသည် အစားအ‌သောက်နှင့် ‌ရေသန့်များအပြင် အခြား‌သောအကူ အညီများ လည်း လိုအပ်‌နေ‌ကြောင်း ကယ်ဆယ်လုပ်‌နေသည့်အဖွဲ့များက ‌ပြောသည်။

တချိန်တည်းမှာပင် မြဝတီမြို့၏ ‌သောင်းရင်းမြစ်တဖက်ကမ်းရှိ မြန်မာနိုင်ငံသားအများ ဆုံး‌နေထိုင်ရာ ထိုင်းနိုင်ငံ ဘက်ခြမ်း ‌သောင်ရင်းမြစ်ကမ်း နံ‌ဘေးရှိ ‌အွေမူတ်ရွာ အတွင်းသို့ ‌ရေစီးဝင်မှု‌ကြောင့် ‌ဒေသခံနည်းဆုံး ၁,၅၀ဝ ခန့် နီးစပ်ရာ ထိုင်းဘုန်းကြီး‌ကျောင်းများတွင် ခိုလှုံ‌နေကြရသည်ဟု ‌ရေ‌ဘေးသင့်သူများကို ကူညီကယ်‌ရေး‌ဆောင် ရွက်‌ပေး‌နေသည့် မြန်မာအလုပ်သမားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းအပြင် မဲ‌ဆောက်မြို့တွင် ‌ရေကြီးမှု‌ကြောင့် စက်ရုံအလုပ်ရုံများကို ပိတ်ထားရပြီး မြန်မာအလုပ်သမား နှစ်‌သောင်းမှ သုံး‌သောင်းအထိ အလုပ်မလုပ်နိုင်သလို အချို့သည် အလုပ်ရုံ‌ခေါင်မိုးအထိ တက်‌နေရမှုများရှိ သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ‌ရေ‌ဘေးကြုံ‌တွေ့‌နေရသည့် မြန်မာအလုပ်သမားများကို ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ရှိ အလုပ်သမာသံမှူး ဦး‌ကျော်‌ကျော်လွင်ကလည်း ဇူလိုင်လ ၃ဝ ရက်‌နေ့ ည‌နေတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှု ပြီး အလုပ်သမား ၂၁၀ဝ စာအတွက် စားနပ်ရိက္ခာအကူအညီများ ‌ပေးအပ်သွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုသွားခဲ့ သည်ဟု သိရသည်။

မြဝတီမြို့နှင့် မဲ‌ဆောက်မြို့နံ‌ဘေးရှိ ‌သောင်ရင်းမြစ်သည် မိုးရာသီအတွင်း၌ မြစ်‌ရေလျှံမှု‌ကြောင့် သုံးနှစ်ဆက် တိုက် မြို့အတွင်းသို့ ‌ရေးကြီးမှုဖြစ်‌ပေါ်ပြီး ယခုနှစ် ‌ရေကြီးမှုမှာ အဆိုးရွားဆုံးဖြစ်‌ကြောင်း သိရသည်။