Home သတင်း ထန်းတပင်မြို့နယ်ရှိ သွားလာ‌နေသည့် ‌ဒေသခံ ယာဉ်များကို အစိုးရစစ်တပ် တားမြစ်‌နှောင့်ယှက်

ထန်းတပင်မြို့နယ်ရှိ သွားလာ‌နေသည့် ‌ဒေသခံ ယာဉ်များကို အစိုးရစစ်တပ် တားမြစ်‌နှောင့်ယှက်

2683
ဇူလိုင်လ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

2008_pfe_img‌တောင်ငူခရိုင် ထန်းတပပင်မြို့၏ ‌တောင်ဘက် ၁၄မိုင်အကွာရှိ သ‌ပြေညွှန့်တပ်စခန်းတွင် အ‌ခြေ ချတာဝန်ယူ‌သော ‌တောင်ပိုင်းတိုင်းစစ် ဌာနချုပ်(တပခ)လက်‌အောက်ခံတပ်ရင်း ‌ခြေမြန် တပ်ရင်း(ခမရ-၆၀၃) သည် ၎င်း‌ဒေသရှိ သွား လာ‌နေသည့် ယာဉ်များကို တားမြစ်‌နှောင့်ယှက် မှုများရှိသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ခမရ-၆၀၃ ၏ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစိုင်းထွန်းနိုင်သည် ယမန်‌နေ့ ဇူလိုင်လ ၃ဝရက်‌နေ့မှစ၍ သ‌ပြေညွန့်ကို ဖြတ်သန်းဝင်လာ‌သော ဆိုင်ကယ် ကယ်ရီများ၊ ‌မော်‌တော်ယာဉ်များမှန်သမျှ အဝင်မခံသလို ပါလာ‌သော ဓါတ်ဆီ နှင့်ဒီဇယ်ဆီများကိုလည်း သယ်‌ဆောင်ခွင့်မပြုဘဲ သိမ်းဆည်းထားခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံ တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူအမိန့်ကို မနာခံဘဲ သွားလာသူမှန်သမျှကို အ‌ရေးယူမယ်လို့ အဲဒီ တပ်ရင်းမှူးက ‌ပြောတယ်။ ဘာဖြစ်လို့ ကျ‌နော်တို့‌ဒေသခံ‌တွေကို ဒီလို တားမြစ်မှု‌တွေ လုပ်တာ‌တော့ မသိဘူး။ အခု ‌တောင်‌ပေါ်သို့ ပြန်တက်သွားမယ့် သူ‌တွေ၊ ‌ဈေး‌ရောင်း‌ဈေး ဝယ်ပြုသူ‌တွေအတွက် ‌တော်‌တော်အခက်အခဲဖြစ်‌နေတယ်”ဟု ‌ပြောဆိုသည်။

သ‌ပြေညွှန့်အ‌ခြေစိုက် အစိုးရစစ်တပ် ခမရ-၆၀၃ တပ်ရင်းသည် ‌တောင်‌ပေါ်‌ကျေးရွာ များမှ ဖြတ်သန်းသွားလာ ‌သော ‌ဈေး‌ရောင်း‌ဈေးဝယ်‌ဒေသခံများကို တားမြစ်သည့်အခါ အထုပ်အပိုးများကို ‌မွှေ‌နှောက်စစ်‌ဆေးခြင်းနှင့် အချိန်ကြာမြင့်စွာ စစ်‌ဆေးမှုပြုလုပ်ခြင်း စသည်တို့ လုပ်‌ဆောင်ခဲ့သည်ဟုလည်း ‌ဒေသခံများက ဆိုသည်။

၎င်း‌ဒေသရှိ ‌ဈေး‌ရောင်း‌ဈေးဝယ် သွားလာ‌နေ‌သော ‌တောင်‌ပေါ်‌ကျေးရွာများဖြစ်သည့် ဇင်းတိုင်‌လေး၊ မုတိ‌မြောင်၊ တိပ်ပု၊ ဟန်သို၊ ဘင်ဘဲ၊ ‌ကျောက်စု(‌ခေါ်)‌ပေါ်ပီးဒဲနှင့် အိမ်ကြီး စသည့် ‌ကျေးရွာများမှ ‌ဒေသခံယာဉ်များကို ခမရ-၆၀၃ ၏ တပ်ရင်းမှူး ဗိုလ်မှူးစိုင်းထွန်းနိုင်က တားမြစ်‌နှောင့်ယှက်ခဲ့ခြင်းဖြစ်ပြီး ထိုရွာများသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်၊ မြန်မာစစ်အစိုးရ လက်ထက်က အဓမ္မ‌ပြောင်း‌ရွှေ့ခံရ‌သော ကရင်‌ကျေးရွာများဖြစ်သည်ဟု သိရသည်။

‌တောင်‌ပေါ်‌ကျေးရွာများရှိ ‌ဒေသခံများသည် ‌တောင်‌ပေါ်ထွက်စိုက်ပျိုးသီးနှံများဖြစ်သည့် ဒူးရင်းသီး၊ ဒညှင်းသီး၊ မင်းဂွတ်သီး၊ ကွမ်းရွက်နှင့် အခြား‌တောထွက်သီးနှံများကို အ‌ရောင်းအဝယ်ပြုကာ အသက်‌မွေးဝမ်း‌ကျောင်း ပြု ‌နေရခြင်းဖြစ်သည်။

ထို့အပြင် ဇူလိုင်လ ၂၉ရက်‌နေ့ကလည်း သ‌ပြေညွန့်‌ကျေးရွာသို့ အ‌ရောင်းအဝယ်လုပ်ငန်းဖြင့် သွားလာ‌သော ‌ကျောက်စု(‌ခေါ်)‌ပေါ်ပီးဒဲ‌ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ရှာမရီးပါးဆိုသူအား အဆိုပါ ခမလ-၆၀၃ တပ်ရင်း မှူး ဗိုလ်မှူးစိုင်းထွန်းနိုင်က မြန်မာကျပ်‌ငွေ တစ်‌သောင်း အဓမ္မ‌တောင်းယူခဲ့သည်ဟု ကိုယ်တိုင်‌တွေ့မြင်ရသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“အဲဒီ တာဝန်ကျဗိုလ်(ဗိုလ်မှူးစိုင်းထွန်းနိုင်)က သူများပိုက်ဆံကိုလည်း ယူတယ်။ ‌နောက် ဒီ‌ဒေသမှာ ဘယ်သူကို မှ မ‌ကြောက်ဘူးတဲ့။ ‌ကေအဲန်ယူကိုလည်း ဂရုမစိုက်ဘူး။ သူတို့နဲ့ ပြဿနာဖြစ်လည်း ဂရုမစိုက်ဘူး။ သူတို့ကို ပစ်ပြီးတိုက်ပွဲ ပြန်စမယ်လို့ အဲဒီ‌နေ့က ‌ပြောသွားတယ်”ဟု ၎င်းက ပြန်လည်‌ပြောဆိုသည်။

‌ဒေသခံလူထုများအ‌ပေါ် ခမရ-၆၀၃ ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ‌တောင် ငူခရိုင် ဥက္ကဌ ‌စောအယ်ဝါးက ယခုလို အပစ်အခတ်ရပ်စဲ‌ရေးကာလတွင် အစိုးရစစ်တပ်အ‌နေဖြင့် ‌ဒေသခံလူများ လွတ်လွတ်လပ်လပ် လုပ်ကိုင်စား‌သောက်မှုကို အ‌နှောက်အယှက် မ‌ပေးသင့်‌ကြောင်းနှင့် မလာအပ်သည့် ပြဿနာများမဖြစ်‌ပေါ်‌စေရန် အ‌ပြောအဆို ဆင်ခြင်သင့်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

သ‌ပြေညွှန့် မြန်မာအစိုးရတပ်စခန်းသည် ‌ဒေသခံရွာသူရွာသားများ ‌ဈေး‌ရောင်း‌ဈေးဝယ် ရန် ဖြတ်သန်း‌နေရသည့် ‌နေရာဖြစ်သဖြင့် ၎င်းတပ်စခန်းကို ‌ရှောင်လွဲ၍ မသွား လာနိုင်‌ကြောင်း သိရသည်။