Home သတင်း ပန်းတ‌နော်မြို့နယ်တွင်‌ကောက် စိုက်သမရှားပါး‌နေ

ပန်းတ‌နော်မြို့နယ်တွင်‌ကောက် စိုက်သမရှားပါး‌နေ

1257
ဩဂုတ်လ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်အတွင်းရှိ လယ်ယာ‌မြေများတွင်စပါးစိုက်ပျိုးရန် ‌ကောက် စိုက်သမရှားပါးမှု ပြဿနာများနှင့် ကြုံ‌တွေ့‌နေ ရ‌ကြောင်း ပန်းတ‌နော်မြို့နယ်၊ ဘဝိုင်း‌ကျေးရွာ အုပ်စုရှိ လယ်ပိုင်ရှင်များ၏ ‌ပြောပြ ချက်အရ သိရသည်။

ဘဝိုင်း‌ကျေးရွာမှ လယ်ပိုင်ရှင် ‌စောဟန်ကြီးက “လယ်အတွက် တစ်‌နေ့ကို ‌ကောက်စိုက်သမ ၁၂ ‌ယောက်ရမှ အလုပ်တွင်တယ်။ အခု ‌ကောက်စိုက်သမ‌တွေကို ငှားရမ်းရတာ ခက်‌တော့ သိပ်အဆင်မ‌ပြေဘူး။ တကယ်ဆိုရင် လယ်တစ်ဧကကို လူ ၁၂ ‌ယောက်နဲ့မှ ‌နေ့ချင်း‌ကောင်း‌ကောင်းပြီးတယ်။ ၁ဝ ‌ယောက်‌လောက်ဆို စိုက်တာ ကျဲ တယ်။ ၂ ‌ယောက်စာကို ပိုလုပ်‌နေရတယ်‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုဒ‌သေရှိ လယ်ပိုင်ရှင်များ၏ ပုံမှန်‌ကောက်စိုက်ချိန်သတ်မှတ်ချက်အရ နံနက် ၇နာရီမှ ည‌နေ ၅နာရီအထိ ‌ကောက်စိုက်သမတစ်ဦး၏ ‌နေ့စားခမှာ တစ်ရက်လျှင် ပုံမှန် ၁,၂၀ဝ ကျပ်သာရရှိပြီး တခါတရံ အများဆုံး ၁,၄၀ဝ မှ ၁,၅၀ဝ ကျပ်ထိသာ ရရှိသည့်အတွက် ‌ကောက်စိုက်သမကို ငှားရမ်းရန် ခက်ခဲလျှက်ရှိသည်ဟု သိရသည်။

ဘဝိုင်း‌ကျေးရွာအုပ်စုရှိ ဥတို‌ကျေးရွာမှ ‌ကောက်စိုက်သမ ‌နော်ပဲ့က “လုပ်ရတာနဲ့ ရတဲ့‌နေ့စားခက တွက်‌ခြေ မကိုက်ဘူး။ ‌နောက် ‌ကောက်စိုက်သမနည်းလာ‌တော့ တစ်ဧကမှာ ၁၂‌ယောက်စိုက်ရမှာကို ၁ဝ ‌ယောက်နဲ့စိုက် ရလည်း ‌နေ့စားခက ၁ဝ ‌ယောက်စာပဲရ‌တော့ မလုပ်ချင်ကြဘူး”ဟု ဆိုသည်။

ယခင်က လယ်ပိုင်ရှင်များသည် ၎င်းတို့အတွက် ‌ကောက်သွားစိုက်‌ပေးသည့်အခါ ထမင်း၊ ဟင်းနှင့် မုန့် စသည် တို့ ‌ကျွေးနိုင်‌သော်လည်း ‌ကောက်စိုက်သမများကို ယခုလို ‌နေ့စားခပို‌ပေး၍ ငှားရမ်းရသည့်အတွက် ‌ရေ‌နွေး ကြမ်း၊ ‌ဆေးလိပ်‌လောက်သာ တိုက်နိုင်‌တော့သည်ဟုလည်း သူမက ဆက်‌ပြောသည်။

ထို့အပြင် ပန်းတ‌နော်မြို့တွင် ‌ကောက်စိုက်‌နေ့စားခ နည်းပါးခြင်း‌ကြောင့် အထူးသဖြင့် လက်ရှိ‌ကောက်စိုက်နိုင် ‌သော အရွယ်‌ရောက်သူများသည် ရန်ကုန်မြို့‌ပေါ်သို့ သွား‌ရောက်ပြီး ပိုမိုဝင်‌ငွေရ‌သော စက်ရုံအလုပ်ရုံလုပ်ငန်း၊ ‌ဈေး‌ရောင်းနှင့် အိမ်‌ဖော် စသည့် အလုပ်များကို ‌ပြောင်းလဲလုပ်ကိုင်ကြခြင်းဖြစ်‌ကြောင်း ‌ဒေသခံများက ဆိုသည်။

၎င်း‌ဒေသအတွင်းရှိ လယ်တစ်ဧကလျှင် တစ်‌နေ့တာ ‌ကောက်စိုက်စာရိတ်မှာ ၁၄,၄၀ဝ ကျပ် ကုန်ကျပြီး လယ် ပိုင်ရှင်အများစုမှာ အစိုးရ၏ လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်မှ ‌ချေး‌ငွေယူသလို ‌ငွေတိုး‌ပေးစားသူများထံမှလည်း ၂ဝ ရာခိုင်နှုန်းအတိုးဖြင့် ‌ချေး‌ငွေယူ၍ လယ်လုပ်ငန်းများ လုပ်‌နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ မိုးရာသီ ‌ကောက်စိုက်ကာလ၌ ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌ကောက်စိုက်သမတစ်ဦး၏ ‌နေ့စားခမှာ ၁,၀၀ဝ ကျပ်သာ ရှိသည်ဟု ‌ဒေသခံ‌ကောက်စိုက်သမများက ‌ပြောဆို‌နေကြသည်။