Home သတင်း ရွာများကို ‌ရှောင်ကွင်း၍ ဖရူးဆိုးမြို့နယ်တွင် သစ်‌တောကြိုးဝိုင်း သတ်မှတ်သွားမည်

ရွာများကို ‌ရှောင်ကွင်း၍ ဖရူးဆိုးမြို့နယ်တွင် သစ်‌တောကြိုးဝိုင်း သတ်မှတ်သွားမည်

3067
ဩဂုတ်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

karenni-landသစ်‌တောကြိုးဝိုင်းအဖြစ် သတ်မှတ်မည့် ‌နေရာများရှိ ‌ကျေးရွာများအား ဖယ်ရှားခြင်း မပြုဘဲ ‌ရှောင်ကွင်း၍ ကြိုး ဝိုင်းဧရိယာ ‌ရေးဆွဲသတ်မှတ်သွားမည်သာဖြစ်သဖြင့် စိုးရိမ်မှုမဖြစ်ရန် ကယားပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်း ‌ရေးနှင့် သစ်‌တော‌ရေးရာဝန်ကြီး ဌာနမှ ယမန်‌နေ့က ‌ပြောကြားလိုက်သည်။

ကယား(ကရင်နီ)ပြည်နယ် အ‌နောက်ဖက် ဖရူးဆိုးမြို့နယ်ရှိ ဟိုယာ၊ ‌ကေ‌ကော၊ မိုဆို၊ ဒိုလာ‌စော၊ ‌ရေ‌အေပရား စသည့် ‌ကျေးရွာစုစု‌ပေါင်း (၃၀)‌ကျော်ကို ‌ရှောင်ကွင်းကာ သစ်‌တောကြိုးဝိုင်းအဖြစ် သတ်မှတ်သွားမည်ဟု ကယားပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် သစ်‌တော‌ရေးရာဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦး‌အောင်ခိုင် က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦး‌အောင်ခိုင်က “သစ်‌တောကြိုးဝိုင်းအတွင်း ‌ရောက်‌နေတဲ့ ရွာ (၃၀)‌ကျော် ရှိတယ်။ ကျ‌နော်တို့က သချုႋင်း၊ ဘုရား‌ကျောင်း၊ လယ်‌မြေ‌တွေကအစ အားလုံးကို ရွာ‌မြေအဖြစ် သတ်မှတ်‌ပေးသွားမှာပါ။ ‌တောင်ယာ‌မြေက ‌တော့ မသိ‌သေးပါဘူး”ဟု ‌ပြောဆိုသည်။

ထို့အပြင် ယခု ဩဂုတ်လ ၂ရက်‌နေ့က သစ်‌တောကြိုးဝိုင်းအတွက် စာတင်ထားပြီးဖြစ်သလို ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူးများကိုလည်း ‌ပြောပြအ‌ကြောင်းကြားထားပြီဖြစ်‌ကြောင်း ဦး‌အောင်ခိုင်က ဆက်‌ပြောသည်။

သစ်‌တောကြိုးဝိုင်း သတ်မှတ်မည့် ‌နေရာများတွင် ရွာများ‌ပြောင်း‌ရွှေ့ရမည်ကို အဆိုပါ ‌ဒေသခံများက အ‌စော ပိုင်းတွင် စိုးရိမ်‌နေကြသည်ဟု ကယားပြည်နယ်တွင် လှုပ်ရှား‌နေသည့် ကရင်နီအမျိုးသားငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုး တိုးတက်‌ရေးပါတီမှ တာဝန်ရှိသူတစ်ဦးကလည်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ဆီမှာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးကအစ မြန်မာစကားကို ‌သေ‌သေချာချာနား မလည်ကြဘူး။ သစ်‌တော ကြိုးဝိုင်းလုပ်မယ်ဆို‌တော့ အားလုံးက ရွာ‌တွေ‌ပြောင်း‌ပေးရမယ်ဆိုပြီး စိုးရိမ်‌နေကြတာ။ တချို့က ရွာ‌ပြောင်းခိုင်း ရင်‌တော့ ပြန်ခုခံမယ်‌ပေါ့။ ဒါ‌ပေမယ့် ရွာမပါဘူးလို့ ကြားရ‌တော့ သူတို့ ဝမ်းသာတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ထို‌ဒေသရှိ ‌ကျေးရွာများမှာ လွန်ခဲ့သည့် နှစ်‌ပေါင်း ၃၀ဝ ‌ကျော်ခန့်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ‌ရှေးရိုးစွဲ
နတ်စားဘာသာဝင်များဖြစ်ကြသည့် ကယားနှင့် က‌ယောလူမျိုးစုများ‌နေထိုင်ကြကာ လယ်ယာနှင့် ‌တောင်ယာ လုပ်ငန်းများဖြင့် အဓိက အသက်‌မွေးဝမ်း‌ကျောင်းပြုကြသည်ဟု သိရသည်။

လက်ရှိ သစ်‌တောကြိုးဝိုင်းသတ်မှတ်သွားမည့် အဆိုပါ ‌ဒေသအတွင်းတွင် သစ်‌တောကြိုးဝိုင်းအကျယ်အဝန်း မည်မျှထားရှိမည်ကို မချမှတ်ရ‌သေး‌ကြောင်းနှင့် တိုင်းထွာမှု မလုပ်ရ‌သေး‌ကြောင်း ကယားပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် သစ်‌တော‌ရေးရာဝန်ကြီးဌာနက ဆိုသည်။