Home သတင်း သိသာထင်ရှားသည့် လုပ်ငန်းများအစိုးရ မ‌ဆောင် ရွက်‌သေး‌ကြောင်း ‌ကေအဲန် ယူ ‌ပြောဆို

သိသာထင်ရှားသည့် လုပ်ငန်းများအစိုးရ မ‌ဆောင် ရွက်‌သေး‌ကြောင်း ‌ကေအဲန် ယူ ‌ပြောဆို

1742
ဩဂုတ်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

Chaimanလက်ရှိအစိုးရအ‌နေဖြင့် လူမျိုးစုပြဿနာ ‌ဖြေရှင်းရန်နှင့် ဒီမိုက‌ရေစီနိုင်ငံ အပြည့်အဝထူ‌ထောင်ရန် သိသာထင်ရှားသည့် လုပ် ငန်းများမရှိ‌သေး‌ကြောင်း ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး‌စောမူတူး‌စေးဖိုး၏ ၆၃နှစ်‌မြောက် ကရင် အမျိုးသား အာဇာနည်‌နေ့သို ့‌ပေးပို့သည့် ၎င်း၏သဝဏ်လွှာတွင် ‌ပြောဆိုလိုက်သည်။

ထိုသို့ ဖြစ်‌နေသည့်အ‌ပေါ် ကရင်တစ်မျိုးသားလုံးစုစည်းညီညာစွာ မိမိအမျိုးသားများ၏ လိုအင်ဆန္ဒများကို ‌ဖော်ထုတ်ကာ ကရင် အာဇာနည်တို့၏ ‌မျှော်လင့်ချက်ဖြည့်ဆည်းရန် လုပ်‌ဆောင်ကြရမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဥက္ကဌ သဝဏ်လွွှာတွင် တိုက်တွန်း ‌ပြောကြားထားသည်။

‌ကေအဲန်ယူ ဥက္ကဌ သဝဏ်လွွှာတွင် ပါရှိသည့် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့်ပတ်သက်၍ ‌ကေအဲန်ယူ၏ ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက “အခုက အစိုးရနဲ့ ပဏာမအပစ်အခတ်ရပ်စဲ‌ရေးပဲ ရှိ‌သေးတယ်။ ပထမ‌ခြေလှမ်းပဲ စ‌သေးတယ်။ ‌နောက်ထပ် ခိုင်မာတဲ့ အပစ်ရပ်‌ရေးပြီး ယုံကြည်မှု တည်‌ဆောက်‌ရေးစတဲ့လုပ်ရမှာ။ ဒီ‌တော့ ကရင်အမျိုးသားများ အားလုံး စုစည်းညီညွှတ်ဖို့ လိုတယ်”ဟု ‌ပြောသည်။

ပထမ‌ခြေလှမ်းသာရှိ‌သေးသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းအတွက် ဆက်လက် တိုက်ပွဲဝင်ပြီး ‌ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံ‌ရေး၊ စီးပွား‌ရေးအ‌ခြေအ‌နေအရ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ပြည်တွင်းပြည်ပ ကရင်အမျိုးသားများအားလုံး စုစည်းလုပ်‌ဆောင်သွားကြ ကာ ဆက်လက် လုပ်‌ဆောင်ကြရမည်ဟု ၆၃နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အမှာစကားအ‌နေဖြင့် ‌ပြောကြားလို‌ကြောင်း ဗိုလ် ချုပ်ကြီး‌စော‌ဂျော်နီက ဆိုသည်။

ထို့အပြင် ‌ကေအဲန်ယူသည် ကရင်အမျိုးသားတို့၏ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် မြန်မာအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ဖြေ ရှင်းခဲ့ပြီး ပဏာမအပစ်အခတ် ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှုကို ရယူရာ၌ နိုင်ငံ‌ရေးအရ ရုန်းကန်လှုပ်ရှားမှု ‌ဆောင်ရွက်သည့်အခါ အသိပညာနှင့် သတိရှိရန်လို‌ကြောင်းလည်း ဥက္ကဌ၏ သဝဏ်လွှာထဲတွင် ‌ပြောဆိုထားသည်။

ကရင်အမျိုးသား‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီးကျဆုံးသည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို ကရင့်အာဇာနည်‌နေ့အဖြစ် သတ်မှတ်ကာ ထို‌နေ့အတွက် အဆက်ဆက်‌သော ‌ကေအဲန်ယူ ဥက္ကဌများက မိန့်ခွန်းများ၊ သဝဏ်လွှာများ နှစ်စဉ် ‌ပေးပို့‌လေ့ရှိ သည်။