Home သတင်း အကြမ်းဖက် ဗုံးခွဲမှုသည် မိမိတို့၏ လမ်းစဉ်မဟုတ်ဟု ‌ကေအဲန်ယူဆို

အကြမ်းဖက် ဗုံးခွဲမှုသည် မိမိတို့၏ လမ်းစဉ်မဟုတ်ဟု ‌ကေအဲန်ယူဆို

2122
ဇန်နဝါရီလ ၂၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

လာမည့် ‌ရွေး‌ကောက်ပွဲ ပျက်ပြား‌စေရန်အတွက် အကြမ်းဖက် ဗုံးခွဲမှုလုပ်ငန်းများ ကြံစည်လုပ်‌ဆောင်‌နေသည်ဟု စစ်အစိုးရ၏ စွပ်စွဲ ချက်အရ ၎င်းတို့၏ လမ်းစဉ်မဟုတ်‌ကြောင်း ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ)က ‌ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ရက်‌နေ့က ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်၊ သိမ်တန်းရပ်ကွက်နှင့် ‌မေတ္တာရပ်ကွက်တို့တွင် ‌ကေအဲန်ယူ တပ် မဟာ(၃) လက်‌အောက်ခံ တပ်ဖွဲ့တဖွဲ့က မိုင်း‌ထောင်‌ဖောက်ခွဲခဲ့‌ကြောင်း စစ်အစိုးရ၏ သတင်းစာပါ ‌ရေးသားချက်များသည် မဟုတ် မှန်‌ကြောင်း ‌ကေအဲန်ယူ ဒု-ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ယ‌နေ့တွင် ‌ကေအိုင်စီကို ‌ပြောသည်။

သူက “နအဖက ပြည်တွင်းမှာရှိတဲ့ ကရင်လူထု‌တွေ ‌ကေအဲန်ယူအ‌ပေါ် အထင်မှားအမြင်မှား‌အောင် လုပ်ကြံ‌ပြောဆိုတာဖြစ်တယ်။ လွန်ခဲ့တဲ့ ဖာပွန်ဗုံး‌ပေါက်မှု၊ အခု ‌ကျောက်ကြီးမြို့နယ် ဗုံး‌ပေါက်ကွဲမှု‌တွေဟာ ‌ကေအဲန်ယူက လုပ်တာမဟုတ်ဘူး။ ‌ကေအဲန်ယူနဲ့ ဘာ မှမဆိုင်ဘူး။ လမ်းစဉ်လည်း မရှိဘူး။ သူတို့ကိုယ်တိုင် မိုင်း‌ထောင်‌ဖောက်ခွဲပြီး‌တော့ ‌ကေအဲန်ယူအ‌ပေါ် အပြစ်လွဲချတာဖြစ်တယ်”ဟု ‌ပြောသည်။

ဆက်လက်၍ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “နအဖက အခုပြုလုပ်မယ့် ‌ရွေး‌ကောက်ပွဲကို အရူးအမှူးဖြစ်‌နေတာ။ အဲဒီ ‌ရွေး‌ကောက်ပွဲ မှာ သူတို့ အနိုင်ရဖို့အတွက် သူတို့ကို ဆန့်ကျင်တဲ့အဖွဲ့‌တွေကို အကြမ်းဖက်အဖွဲ့‌တွေလို့ ပြည်သူ‌တွေ အထင်မှား‌အောင် လုပ်တာဖြစ် တယ်။ ‌နောက်တခုက ကျ‌နော်တို့ ‌ကေအဲန်ယူကို အကြမ်းဖက်အဖွဲ့ဆိုပြီး‌တော့ ကရင်ပြည်နယ်ကို ထိုးစစ်ဆင်ဖို့အတွက် ကြံစည် လုပ်‌ဆောင်တာဖြစ်တယ်”ဟု ‌ပြောဆိုသွားသည်။

နအဖ စစ်အစိုးရ၏ သတင်း‌ဖော်ပြချက်ထဲတွင် ပြီးခဲ့‌သောနှစ် ဒီဇင်ဘာ ၁၆ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ (၅)လက်‌အောက်ခံ တပ်ဖွဲ့တဖွဲ့က ကရင်ပြည်နယ်၊ ဖာပွန်မြို့ ကရင်နှစ်သစ်ကူးပွဲအခမ်းအနားပြုလုပ်သည့် ကွင်းထဲတွင် မိုင်း‌ထောင်‌ဖောက်ခွဲခဲ့မှု‌ကြောင့် အရပ်သား ပြည်သူ ၇ဦး‌သေဆုံးခဲ့ပြီး ၁၂ဦးဒဏ်ရာ ရရှိခဲ့သည်။ ယခု ဇန်နဝါရီလ ၂၆ရက်‌နေ့က ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်တွင် ‌ဖောက်ခွဲမှုများ လုပ်‌ဆောင်လာ‌သော‌ကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ထပ်မံ ‌ဖော်ပြထားပြန်သည်။

အလားတူ ‌ကေအဲန်ပီပီအဖွဲ့ကလည်း ဇန်နဝါရီလ ၉ရက်‌နေ့တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ တာဝါတိုင်အမှတ်(၁၉၉)နှင့် ဇန်နဝါရီလ ၂၃ရက်‌နေ့တွင် ကယားပြည်နယ်၊ ဒီ‌မောဆိုမြို့နယ်ရှိ တာဝါတို်င်အမှတ်(၁၃၄)ကို မိုင်း‌ထောင်‌ဖောက်ခွဲကာ ဖျက်ဆီးခဲ့ သည်ဟု စစ်အစိုးရသတင်းစာထဲတွင် ပူးတွဲ‌ဖော်ပြထားသည်။

ထို့အပြင် ဇန်နဝါရီလ (၂၂)ရက်တွင် မဂင်္လာဒုံမြို့နယ်မှ ‌ကျော်‌ဇေလင်း(ခ)ကိုဆိုင်း အပါအဝင် ‌ဖောက်ခွဲ‌ရေးသမား ၁၁ဦးကို ‌ဒေသန္တ ရလုပ် ချိန်ကိုက်မိုင်း ၂လုံး၊ စပိန်နိုင်ငံလုပ် Astra ဒသမ ၃၂ ပစ်စတိုတလက်၊ ကျည်ကပ်တခုနှင့် ကျည် ၃၃‌တောင့်ကိုပါ ‌ဖောက်ခွဲ ‌ရေးကိရိယာများနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း ထည့်သွင်း‌ရေးသား‌ဖော်ပြထားသည်။

သို့‌သော် အဆိုပါလုပ်ရပ်များသည် နအဖ စစ်အစိုးရ၏ လုပ်ရပ်များသာဖြစ်‌ကြောင်း ပြည်သူလူထုများကို ထိခိုက်‌စေမည့် အကြမ်း ဖက် ‌ဖောက်ခွဲမှုလုပ်ငန်းများကို ‌ကေအဲန်ယူ၏ မူလမ်းစဉ်များထဲတွင် ပြဌာန်းထားခြင်းမရှိ‌ကြောင်း ယမန်‌နေ့က ‌ကေအဲန်ယူမှ ‌ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။