Home သတင်း အချင်းချင်း ပစ်ခတ်မှု‌ကြောင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်ဖွဲ့ဝင် ၃ဦး‌သေဆုံး

အချင်းချင်း ပစ်ခတ်မှု‌ကြောင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်ဖွဲ့ဝင် ၃ဦး‌သေဆုံး

3012
ဩဂုတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

5-pc1ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်မြစ်အ‌နောက်ဘက်ရှိ ဘင်ဂျီရွာတွင် ဩဂုတ် ၁၃ရက်၊ နံနက် (၉)နာရီခွဲအချိန်က KNU/ KNLA Peace Council တပ်ဖွဲ့ဝင်‌လေးဦးတို့သည် ကား‌ပေါ်မှာ အချင်းချင်းအကြား အငြင်းပွားကြပြီး ‌သေနတ်ဖြင့် ပစ်ခတ်ကြမှု ‌ကြောင့် ၃ဦး ‌သေဆုံးသွားခဲ့သည်။

၎င်းပစ်ခတ်မှုတွင် ‌သေဆုံးသူများမှာ ‌စောဘကျမ်း၊ ‌စောထွန်းမြင့်၊ ‌စော‌နေထူးတို့ဖြစ်ပြီး ‌စောလှဝင်းဆိုသူ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု KNU/KNLA PC ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောဂျိုးဇက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဖြစ်ပွားတာက အချင်းချင်းပဲ။ အသက်ရှင် ကျန်ရစ်သူတစ်ဦးကို အခု ဖားအံမြို့မှာရှိတဲ့ (မြန်မာအစိုးရ) တပ်မ(၂၂)က ‌ခေါ်ယူစစ် ‌ဆေး‌နေတုန်းပဲ။ ဖြစ်စဉ်အ‌သေးစိတ်ကို‌တော့ မသိရ‌သေးဘူး”ဟု ဗိုလ်မှူး‌စောဂျိုးဇက်က ‌ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ KNU/KNLA PC ဗျူဟာ(၁) တာဝန်ခံ ဗိုလ်မှူး‌စော‌အောင်ပိုင်သိမ်းက ထိုသို့ အခင်းမဖြစ် ပွားခင်တွင် ၎င်းတို့‌လေးဦးသည် နဘူးမြို့နယ်၊ ထို့‌ကော်ကိုးရွာတွင် ပြုလုပ်သည့် ကရင်အာဇာနည်‌နေ့ အခမ်းအနားသို့ အတူတူ သွား‌ရောက်ခဲ့ကြ‌သေးသည်ဟု ဆိုသည်။

သို့‌သော် ၎င်းတို့သည် သံလွင်မြစ်အ‌နောက်ဘက်သို့အသွား ဘင်ဂျီရွာအ‌ရောက်တွင် ရုတ်တရက် အချင်းချင်း ပစ်ခတ်ခဲ့ကြရာမှ ယခုလို ‌သေဆုံးမှုအထိ ဖြစ်ပွားရခြင်းဖြစ်သည်ဟု မျက်မြင်‌တွေ့ကြသည့် ဘင်ဂျီရွာသားများက ပြန်လည်‌ပြောပြ‌ကြောင်း ၎င်းဗိုလ် မှူးက ဆက်‌ပြောသည်။

“သူတို့‌လေး‌ယောက်က ကားတစ်စီးတည်း အတူတကွ စီးပြီး အခင်းမဖြစ်ခင် အဲဒီမနက်မှာပဲ အချင်းချင်း ရယ်ရယ်‌မော‌မောနဲ့ ကျ‌နော် ‌တွေ့ရ‌သေးတယ်။ ရုတ်တရက် ဒီလိုဖြစ်ကြတာ အံ့ဩမိတယ်”ဟု ဗိုလ်မှူး‌စော‌အောင်ပိုင်သိမ်းက ‌ကေအိုင်စီသို့ ‌ပြောဆို သည်။

လက်ရှိအချိန်တွင် ၎င်းပစ်ခတ်မှုအတွင်း သုံးခဲ့သည့် ပစ္စတို (၂)လက်ကိုလည်း အစိုးရစစ်တပ် တပ်မ(၂၂)က သိမ်းဆည်းထားပြီး အခင်းဖြစ်ပွားမှု အ‌သေးစိတ်ကိုမူ ပြည်နယ်ရဲများက ကိုင်တွယ်‌ဖြေရှင်း အ‌ရေးယူသွားမည်ဟု ဖားအံမြို့နယ်မှ တာဝန်ကျ ရဲဝန် ထမ်းတစ်ဦးက ‌ပြောသည်။

ဗိုလ်မှူးချုပ်‌စောထင်‌မောင် ဦးစီးလျှက်ရှိသည့် KNU/KNLA Peace Council အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်း‌ရေး လုပ်‌ဆောင်ခဲ့သည့်အဖွဲ့ ဖြစ်သည်။