Home သတင်း ဒုက္ခသည်များကို အတင်း မ‌ရွှေ့‌ပြောင်းသင့်‌ကြောင်း ကင်တားနားထံ Equality Myanmar တင်ပြ

ဒုက္ခသည်များကို အတင်း မ‌ရွှေ့‌ပြောင်းသင့်‌ကြောင်း ကင်တားနားထံ Equality Myanmar တင်ပြ

2026
ဩဂုတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

quintana1မြန်မာနိုင်ငံ တိုင်းရင်းသား‌ဒေသများရှိ စစ်‌ဘေး‌ရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံ‌နေသူများကို အတင်းအကြပ် ဖိအား‌ပေး ‌ရွှေ့‌ပြောင်းခိုင်းမှု မပြုလုပ်သင့်‌ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် မစ္စတာ‌သော မတ်စ်အို‌ဂျေးကင်တားနားကို တင်ပြ‌ဆွေး‌နွေးခဲ့‌ကြောင်း Equality Myanmar အဖွဲ့က ‌ပြောသည်။

မြန်မာနိုင်ငံသို့ ‌ရောက်ရှိ‌နေသည့် ‌သောမတ်စ် အို‌ဟေးကင်တားနားကို ဩဂုတ်လ ၁၂ရက်‌နေ့က ရန်ကုန်မြို့၌ ‌တွေ့ဆုံစဉ် ထိုကဲ့ သို့ တင်ပြလိုက်ခြင်းဖြစ်‌ကြောင်း Equality Myanmar အဖွဲ့မှ တာဝန်ခံ ဦး‌အောင်မျိုးမင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“စစ်‌ဘေး‌ရှောင်ဒုက္ခသည်စခန်း‌တွေမှာ ‌နေထိုင်တဲ့သူ‌တွေရဲ့ ဆန္ဒမပါဘဲ ဖိအား‌ပေးပြန်ပို့ဖို့ လုပ်‌နေတာ၊ ပြန်ပို့တဲ့အခါလည်း ‌နေရာ‌တွေကို ဖြစ်သလိုစီစဉ်ထားတာ။ ‌နောက် ဒုက္ခသည်စခန်း‌တွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး‌တွေ စတဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အချက်အလက်‌တွေကို တင်ပြ‌ဆွေး‌နွေးခဲ့ပါတယ်။”ဟု ဦး‌အောင်မျိုးမင်းက ‌ပြောသည်။

ယင်းသို့ တင်ပြခဲ့မှုအ‌ပေါ် လူ့အခွင့်အ‌ရေးအထူးကိုယ်စားလှယ် ကင်တားနားက ၎င်းအ‌နေဖြင့်လည်း စစ်‌ဘေး‌ရှောင်ဒုက္ခသည် များ၏ လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေများကို အဆက်မပြတ် ‌စောင့်ကြည့်‌နေသလို လူ့အခွင့်အ‌ရေးကိစ္စအတွက် အတတ်နိုင်ဆုံး ‌ဆောင်ရွက်‌ပေးသွားမည်ဟု ပြန်လည်‌ဆွေး‌နွေး‌ပြောကြားခဲ့‌ကြောင်း ဦး‌အောင်မျိုးမင်းက ဆက်‌ပြောသည်။

လက်ရှိအချိန်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းများ၌ ‌နေထိုင်သူများကို ပြည်နယ်အစိုးရက ‌တောင်‌ခြေ‌ရေဝပ် ဧရိယာတွင် ‌ဆောက်လုပ်‌နေရာချထား‌ပေးမည်ဖြစ်သည့်အတွက် ‌ပြောင်း‌ရွှေ့‌နေထိုင်ရန် ဆန္ဒရှိမရှိ ဒုက္ခသည်စခန်းများသို့ စာရင်း ‌ကောက်ယူ‌သော်လည်း ဒုက္ခသည်အများစုက မ‌ပြောင်း‌ရွှေ့လို‌ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ စစ်‌ဘေးဒုက္ခသည် ၅၀၀‌ကျော်‌နေထိုင်သည့် ကုန်း‌ကျော်ဒုက္ခသည်စခန်းကို သျှမ်းပြည်နယ်အ‌ရှေ့ပိုင်း၊ မိုင်း တုံမြို ့နယ်၊ မိုင်းတားမြို့နယ်ခွဲသို့ ‌ပြောင်း‌ရွှေ့မည်ကို ဒုက္ခသည်များဆန္ဒမပါဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် အဓမ္မ မ‌ဆောင်ရွက်သင့်‌ကြောင်း သျှမ်းလူမှုအဖွဲ့အစည်းက ဩဂုတ်လ ၉ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ခိုင်မာသည့် အပစ်အခတ်ရပ်စဲ‌ရေးအဆင့် မ‌ရောက် ရှိ‌သေးချိန်တွင် ဒုက္ခသည်များအား အတင်းအကြပ် မ‌ပြောင်း‌ရွှေ့သင့်‌သေးသလို ပြန်လည်‌နေရာချထား‌ရေး လုပ်‌ဆောင်ပါက လည်း ဒုက္ခသည်များ၏ ဘဝအာမခံချက်ရရှိ‌ရေးအတွက် ဖန်တီး‌ပေးရန်လို‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ (KRC)၏ တွဲဖက် အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ပြီးခဲ့သည့် ‌မေလ ၂၁ရက်‌နေ့က ဘားအံမြို့၌ ကျင်းပခဲ့သည့် ကရင်ပြည်နယ် ငြိမ်းချမ်း ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ပြောကြားခဲ့သည်။

ရန်ကုန်မြို့သို့ ‌ရောက်ရှိ‌နေသည့် ‌သောမတ်စ် အို‌ဟေးကင်တားနားသည် ယမန်‌နေ့ ည‌နေပိုင်းတွင် ‌တောင်သူလယ်သမား အသင်း အဖွဲ့၊ အလုပ်သမားအသင်းအဖွဲ့‌ရှေ့‌နေများအသင်းအဖွဲ့ စသည့် လူမှုအဖွဲ့အစည်းများနှင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသများတွင် စစ်‌ဘေး‌ကြောင့် လက်ရှိ‌နေရပ်စွန့်ခွာရသူ ဒုက္ခသည်‌ပေါင်း ‌ခြောက်သိန်းသုံး‌သောင်း ‌ကျော်ရှိသည့်အနက် ကရင်ပြည်နယ်နှင့် အနီးတဝိုက်‌နေရာများမှ ဒုက္ခသည်များမှာ ‌လေးသိန်း‌ကျော်ရှိ‌ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ‌ပေး‌ရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)၏ ထုတ်ပြန်ချက်အရ သိရသည်။