Home သတင်း ‌ကေအဲန်ယူနှင့် ဘီဂျီအက်ဖ် တိုက်ပွဲကိစ္စ နှစ်ဖက်တုံ့ပြန်မှု ကွဲပြား

‌ကေအဲန်ယူနှင့် ဘီဂျီအက်ဖ် တိုက်ပွဲကိစ္စ နှစ်ဖက်တုံ့ပြန်မှု ကွဲပြား

2034
ဩဂုတ်လ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသ‌ဒေါင့်ထာ့‌ကျေးရွာအုပ်စုရှိ ဝဲကြီး‌နေရာ၌ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) လက် ‌အောက်ခံတပ်ဖွဲ့နှင့် နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်)တို့အကြား ယမန်‌နေ့ နံနက် ၃နာရီ‌ကျော်က ဖြစ်ပွားခဲ့ရာ တိုက်ပွဲနှင့်ပတ် သက်၍ နှစ်ဖက်အဖွဲ့များ၏ ထွက်ဆိုမှုမှာ ကွဲပြားလျှက်ရှိသည်။

ယင်းတိုက်ပွဲတွင် ဘီဂျီအက်ဖ်ဘက်က ၎င်းတို့တပ်ဖွဲ့၏ ဝဲကြီးစခန်း အလစ်ငိုက် အတိုက်ခိုက်ခံရ‌ကြောင်း ‌ပြော‌သော်လည်း ‌ကေအဲန်ယူဘက်က ၎င်းတို့သတ်မှတ်နယ်‌မြေအတွင်း ဝင်‌ရောက်လှုပ်ရှား‌သော‌ကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်‌ကြောင်း ‌ပြော ဆိုခဲ့ကြသည်။

ဘီဂျီအက်ဖ်၏ သတင်းနှင့် ပြန်ကြား‌ရေး အတွင်း‌ရေးမှူး ဗိုလ်မှူးနိုင်‌မောင်‌ဇော်က “ကျ‌နော်တို့ဘက်က အလစ်ငိုက် တိုက်ခံရတာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် တစ်‌ယောက်ကျသွားတယ်။ နှစ်‌ယောက် ဒဏ်ရာရရှိသွားတယ်။ အခု ဒဏ်ရာရရှိထားတဲ့ နှစ်ဦးကို ‌မော် လမြိုင်‌ဆေးရုံကြီး ပို့ထားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သို့‌သော် ‌ကေအဲန်ယူ တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က “ကျ‌နော်တို့ တပ်ရင်း(၁၀၂)က တိုက်ပွဲဖြစ်တယ်လို့ပဲ သတင်းပို့လာတယ်။ ဘာ‌ကြောင့် တိုက်ပွဲဖြစ်တယ်ဆိုတာ စုံစမ်း‌ဖော်ထုတ်ဆဲပါ။ အခုဖြစ်ပွားတဲ့ တိုက်ပွဲအ‌ပေါ် ဘီဂျီအက်ဖ်နဲ့ ကျ‌နော်တို့ရဲ့ သတင်းအချက်အလက်တချို့ လွဲ‌နေတာ ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုက်ပွဲတွင် ‌ကေအဲန်အယ်လ်‌အေ၏ M-79 ၁လက်နှင့် ကျည်ဆံ ၂ဝကို သိမ်းဆည်းရမိ‌ကြောင်း ဘီဂျီအက်ဖ်မှ ရရှိထားသည့် သတင်းအချက်အလက်မှာ မဟုတ်မှန်‌ကြောင်း ဗိုလ်မှူး‌စောကလယ်ဒို့က ဆက်လက် ‌ပြောဆိုသည်။

ယခုတိုက်ပွဲတွင် ‌ကေအဲန်ယူ တပ်မဟာ(၅) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-‌ကေအဲန်အယ်လ် ‌အေ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၄)မှ ဗိုလ်‌စောအဲ့ကမွီး ဦး‌ဆောင်သည့် အင်အား ၂ဝခန့်ရှိအဖွဲ့နှင့် ဘီဂျီအက်ဖ် အမှတ်(၁) တပ်နယ် ကွပ်ကဲမှု လက်‌အောက်ခံ (၁၀၁၄)တပ်ရင်းမှ ဗိုလ်‌အေဘီလွင် ဦး‌ဆောင်သည့် အင်အား ၁၅ဦးရှိအဖွဲ့များဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်‌နေ့က ဘီဂျီအက်ဖ် (၁၀၁၄)တပ်ရင်းမှူး ဗိုလ်မှူး‌မောင်ချစ်သည် အဆိုပါ‌ဒေသအတွင်းရှိ ‌ကေအဲန် အယ်လ်‌အေ အ‌ခြေစိုက်‌နေရာများတွင် သွား‌ရောက်လှုပ်ရှားကြရန် ညွှန်ကြားမှုများရှိခဲ့သလို ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ ကို‌တွေ့ရှိပါက ပစ်ခတ်ရန်လည်း ညွှန်ကြားထားသဖြင့် ‌ကေအဲန်အယ်လ်‌အေ (၁၀၂)တပ်ရင်း၊ တပ်ခွဲ(၄)က အပစ်အခတ် ရပ်စဲ ထားစဉ်တွင် တဖက်နှင့်တဖက် နယ်‌မြေတိုးချဲ့‌ရေး သ‌ဘောဆန်သည့် သွားလာလှုပ်ရှားမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ ‌ဒေသခံ ရွာသားများမှတဆင့် ဘီဂျီအက်ဖ်ထံ ‌မေတ္တာရပ်ခံခဲ့သည်ဟု ဗိုလ်မှူး‌စောကလယ်ဒို့က ဆက်‌ပြောသည်။

ယခုတိုက်ပွဲအ‌ပေါ် ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “ကျ‌နော်တို့ တပ်မဟာ (၅)ရဲ့ တရားဝင်သတင်း အရ ဘီဂျီအက်ဖ် ဝဲကြီးစခန်းကို သွားပစ်တာ မပါဘူး။ ဒါ‌ပေမယ့် ဇူလိုင်လက ဗိုလ်မှူး‌မောင်ချစ်က သူတို့ရဲ့ လူ‌တွေကို ညွှန်ကြားမှု ‌တွေ လုပ်ပြီးတဲ့‌နောက် ဒီလို တိုက်ပွဲဖြစ်လာတာ ဆက်စပ်‌နေပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ယခုဖြစ်ပွားသည့် တိုက်ပွဲကိစ္စကို ၎င်းတို့အ‌နေဖြင့် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး ‌ကော်မတီနှင့် ၎င်း‌ကော်မတီဥက္ကဌ ‌ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီထံသို့ တင်ပြထားပြီးဖြစ်‌ကြောင်း ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရအကြား ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလမှစ၍ နှစ်ဖက် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီး ‌နောက် ၎င်းတို့‌ဒေသတွင် အစိုးရလက်‌အောက်ခံတပ်ဖွဲ့များနှင့် နှစ်ကြိမ်ထက်မနည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅)၏ ‌ပြောဆိုချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် ကရင်နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်) အပါအဝင် ဒီမိုက‌ရေစီအကျိုးပြု ကရင် အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)၊ KNU/KNLA ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ‌ဟောင်သ‌ရောအထူး‌ဒေသ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ နှင့် ပဒို‌အောင်ဆန်း၏ ဘုရားကုန်း ငြိမ်းချမ်း‌ရေးအဖွဲ့တို့သည် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုးရွာတွင် ‌မေလ ၂၈ရက်‌နေ့က ဖွဲ့စည်းခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည်။