Home သတင်း မြို့မကွင်း၌ ဖားအံဟိုတယ် တည်‌ဆောက်ခွင့်ပြုမှုကို မြို့ခံများ ကန့်ကွက်သွားမည်

မြို့မကွင်း၌ ဖားအံဟိုတယ် တည်‌ဆောက်ခွင့်ပြုမှုကို မြို့ခံများ ကန့်ကွက်သွားမည်

2039
ဩဂုတ်လ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း(‌ကေအိုင်စီ)

2-1-2ကရင်ပြည်နယ် ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့မ‌ဘောလုံးကွင်းတွင် ဟိုတယ်နှင့် ခရီးသွားလာ‌ရေးလုပ်ငန်းဝန်ကြီး ဌာန၊ ပြည်‌ထောင်စုဝန်ကြီးမှ မြ‌ဌေးကြွယ်လင်း ကုမ္ပဏီလီမိတက်ကို ဖားအံဟိုတယ်နှင့် ကုန်တိုက် ‌ဆောက်လုပ်ခွင့်ပြုလိုက်ခြင်းကို မြို့ခံလူထုနှင့် သံဃာ‌တော်များက ကန့်ကွက်မည်ဟု သိရသည်။

၎င်းအ‌ဆောက်အဦ ‌ဆောက်လုပ်‌နေသည့် ‌ဘောလုံးကွင်းသည် လွတ်လပ်‌ရေး‌ကျောက်တိုင် စိုက်ထူထားသည့်‌နေရာဖြစ်ပြီး လွတ်လပ်‌ရေးဖခင်ကြီး ဗိုလ်ချုပ်‌အောင်ဆန်း မိန့်ခွန်း‌ပြောကြားခဲ့သည့် ကွင်းလည်းဖြစ်‌သော‌ကြောင့် ယင်းသို့ ‌ဆောက်လုပ်‌နေမှု ကို ကန့်ကွက်သည့်အ‌နေဖြင့် လက်မှတ်‌ရေးထိုးပြီး ကရင်ပြည်နယ် အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများသို့ ‌တောင်းဆိုသွား ရန် ဩဂုတ်လ ၁၉ရက်‌နေ့က စတင် စာရင်း‌ကောက်ခံ‌နေပြီဟု မြို့ခံလူငယ်တစ်ဦးဖြစ်သူ ‌စောမျိုးသက်က ‌ပြောသည်။

သူက “စာရင်း‌တွေ ကျ‌နော်တို့ စတင်‌ကောက်ယူ‌နေပါပြီ။ ဘယ်‌တော့ ကန့်ကွက်စာတင်မလဲဆိုတာ‌တော့ မသတ်မှတ်ရ‌သေး ဘူး။ အမြန်ဆုံးဖြစ်‌အောင်‌တော့ လုပ်သွားမယ်။ အခုလို အစဉ်အလာရှိခဲ့တဲ့ ‌ဘောလုံးကွင်းကို ဒီလိုမျိုး အ‌ဆောက်အဦး တည် ‌ဆောက်‌နေတာ ‌တွေ့ရ‌တော့ စိတ်မ‌ကောင်းဘူး။ ဒီကွင်းကို အရင်အတိုင်းပဲ ထားရှိ‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်စဉ် ပြုလုပ်‌လေ့ရှိသည့် အာဇာနည်‌နေ့၊ လွတ်လပ်‌ရေး‌နေ့၊ ပြည်‌ထောင်စု‌နေ့ အခမ်းအနားများကို အဆိုပါ ဖားအံမြို့မ ‌ဘောလုံး ကွင်းတွင် ကျင်းပပြီး ကွင်းထဲရှိ ‌ကျောက်တိုင်ကို အထိမ်းအမှတ်လုပ်ကာ ‌ကျောင်းသားပြည်သူများက ချီတက်အ‌လေးပြုကြသလို ‌ပျော်ပွဲရွှင်ပွဲ ကျင်းပရာတွင်လည်း အသုံးပြု‌လေ့ရှိသည်ဟု သူက ဆက်‌ပြောသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(ပီအက်စ်ဒီပီ)၏ ဖားအံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာက “ပြည်သူက ဒီမြို့မ‌ဘောလုံးကွင်းကို အရင်နဂိုအတိုင်း ထားရှိဖို့ပဲ ‌တောင်းဆိုတာ ဖြစ်ပါတယ် ဒီ‌ခေတ်အခါမှာ ပြုပြင်‌ပြောင်းလဲတဲ့အခါ ပြည်သူ့ အသံဟာ အ‌ရေးကြီးပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဆဌမအကြိမ် ပြည်သူ့လွှတ်‌တော်၌ ကြယ်ပွင့်မပြ‌မေးခွန်းနှင့် အ‌ရေးကြီး‌မေးခွန်းများကို ပြည်သူ့လွှတ်‌တော်ဥက္ကဌနှင့် ပြည်ထဲ‌ရေးဝန်ကြီးဌာနထံ နန်း‌စေးအွာက တင်ပြခဲ့ရာ ပြည်ထဲ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး၏ သ‌ဘောထားမှတ်ချက်အ ရ မြို့မ‌ဘောလုံးကွင်းကို ‌ရောင်းကုန်သဖွယ် လက်ဆင့်ကမ်း‌ရောင်းစားကြသည်ကို ‌လေ့လာ‌တွေ့ရှိ‌ကြောင်းနှင့် ပြည်နယ်အစိုးရအ ‌နေဖြင့် အ‌ဆောက်အဦး‌ဆောက်လုပ်ခြင်းမှ ပြန်လည်ရုတ်သိမ်း‌ပေးရန် ညွှန်ကြားခဲ့ပြီးဖြစ်သည်ဟု သိရသည်။
Ball-ground-of-Hpa-an1
သို့‌သော် နန်း‌စေးအွာအ‌နေဖြင့် ၎င်းအ‌ဆောက်အဦး တည်‌ဆောက်မှုကို မည်သည့်အ‌ကြောင်း‌ကြောင့် ခွင့်ပြု‌ပေးသနည်း၊ ပြည်သူ့ ဆန္ဒအတိုင်း မလိုက်‌လျောဘဲ ဆက်လက် လုပ်‌ဆောင်‌နေသည့်အ‌ပေါ် မည်သို့အ‌ရေးယူ‌ပေးသွားမည်ကို ကြယ်ပွင့်မပြ‌မေးခွန်းဖြင့် ပြည်သူ့လွှတ်‌တော်ဥက္ကဌမှတဆင့် တင်ပြထားသည်ဟုလည်း နန်း‌စေးအွာက ဆက်လက် ‌ပြောဆိုသည်။

၎င်းအ‌ဆောက်အဦး တည်‌ဆောက်ရန် ဟိုတယ်နှင့် ခရီးသွားလာ‌ရေးလုပ်ငန်ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး၏ ‌ဆောက်လုပ် ခွင့်ပြုမိန့် အမှတ် ၁၈ ဃ ၂၀၁၃/၄၄၃၃ ဖြင့် ဇွန်လ ၂၈ရက်‌နေ့က ခွင့်ပြုခဲ့ကာ မြ‌ဌေးကြွယ်လင်း ကုမ္ပဏီလီမိတက်၏ ကြီးကြပ်သူ အင်ဂျင်နီယာ ဦးခင်‌ဝေက စီမံကိန်းကာလ ၁နှစ်ဖြင့် ဇူလိုင်လ ၁ရက်‌နေ့မှစ၍ တာဝန်ယူ ‌ဆောက်လုပ်လျှက်ရှိသည်။ျ