Home သတင်း လူဦး‌ရေစာရင်း အမှန်ရရှိ‌ရေး ကရင်ပြည်သူ့ပါတီ ကြိုးပမ်း လုပ်‌ဆောင်

လူဦး‌ရေစာရင်း အမှန်ရရှိ‌ရေး ကရင်ပြည်သူ့ပါတီ ကြိုးပမ်း လုပ်‌ဆောင်

1850
ဩဂုတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

DSC00415
မြန်မာနိုင်ငံ၏ တနိုင်ငံလုံးအတိုင်းအတာအရ လာမည့် ၂၀၁၄ခုနှစ်အတွင်း ‌ကောက်ခံ မည်ဖြစ်‌သော ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် ကရင်လူဦး‌ရေ အမှန်ရရှိရန် ကြိုးပမ်းလုပ်‌ဆောင်‌နေလျှက်ရှိသည်ဟု ကရင်ပြည်သူ့ပါတီ(‌ကေပီပီ)က ယ‌နေ့ ‌ပြောကြားလိုက်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ မွန်ပြည်နယ်၊ တနသင်္ာရီ စသည့် ပြည်နယ်နှင့် တိုင်း ငါးခုတို့တွင် ‌ကောက်ခံသွားမည်ဖြစ်ပြီး အသိပညာ‌ပေး လက်ကမ်းစာ‌စောင် ၃‌သောင်း‌ကျော်ကိုလည်း ‌ဝေငှထားပြီးဖြစ်ကာ ရသင့်ရထိုက် ‌သော အခွင့်အ‌ရေးများ ဆုံးရှုံးမှု မရှိ‌စေရန် ရပ်ကွက်၊ ‌ကျေးရွာများအထိ ကွင်းဆင်း၍ အသိပညာ‌ပေးမှုများ ပြုလုပ်ရန် စီစဉ်ထား ‌ကြောင့် ပါတီ၏ ဒုဥက္ကဌ ‌စော‌စေးဝါးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့က‌တော့ ကရင်လူမျိုးမှန်ရင် မှတ်ပုံတင်ထဲမှာ‌ရော သန်း‌ခေါင်စာရင်းထဲမှာ‌ရော ကရင်လူမျိုးပဲ ဖြစ်ရမယ်။ အဲဒါ‌တွေကို ကရင်ပြည်သူ‌တွေ သိနားလည်‌အောင်လည်း ကျ‌နော်တို့က သတင်စာ‌တွေ၊ စာ‌စောင်‌တွေထဲမှာ ထည့်သွင်းပြီး အသိပညာ‌ပေး တယ်”ဟု ‌စော‌စေးဝါးက ‌ပြောသည်။

ကရင်ပြည်သူ့ပါတီသည် ယခုဩဂုတ်လ၌ အစိုးရ၏ ဝန်ကြီး၊ လူဝင်မှုကြီးကြပ်‌ရေး(လဝက)သို့ လိပ်မူ၍ တိုင်းရင်းသားမျိုးနွယ်စု များ၊ အမည်များ စနစ်တကျ မှန်ကန်စွာ စာရင်း‌ကောက်‌ရေးနှင့် ပတ်သက်သည့်စာ ထုတ်ပြန်ထားသည်။

ထို့အပြင် စာရင်းများ‌ကောက်ခံသည့်အခါ ကရင်လူမျိုးများအ‌နေဖြင့် သန်း‌ခေါင်စာရင်းနှင့် မှတ်ပုံတင်ပြုလုပ်ရာတွင် အမည်‌ရှေ့ တွင် ဦး/‌ဒေါ် များ ‌ရေးသားခွင့်မပြုရန်၊ ကရင်လူမျိုးများ၏ ထူးခြား‌သော ဝိ‌သေသများဖြစ်သည့် ‌စော၊ ‌နော်၊ မန်း၊ စ၊ နန်း၊ နမ့်၊ ဂါ့ စသည်တို့ကို ရဲဝံ့စွာ ‌ရေးသားဖြည့်စွက်‌ပေးရန် ကရင်ပြည်သူ့ပါတီ ထုတ်ပြန်ထားသည့် လက်ကမ်းစာ‌စောင်ထဲတွင် ‌ဖော်ပြထား သည်။

လက်ကမ်းစာ‌စောင်တွင် မည်သည့်ဘာသာကို ကိုးကွယ်ပါ‌စေ ကရင်လူမျိုးဖြစ်လျှင် “လူမျိုး”ဟု ဖြည့်စွက်ရမည့်‌နေရာတွင် ကရင် ဟုသာ ‌ရေးသားဖြည့်စွက်‌ပေးရန်နှင့် မိမိကရင်လူမျိုးအမည် ခံယူခြင်းအားဖြင့် ကရင်အမျိုးသားအ‌ပေါ် သစ္စာ‌စောင့်သိ တာဝန် ‌ကျေမည်ဖြစ်‌ကြောင်း တိုက်တွန်းနှိုး‌ဆော်ထားသည်။

မြန်မာနိုင်ငံတွင် မှီတင်း‌နေထိုင်ကြ‌သော တိုင်းရင်းသားများမှာ ၎င်းတို့၏မှတ်ပုံတင်နှင့် သန်း‌ခေါင်စာရင်းများတွင် လူမျိုးအမည် များကို မှန်ကန်စွာ ထည့်သွင်းအသိအမှတ်ပြုနိုင်‌ရေးအတွက် ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅)မှ ‌စောထွန်းမြ‌အောင်က အမျိုးသားလွှတ်‌တော်တွင် အဆိုတင်ပြပြီး ‌ဆွေး‌နွေးရာ ‌ထောက်ခံသူဦး‌ရေများသဖြင့် လွှတ်‌တော် ဥက္ကဌက ယခုလို အတည်ပြု ပြီးမှ လုပ်‌ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ သန်း‌ခေါင်စာရင်း‌ကောက်ယူခြင်းလုပ်ငန်းကို ၁၈၉၁ခုနှစ်မှစ၍ ၁ဝနှစ်တစ်ကြိမ်ဖြင့် ၁၉၄၁ခုနှစ်အထိ အချိန်မှန် ‌ကောက်ယူခဲ့ပြီး လွတ်လပ်‌ရေးရရှိပြီး‌နောက်ပိုင်း တစ်နိုင်ငံလုံး ပြည့်စုံ‌သော သန်း‌ခေါင်စာရင်းကို ၁၉၇၃ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ခုနှစ်တွင် တစ်ကြိမ်အထိသာ ‌နောက်ဆုံး‌ကောက်ယူခဲ့သည်ဟု သိရသည်။

လာမည့် ၂၀၁၄ခုနှစ်၊ မတ်လ ၃ဝရက်မှ ဧပြီ ၁ဝရက်အထိ မြန်မာနိုင်ငံတွင် ၁၂ရက်အကြာ သန်း‌ခေါင်စာရင်း‌ကောက်ယူမှု ပြုလုပ်မည်ဖြစ်ပြီး ၁၉၈၃ခုနှစ်‌နောက်ပိုင်း နှစ်‌ပေါင်း ၃၀‌ကျော်အတွင်း တနိုင်ငံလုံး အတိုင်းအတာအရ ပြန်လည်‌ကောက်ယူခြင်း ဖြစ်သည်ဟု လက်ရှိ မြန်မာအစိုးရက ထုတ်ပြန်ထားသည်။