Home သတင်း UNFC နှင့် အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု သ‌ဘောတူညီမှုမရ

UNFC နှင့် အစိုးရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှု သ‌ဘောတူညီမှုမရ

1530
စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

UNFC1ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် ‌ရေးလုပ်ငန်း‌ကော်မတီတို့အကြား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယမန်‌နေ့ စက်တင်ဘာလ ၈ရက်‌နေက ‌တွေ့ဆုံပြီး သ‌ဘောတူမှု တစုံတရာမရရှိဘဲ ‌ဆွေး‌နွေးပွဲကို အဆုံးသတ်ခဲ့ရသည်ဟု သိရသည်။

၎င်း‌ဆွေး‌နွေးပွဲတွင် နိုင်ဟံသာ ဦး‌ဆောင်သည့် UNFC က ၎င်းတို့ချမှတ်ထားသည့် နိုင်ငံ‌ရေးလမ်းပြ‌မြေပုံ ၆ချက် ကို တင်ပြခဲ့ပြီး ဝန်ကြီး ဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရဘက်က လာမည့် ‌အောက်တိုဘာလတွင် ပြည်လုံး ကျွတ်အပစ်အခတ်ရပ်စဲ‌ရေးအတွက် ‌ဆွေး‌နွေးတင်ပြခဲ့ကြကာ နှစ်ဖက်သ‌ဘောတူညီမှု မရရှိဘဲ ‌ဆွေး‌နွေးပွဲကို အဆုံးသတ်ခဲ့ရသည်ဟု ‌ဆွေး‌နွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

“ကျမတို့ နှစ်ဖက်‌ဆွေး‌နွေးခဲ့တဲ့ အ‌ကြောင်းအရာ‌တွေ စာချုပ်စာတမ်းနဲ့ သ‌ဘောတူညီမှု ရရှိတဲ့အထိ‌တော့ မရှိဘူး။ ဒါ‌ပေမယ့် ‌ရှေ့ဆက်‌ဆွေး‌နွေးသွားရမယ့် အရာ‌တွေ လုပ်‌ဆောင်သွားဖို့‌တော့ သ‌ဘောတူခဲ့ကြပါတယ်။” ဟု ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

UNFC မှ တင်ပြထားသည့် လမ်းပြခဲ့သည့် လမ်းပြ‌မြေပုံအရ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ အစည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထုအပါအဝင် Civil Societies တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ကျင်းပပြီး “နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ မူ‌ဘောင်”တွင် ပါဝင်ရမည့် အချက်များကို သ‌ဘောတူသတ်မှတ်ရန် အပါအဝင် အချက် ၆ချက်ကို ဝန်းကြီးဦး‌အောင်မင်းနှင့်အဖွဲ့အား တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ မြန်မာအစိုးရအ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ဖွဲ့နှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုရ ရှိပြီဖြစ်‌သော်လည်း ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဆိုသလို ရှိ‌နေ‌သေး‌သော‌ကြောင့် ပြည်လုံးကျွတ်အတိုင်းအတာဖြင့် အခိုင်အမာအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုးရန် မဖြစ်နိုင်‌သေး‌ကြောင်း UNFC က ဆိုသည်။

‌ဆွေး‌နွေးပွဲတွင် ဝန်ကြီး ဦး‌အောင်မင်းက “ကျ‌နော်တို့ ‌ဆွေး‌နွေးထားတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ‌ရှေ့ဆက်‌ဆွေး‌နွေး သွားဖို့ သ‌ဘော ထားရှိပါတယ်။ အခု UNFC က တင်ပြထားတဲ့အရာ‌တွေက ဒီ‌ဆွေး‌နွေးပွဲမှာ‌တော့ ဆုံးဖြတ်လို့ မရ‌သေးဘူး။ ‌နောက်ထပ် ဒီထက်ဆက်‌ဆွေး‌နွေးဖို့ ရှိပါတယ်”ဟု ပဒို‌နော်စီဖိုးရာစိန်က ပြန်လည်‌ပြောဆိုသည်။

ယခု‌တွေ့ဆုံ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် နှစ်ဖက်အကြား ဆက်လက်‌တွေ့ဆုံ‌ဆွေး‌နွေးရန် သ‌ဘောထားရှိ‌သော်လည်း မည်သည့် ‌နေ့၊ ရက် အချိန်တွင် ထပ်မံ‌တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်းမရှိ‌ကြောင်းလည်း သိရသည်။

UNFC ကို ၂၀၁၂ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့များအနက် လက်ရှိ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)နှင့် တအာင်း(ပ‌လောင်)ပြည်နယ်လွတ်‌မြောက်‌ရေးအဖွဲ့(PSLF)တို့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု မရရှိ‌သေးကြ‌ပေ။

‌ဖေ‌ဖော်ဝါရီလက UNFC နှင့် အစိုးရတို့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအကြိုညှိနှိုင်းပွဲအဖြစ် ချင်းမိုင်မြို့တွင် ပထမအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး‌နောက် ၇လအကြာတွင် ယခုလို ထပ်မံ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။