Home သတင်း ဆင်‌ခြေ‌ထောက်‌ရောဂါ ကင်း‌ဝေး‌ရေး အိမ်တိုင်း‌ရောက် အခမဲ့ လိုက်လံတိုက်‌ကျွေး

ဆင်‌ခြေ‌ထောက်‌ရောဂါ ကင်း‌ဝေး‌ရေး အိမ်တိုင်း‌ရောက် အခမဲ့ လိုက်လံတိုက်‌ကျွေး

2459
စက်တင်ဘာ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

Mosquitoမြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်ရှိ မြို့နယ်(၇)ခု အပါအဝင် မြို့နယ်‌ပေါင်း ၂၀၄ ခုတို့တွင် ခြင်မှတဆင့် ကူးစက်တတ်သည့် ဆင်‌ခြေ‌ထောက်‌ရောဂါကင်း‌ဝေး‌စေရန် မြန်မာအစိုးရသည် နိုင်ငံတကာ ကျန်းမာ‌ရေးအဖွဲ့တို့နှင့် ပူး‌ပေါင်း၍ ကာကွယ်‌ဆေးများကို အခမဲ့ဖြင့် အိမ်တိုင်း‌ရောက် လိုက်လံတိုက်‌ကျွေးလျှက်ရှိသည်ဟု သိရသည်။

ထိုသိုု့ လိုက်လံတိုက်‌ကျွေးရာတွင် (၂)နှစ်‌အောက် က‌လေးငယ်များ၊ နာတာရှည်‌ရောဂါသည်များနှင့် ကိုယ်ဝန် ‌ဆောင်မိခင်များမှအပ (၂)နှစ်‌ကျော်က‌လေးများမှ သက်ကြီးရွယ်အိုများအထိ စက်တင်ဘာလ ၉ရက်‌နေ့မှစ၍ ‌ဆေးစတင်တိုက်‌ကျွေး‌နေပြီဖြစ်‌ကြောင်း ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနမှ ‌ဒေါက်တာဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြန်မာနိုင်ငံမှာ လူအ‌ယောက် ငါးရာဆိုရင် တစ်‌ယောက်မှာ ဆင်‌ခြေ‌ထောက်‌ရောဂါပိုးရှိတာကို ‌လေ့လာ‌တွေ့ ရှိရတယ်။ ဒါ‌ကြောင့် ဆင်‌ခြေ‌ထောက်‌ရောဂါ ကင်း‌ဝေး‌ရေး ရည်ရွယ်ပြီး အခုလို ‌ဆေးတိုက်‌ကျွေးမှု စီမံချက်‌တွေ လုပ်တာ ဖြစ်ပါတယ်”ဟု ‌ဒေါက်တာဝင်းနိုင်က ‌ပြောဆိုသည်။

ဆင်‌ခြေ‌ထောက်‌ရောဂါကာကွယ်‌ဆေးကို ည‌နေပိုင်းတွင် ‌သောက်ရပြီး အချို့‌သော သူတို့သည် ‌ဆေး‌သောက်ပြီး အချိန်အနည်းငယ်မှာပင် ‌ခေါင်းမူးကာ ‌အောက်အန်မှုများရှိသည်ဟု ကရင်ပြည်နယ်အတွင်းရှိ ‌ဆေးလိုက် လံတိုက် ‌ကျွေးသူများက ဆိုသည်။

ဖားအံမြို့နယ်ရှိ ဆင်‌ခြေ‌ထောက်‌ရောဂါကာကွယ်‌ဆေး လိုက်လံတိုက်‌ကျွေးသူတစ်ဦးဖြစ်သည့် ‌ဒေါ်မြ‌အေးက “‌ကျေးရွာအုပ်ချုပ်‌ရေးမှူးက ‌ဆေးလိုက်‌ကျွေးခိုင်းတယ်။ ဆင်‌ခြေ‌ထောက်‌ရောဂါ မဖြစ်ရ‌အောင်‌လေ။ ဒီ‌ဆေး ‌သောက်ပြီး တစ်‌ယောက်တစ်‌လေ ‌ဆေးမူးတာရှိတယ်၊ စိုးရမ်စရာ‌တော့ မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆင်‌ခြေ‌ထောက်‌ရောဂါကာကွယ်‌ဆေး စတင်တိုက်‌ကျွေးခံရသူတိုင်းသည် တစ်နှစ်လျှင် (၁)ကြိမ်ဖြင့် (၅)နှစ်တိုင် ‌အောင် ဆက်လက်တိုက်‌ကျွေးသွားမည်ဖြစ်သလို လူတိုင်း‌သောက်သုံးသင့်‌သော ‌ဆေးလည်းဖြစ်သည်ဟု ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနက ဆိုသည်။

ထို့အပြင် လက်ရှိဆင်‌ခြေ‌ထောက်‌ရောဂါကာကွယ်‌ဆေး‌သောက်၍ မူး‌ဝေ‌အောက်အန်မှု ဖြစ်ပွား‌နေသူများအ‌နေ ဖြင့် နီးစပ်ရာ ‌ဆေးခန်းများသို့ သွား‌ရောက်ပြသနိုင်သည်ဟုလည်း သိရသည်။

ဆင်‌ခြေ‌ထောက်‌ရောဂါ ကင်း‌ဝေး‌ရေး စီမံကိန်းအတွက် မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂဆိုင်ရာ နိုင်ငံတကာ က‌လေးသူငယ်များ ‌စောင့်‌ရှောက်‌ရေးရံပုံ‌ငွေအသင်း(UNICEF)တို့နှင့် ပူ‌ပေါင်း ကာ ပထမဆုံးအကြိမ်အဖြစ် ၁၅ရက်ကြာ အတိုင်းအတာဖြင့် ယခုလို ကာကွယ်‌ဆေးများ လိုက်လံတိုက်‌ကျွေး‌နေ ခြင်းဖြစ်သည်။