Home အယ်ဒီတာ့အာဘော် ‌ဘေး‌တွေ့မည့် ‌ရွေး‌ကောက်ပွဲသာ ကြုံရအံ့

‌ဘေး‌တွေ့မည့် ‌ရွေး‌ကောက်ပွဲသာ ကြုံရအံ့

1668
အယ်ဒီတာ့အာ‌ဘော်

ယခုလပိုင်း၊ ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၌ ‌ဖောက်ခွဲမှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု ‌နောက် ထပ် ‌ဖောက်ခွဲမှု စသည့်သတင်းများကို ထပ်ခါထပ်ခါ ကြား‌နေရသည်။ ထိုသို့‌သော အကြမ်းဖက်လုပ်ရပ် များ ဖြစ်‌ပေါ်လာတိုင်း အပြစ်မဲ့ ပြည်သူလူထုမှာ ‌မြေဇာပင်သာ ဖြစ်ကြရသည်။ နိုင်ငံ‌တော်ဟု စစ်အုပ်စုက သုံးနှုံး‌ခေါ်‌ဝေါ်‌လေ့ရှိ‌သော အမိဗမာပြည်ကြီးတွင် ပြည်နယ်၊ ပြည်မရှိ ပြည်သူများအတွက် အ‌ခြေခံ လူ့အ ခွင့်အ‌ရေး အလုံးစုံ ‌ပျောက်ဆုံး‌နေသလို လုပ်ကြံဖန်တီးထားသည့် အကြမ်းဖက်လုပ်ရပ်များ ‌အောက်တွင် လည်း လူထုမှာ လည်စင်းခံ‌နေကြရသည်။
‌ချောက်ထဲကျလုဆဲဆဲ နိုင်ငံ‌တော်ကို ကယ်တင်ခဲ့သည်ဟု မိမိကိုယ်ကို လီဆယ်‌ပြောဆို‌လေ့ရှိ သည့် အစိုးရအမည်ခံ စစ်အုပ်စုသည် လူထုကို လုံခြုံမှု‌ပေးရန်ထက် ‌နေ့တဓူဝ အန္တရာယ်‌ပေး‌နေသည်မှာ ခံစား‌နေရသည့် လူထုတရပ်လုံး အသိပင်။ မြူတမှုန်စာမျှ ကာကွယ်မှုမလုပ်‌ပေးနိုင်ဘဲ ကရင်လူထုကို ရက် စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး အတိုက်အခံမှန်သမျှကို တဖက်သတ် စွပ်စွဲခဲ့သည်။ မိမိတို့အာဏာ အဓွန့် ရှည်‌ရေး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲနှင့် အဆုံးအဖြတ်‌ပေးရန်အတွက် ဂမူးရှူးထိုးဖြစ်ကာ အကွက်ဆင်သည့် လုပ်ရပ်‌ပေါင်းစုံကို နိုင်ငံကြီးသား မပီသစွာ လုပ်‌ဆောင်လျက်ရှိသည်။
ဗမာပြည်မှ ထွက်ရှိသည့် ‌မြေ‌ပေါ်၊ ‌မြေ‌အောက် သယံဇာတမျိုးစုံကို အစအန မကျန်‌အောင် ဖြုန်း တီးပစ်လိုက်သလို၊ နိုင်ငံတဝှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူလူထု၏ လူ‌နေမူစနစ်တအုံလုံးကို ချွတ်ခြုံကျ ‌အောင် ဖျက်ဆီးကာ ကမ္ဘာ့အလယ် လူထင်‌သေးခံရသည့် နိုင်ငံသားအဖြစ်‌ရောက်‌အောင် ဆွဲချ‌နေသည့် သမိုင်းတရားခံ အစစ်ဟုဆိုလျှင် ဧကန်မုချ မလွဲပင်။
နိုင်ငံ့အနှစ်သာရကို ဝါးမျိုကာ အာဏာရှုးဖြစ်‌နေသည့် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွေနှင့် အ‌ပေါင်းပါတစု သည် အတိုက်အခံ နိုင်ငံ‌ရေးပါတီများ၊ လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၊ ဒီမိုက‌ရေစီ‌ရေး၊ လူ့အခွင့်အ ‌ရေး လှုပ်ရှားသူများ၊ မှန်ကန်သည့် ဥပ‌ဒေဘက်‌တော်သားများနှင့် လွတ်လပ်သည့် သတင်းမီဒီယာများကို အမိုက်‌မှောင်တွင်း သက်ဆင်း‌နေသူများပမာ စွပ်စွဲပြစ်တင်‌ပြောဆိုကာ လူထုကို ထင်‌ယောင်ထင်မှားဖြစ် ‌အောင် ‌သွေးထိုးစည်းရုံးလျှက်ရှိသည်။
လူထုမှာ မိမိရပ်ရွာတွင်ပင် စား‌ကောင်းခြင်းမစားရ၊ အိပ်‌ကောင်းခြင်းမအိပ်ရ ဖြစ်‌နေကြရသလို နယ်စွန်နယ်ဖျားရှိ ‌ဒေသခံများမှာလည်း တည်ငြိမ်စွာ လုပ်ကိုင်စား‌သောက်ခွင့်မရှိဘဲ ရွာ‌ပြေးများအဖြစ် လည်း‌ကောင်း၊ သူတပါးနိုင်ငံတွင် ကျားသနားမှ နွားချမ်းသာမည့်အဖြစ်မျိုးနှင့် ရင်ဆိုင်လုပ်ကိုင်‌နေကြရသူ များအဖြစ်လည်း‌ကောင်း၊ တွန်းပို့ခဲ့၊ တွန်းပို့ဆဲ၊ တွန်းပို့သွားမည့် လူ့စည်းကမ်း၊ ဘာသာ‌ရေးနည်းလမ်း မဲ့ ‌နေ‌သော လက်တဆုပ်စာ စစ်အုပ်စုကို ‌အောက်‌ခြေရှိ တပ်မ‌တော်သားများပင် ‌မေတ္တာမရှိကြ။
အပျက်အပျက်နှင့် နှာ‌ခေါင်း‌သွေးထွက်မည့်ကိန်းဆိုက်‌နေသည့် စစ်အုပ်စု၏ ‌ရွေး‌ကောက်ပွဲကြီးမှာ တဖြည်းဖြည်းနှင့် နှီးကပ်လာ‌နေ‌ပေပြီ။ ဗမာပြည်သူလူထုမှာ ထိုအချင်းအရာကို စိတ်မဝင်စား။ ၎င်းတို့စစ် အုပ်စုကသာ က‌သောက‌မျောဖြင့် ‌ငွေစက္ကူသစ်ထုတ်၊ လစာတိုးကာ စည်းရုံး‌နေ‌သော်ငြား အချည်းအနှီးပါ တကား။ ကုန်‌ဈေးနှုန်းကို မထိန်းနိုင်၊ လူထုဝမ်း‌ရေးကို ပြည့်မှီ‌အောင် မဖြည့်တင်းနိုင်ဘဲ လက်နက်ကိုင် ကာ ကျည်ဖြည့် အုပ်ချုပ်‌နေသ‌ရွေ့ စစ်အုပ်စုအ‌နေဖြင့် ‌ဘေး‌တွေ့မည့် ‌ရွေး‌ကောက်ပွဲကိုသာ ရင်ဆိုင်ရ လတံ့ဟုပင် ကရင်သတင်းစဉ်က ‌ဝေဖန်‌ဟောကိန်း ထုတ်လိုက်ချင်ပါသည်။