Home သတင်း ကရင်အလုပ်သမား တစ်ဦး ‌ဆောက်လုပ်‌ရေး တိုက်‌ပေါ် ပြုတ်ကျ‌သေဆုံး

ကရင်အလုပ်သမား တစ်ဦး ‌ဆောက်လုပ်‌ရေး တိုက်‌ပေါ် ပြုတ်ကျ‌သေဆုံး

2462
စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Migrant-workerထိုင်းနိုင်ငံ၏ ဒုတိယမြို့‌တော် ချင်းမိုင်မြို့ရှိ ဆန်‌ဒေ့(က‌လေး)တရားရုံးအနီး၌ ပါဝါလိုင်း ကုမ္ပဏီမှ အသစ် ‌ဆောက်လုပ်‌နေသည့် အ‌ဆောက်အဦးတစ်ခုအ‌ပေါ်တွင် ယမန်‌နေ့ စက်တင်ဘာလ ၁၆ရက်‌နေ့၊ ည‌နေ ၈နာရီ ဝန်းကျင်က ကရင်အလုပ်သမားတစ်ဦး ပြုတ်ကျ‌သေဆုံးခဲ့သည်ဟု သိရသည်။

အသက် ၂ဝ ‌ကျော်အရွယ် ‌စောရဲထွန်းနိုင်ဆိုသူသည် ညဘက်အချိန်ပိုဆင်းရင်း ‌ဆောက်လုပ်‌ရေးအ‌ဆောက် အဦး ‌ခြောက်ထပ်အ‌ပေါ်တွင် ပြုတ်ကျကာ ပွဲချင်းပြီး ‌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်း‌ဆောက်လုပ်‌ရေးအ‌ဆောက် အဦးတွင် အလုပ်လုပ်‌နေသည့် အလုပ်သမားတစ်ဦးဖြစ်သူ ကိုသန်းလှိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုသန်းလှိုင်က “ညက ‌ခြောက်ထပ်‌ပေါ်က‌နေ သူလိမ့်ကျတာ ပွဲချင်းပြီး ‌သေဆုံးသွားတယ်။ ဖြစ်ပြီးတာနဲ့ ချင်းမိုင် ‌ဆေးရုံကြီးကို ပို့တယ်။ အခု ‌ဆေးရုံက ‌ရေခဲတိုက်ထဲမှာ ထားထားတယ်။ သၤဂြိုလ်ဖို့အတွက်‌တော့ (မြန်မာ)ပြည်တွင်းက သူ့မိဘနဲ့ ဆက်သွယ်‌ပေးထားတယ်”ဟု ‌ပြောဆိုသည်။

‌သေဆုံးသွားသူ ‌စောရဲထွန်းနိုင်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းမှ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလ မှစ၍ အလုပ်သမားယာယီပတ်စ်ပို့ကိုင်‌ဆောင်ကာ ချင်းမိုင်မြို့သို့ ‌ဆောက်လုပ်‌ရေးလုပ်ငန်းကို လာ‌ရောက် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

လက်ရှိ ‌စောရဲထွန်းနိုင်ကို သၤဂြိုလ်ရန် ချင်မိုင်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သများအတွက် ကူညီ‌ပေး‌နေသည့် ‌စေတနာနာ‌ရေးကူညီမှုအသင်း(ချင်းမိုင်မြို့)အဖွဲ့က စီစဉ်‌ဆောင်ရွက်မှုများ စတင်လုပ်‌ဆောင်‌နေသည်ဟု သိရသည်။

‌စေတနာနာ‌ရေးကူညီမှုအသင်း(ချင်းမိုင်မြို့)၏ ဥက္ကဌ မမီးမီးက “သူ့(‌စောရဲထွန်းနိုင်)ကို ကရင်လူမျိုးဗုဒ္ဓဘာသာ လို့ သိရ‌တော့ သၤဂြိုလ်ဖို့ ကျမတို့အဖွဲ့က ချင်းမိုင်မြို့ ဝပ်ဆိုင်မွန်းမြန်မာဘုန်းကြီး‌ကျောင်းမှာ စီစဉ်‌နေပါတယ်။ မနက်ဖြန် ၁ဝ နာရီ‌လောက်မှာ သူ့အ‌လောင်းကို ‌ဆေးရုံက‌နေထုတ်ပြီး ဒီကို လာထားမှာပါ”ဟု ‌ပြောသည်။

‌စောရဲထွန်းနိုင် ‌သေဆုံးသွားတဲ့အ‌ပေါ် ၎င်းအ‌ဆောက်အဦးမှ အလုပ်သမားမန်‌နေဂျာနှင့် ယ‌နေ့ ‌နေ့လည်တွင် ‌တွေ့ဆုံခဲ့ပြီး မန်‌နေဂျာက ထိုင်းနိုင်ငံ၏ သတ်မှတ်ထားချက် အလုပ်သမားဥပ‌ဒေအတိုင်း ‌သေဆုံးသူ၏ ဆုံးရှုံးနစ် နာ‌ကြေးအပါအဝင် ဈာပနအတွက် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူကူညီသွားမည်ဟု ‌ပြောဆို‌ကြောင်း လည်း မမီးမီးက ရှင်းပြသည်။

ချင်းမိုင်မြို့၊ ဆန်‌ဒေ့(က‌လေး)တရားရုံးအနီး၌ ‌ဆောက်လုပ်‌နေသည် အ‌ဆောက်အဦးများတွင် ‌ရွှေ့‌ပြောင်းမြန်မာ အလုပ်သမား‌ပေါင်း ၅၀ဝ ဝန်းကျင်ရှိပြီး ယင်း‌ဆောက်လုပ်‌ရေးလုပ်ငန်းတွင် ယခင်က အလုပ်သမားများ ထိခိုက်ရာရရှိမှုများရှိ‌သော်လည်း ယခုလို ‌သေဆုံးမှုဖြစ်သွားသည်အထိ မရှိခဲ့ဖူး‌ကြောင်း သိရသည်။

‌စောရဲထွန်းနိုင်ကို သၤဂြိုလ်ရန် အ‌ဖေဖြစ်သူမှာ ဧရာဝတီတိုင်းမှ ချင်းမိုင်မြို့သို့ ယ‌နေ့တက်‌ရောက်လာပြီး ဖြစ်ရာ မနက်ဖြန် စက်တင်ဘာလ ၁၈ရက်‌နေ့တွင် ‌ရောက်ရှိလာလိမ့်မည်ဟု ယူဆရ‌ကြောင်း ‌စေတနာ နာ‌ရေးကူညီမှု အသင်း(ချင်းမိုင်မြို့)အဖွဲ့က ဆိုသည်။