Home သတင်း ရင်ဆိုင်တိုက်ပွဲ‌ကြောင့် ဒီ‌ကေဘီ‌အေ (၂)ဦး ‌ပျောက်ဆုံး‌နေ

ရင်ဆိုင်တိုက်ပွဲ‌ကြောင့် ဒီ‌ကေဘီ‌အေ (၂)ဦး ‌ပျောက်ဆုံး‌နေ

1496
‌ဖေ‌ဖော်ဝါရီလ ၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကနဲ‌လေးရွာအနီးတဝိုက်၌ လှုပ်ရှား‌နေ‌သော နအဖ၊ ဒီ‌ကေဘီ‌အေပူး‌ပေါင်းတပ် ဖွဲ့သည် ယမန်‌နေ့ည ၉နာရီခန့်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ ရာ ဒီ‌ကေဘီ‌အေဘက်မှ (၂)ဦး‌ပျောက်ဆုံး‌နေသည်ဟု သိရသည်။

၁၅မိနစ်ကြာ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုမရှိဘဲ ‌ပျောက်ဆုံး‌နေသူနှစ်ဦးသာ ‌ပျောက်ဆုံး‌နေပြီး ယခုအ ချိန်ထိ ၎င်းတို့၏ ဒီ‌ကေဘီ‌အေ တပ်မဟာ (၅) လက်‌အောက်ခံ (၉၀၇)တပ်ရင်းသို့ ပြန်မ‌ရောက်‌သေးဘဲ ဖြစ်‌နေသည်ဟု ‌ကေ အဲန်အယ်လ်‌အေ(၂၀၁)တပ်ရင်းမှ ဗိုလ်မှူး‌စောကြည်‌အောင်က ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ဒီမနက် ဒီ‌ကေဘီ‌အေက သူတို့ လူနှစ်‌ယောက်‌ပျောက်ဆုံးတယ်။ အခုထိ ပြန်မ‌ရောက်‌သေးဘူးတဲ့အတွက် အဲဒီလူ‌တွေ ကို ပြန်‌တွေ့ဖို့ သူတို့ဘက်က အပူတပြင်း လိုက်ရှာ‌နေတယ်လို့ ကျ‌နော်တို့ ကြားရတယ်”ဟု ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ(၂၀၁)တပ်ရင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်‌နေ့က ‌ကော့ကရိတ်မြို့နယ်တ‌နေရာ၌ ကရင့်‌တော် လှန်‌ရေး‌နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး‌နောက် လမ်းခရီးအပြန်တွင် နအဖ၊ ဒီ‌ကေဘီ‌အေပူး‌ပေါင်းတပ်ဖွဲ့တို့ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်လက်‌ပြောဆိုသည်။

လက်ရှိအချိန်တွင် အတိုက်ခိုက်ခံရသည့် အဆိုပါ နအဖ ခမရ(၄၀၉) တပ်ရင်းနှင့် ဒုဗိုလ်မှူး ‌စော‌နော်တယာ ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)လက်‌အောက်ခံ (၉၀၇) တပ်ရင်းသည် အပြင်မထွက်ရဲဖြစ်ကာ ၎င်းတို့အ‌ခြေချရာ ကနဲ‌လေးရွာရှိ စခန်း၌ ရှိ‌နေ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေဖြစ်သည့် ‌ကော့ကရိတ်မြို့နယ်၊ တပ်မဟာ(၆)အတွင်း ကနဲ‌လေးရွာအနီးတဝိုက်ရှိ ‌ကျေးရွာများ တွင် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈)လက်‌အောက်ခံ ခမရ(၄၀၉)တပ်ရင်းနှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)လက် ‌အောက်ခံ (၉၀၇)တပ်ရင်းနှင့် ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

ကနဲ‌လေးရွာ၌ လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းတွင် အင်အား ၁ဝဦး‌ကျော်ရှိပြီး နအဖ ခမရ(၄၀၉)တပ်ရင်းတွင် တပ်သားအင်အား ၂ဝဦး‌ကျော်ရှိ‌ကြောင်း သိရသည်။