Home သတင်း အစိုးရဌာနဆိုင်ရာ စွမ်း‌ဆောင်ရည်နှင့် ‌ဒေသ ဖွံ့ဖြိုး‌ရေးအတွက် UNDP ကူညီမည်

အစိုးရဌာနဆိုင်ရာ စွမ်း‌ဆောင်ရည်နှင့် ‌ဒေသ ဖွံ့ဖြိုး‌ရေးအတွက် UNDP ကူညီမည်

1754
စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

DSC03053မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနဆိုင်ရာများ စွမ်း‌ဆောင်ရည်တိုးတက်‌ကောင်းမွန်လာ‌စေရန်နှင့် ‌ဒေသဖွံ့ဖြိုးလာရန် ၂၀၁၃ မှ ၂၀၁၅ အထိ စီမံကိန်းအတွက် ‌ထောက်ပံ့ကူညီသွားမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)က ယ‌နေ့ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ၎င်းတို့၏ ရုံးဖွင့်လှစ်သည့်အခါ ‌ပြောကြားခဲ့သည်။

အစိုးရဌာနဆိုင်ရာများ၏ စွမ်း‌ဆောင်ရည်များသည် အားနည်းချက်များ၊ အားသာချက်များကို ‌လေ့လာစီစစ်ပြီး ‌ဒေသဖွံ့ဖြိုး‌ရေးမှာ ‌ဒေသခံလူထုများနှင့်အတူတကွ ပူး‌ပေါင်း၍ လိုအပ်ချက်များကို လူထုဆန္ဒအတိုင်း အ‌ကောင် အထည်‌ဖေါ်‌ဆောင်ရွက်သွားမည်ဟု UNDP ၏ ဌာ‌နေညွန်ကြား‌ရေးမှူး မစ္စတာ တွိုင်လီ ကူဗာ‌နော့ဗ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ လုပ်‌ဆောင်နိုင်ဖို့က ‌ဒေသခံ‌တွေ၊ အစိုးရ‌တွေ၊ လူမှုအဖွဲ့အစည်း‌တွေနဲ့ ပူး‌ပေါင်းရမယ်။ ကျ‌နော်တို့ သ‌ဘောနဲ့‌တော့ မလုပ်ပါဘူး။ ‌ကျေးရွာလူထုများရဲ့ ဆန္ဒသ‌ဘောထားလိုအပ်ချက်ကို ကူညီ‌ဆောင်ရွက်သွား မယ်”ဟု တွိုင်လီကူဗာ‌နော့ဗ်က ဆိုသည်။

UNDP ၏ ကူညီမည့်ကိစ္စနှင့်ပတ်သက်၍ ဖားအံခရိုင်အုပ်ချုပ်‌ရေးမှူး ကိုရဲနိုင်က ကြိုဆို‌ထောက်ခံလိုက်ပြီး ပြည်နယ်အစိုးရဌာနများမှာ စွမ်း‌ဆောင်ရည်များ လိုအပ်တဲ့‌နေရာရှိ‌ကြောင်းနှင့် ကူူညီ‌ထောက်ပံ့‌ပေးနိုင်ပါက စွမ်း‌ဆောင်ရည် ပိုမို‌ကောင်းလာမည်ဟု ‌မျှော်လင့်‌ကြောင်း ယခုလို မှတ်ချက်‌ပေး‌ပြောဆိုသည်။

ကိုရဲနိုင်က “ပြည်နယ်အစိုးရတို့၊ NGO အဖွဲ့တို့၊ လူမှုအဖွဲ့တို့ ‌ဒေသခံ‌တွေနဲ့ အားလုံးစု‌ပေါင်းပြီး ပူး‌ပေါင်းလုပ် ‌ဆောင်သွားကြရင် ဖွံ့ဖြိုးတိုးတက်မှာမယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် UNDP ၏ လူမှုဖွံ့ဖြိုး‌ရေးစီမံကိန်းသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ အသက်‌မွေးဝမ်း‌ကျောင်း အ‌ထောက်အပံ့အကူအညီများကို လူထုထံသို့ တိုက်ရိုက်ပံ့ပိုး‌ပေးကာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ ‌ကျေးရွာ(၆၂) ရွာမှ လူဦး‌ရေ‌ပေါင်း(၃၂,၅၁၉)ဦးသည် ယင်းအကူအညီ ရရှိခဲ့ဖူးကြသည်ဟု သိရသည်။

တဆက်တည်းမှာပင် UNDP သည် ယခု ၂၀၁၃ခုနှစ်၊ ဧပြီလတွင် မြန်မာအစိုးရနှင့် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော နိုင်ငံဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို သုံးနှစ်အတွင်း ‌ဆောင်ရွက်ရန် လက်မှတ်‌ရေးထိုးခဲ့ကြသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဖွံ့ဖြိုး‌ရေးစီမံကိန်းကို ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ၊ ဖားအံ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်‌ပေါင်း (၄)မြို့နယ်တို့တွင် ‌ဆောင်ရွက်ပြီး တမြို့နယ်လျှင် (၁၀)ရွာနှုန်းဖြင့် ကူညီ‌ထောက်ပံ့သွားမည်ဟု UNDP က ဆိုသည်။