Home သတင်း မြန်မာနိုင်ငံအမျိုးသမီးများ ဖိုရမ်ကို ရန်ကုန်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပ

မြန်မာနိုင်ငံအမျိုးသမီးများ ဖိုရမ်ကို ရန်ကုန်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပ

1965
စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

wlb-won logoအမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)နှင့် မြန်မာအမျိုးသမီးများကွန်ယက် (WON)တို့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးများ ဖိုရမ်တစ်ခုကို ယ‌နေ့ စက်တင်ဘာလ ၂ဝ ရက်‌နေ့၌ ရန်ကုန်တိုင်း‌ဒေသကြီး ဗဟန်းမြို့နယ် ရှိ Excel Treasure Hotel တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ပြုလုပ်လျှက်ရှိသည်။

အဆိုပါဖိုရမ်ကို စက်တင်ဘာလ ၂၂ ရက်‌နေ့အထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး‌ပြောင်းလဲ မှုများနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုများတွင် အမျိုးသမီးများအ‌နေဖြင့် စုစည်းပြီး ပါဝင်လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု WLB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ပြည်တွင်း၊ ပြည်ပအမျိုးသမီးအဖွဲ့အစည်း‌တွေ စုံစုံလင်လင်နဲ့ ပထမဆုံး‌တွေ့ဆုံတာပါ။ ပြီး‌တော့ ‌ရေရှည် တည်တံ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး ဖြစ်ဖို့‌ဖော်‌ဆောင်ရာမှာ အမျိုးသမီး‌တွေအ‌နေနဲ့ တတ်နိုင်သမျှ ဦး‌ဆောင်ပြီး အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားနိုင်ဖို့ကို ရည်ရွယ်ပါတယ်”ဟု ‌ဒေါ်တင်တင်ညိုက ‌ပြောသည်။

ဖိုရမ်သို့ တက်‌ရောက်လာသည့် အမျိုးသမီးအဖွဲ့အစည်းအသီးမှ ကိုယ်စားလှယ်များအ‌နေဖြင့် အမျိုးသမီးများ ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေ၊ ဖက်ဒရယ်ကို ဦးတည်သည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးဆွဲခြင်းနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ငြိမ်းချမ်း‌ရေး စသည်တို့ကို အဓိကထားကာ စတင်‌ဆွေး‌နွေးမည်ဟု သိရသည်။

ထိုသို့ ‌ဆွေး‌နွေးကြရာတွင် ‌ဒေါ်တင်တင်ညိုက “ကျမတို့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုမှာ အမျိုးသမီး‌တွေအ‌နေနဲ့ တူညီတဲ့‌တောင်းဆိုချက်‌တွေ၊ ‌နောက်ပြီးလူ့အခွင့်အ‌ရေး ပတ်သက်ပြီးလှုပ်ရှားတဲ့ အမျိုးသမီး‌တွေ ဖမ်းဆီးအ‌ရေး ယူခံရတာ‌တွေ၊ စစ်မှန်တဲ့ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုဖြစ်‌ပေါ်‌ရေးအတွက် ဒီဖိုရမ်က ‌နေတင်ပြ‌တောင်းဆိုသွားမှာ ပါ”ဟု ‌ပြောဆိုသည်။

ယ‌နေ့ စတင်ပြုလုပ်‌သော အမျိုးသမီးဖိုရမ်သို့ WLB မှ အဖွဲ့ဝင်များဖြစ်သည့် အိန္ဒိယ၊ ဘဂင်္လား‌ဒေ့ရ်ှအ‌ခြေစိုက် အမျိုးသမီးအဖွဲ့များ၊ ထိုင်းနယ်စပ်အ‌ခြေစိုက် တိုင်းရင်းသား အမျိုးသမီး အဖွဲ့ စသည့် အဖွဲ့ ၁၃ ဖွဲ့ရှိ အမျိုးသမီး ကိုယ်စားလှယ်များတက်‌ရောက်ခဲ့ကြသည်။

၎င်းအပြင် ပြည်တွင်းရှိ WON ကွန်ယက်အဖွဲ့များအပါအဝင် အမျိုးသမီးများအ‌ရေးတက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးလွှတ်‌တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အမျိုးသမီးကိုယ်စားလှယ်များ ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများမှပါဝင်ကာ အဖွဲ့အစည်းတစ်ရာ‌ကျော်မှ ကိုယ်စားလှယ် ၃၀ဝ နီးပါးတက်‌ရောက် သည်ဟု WLB က ဆိုသည်။

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(Women’s League of Burma-WLB)ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်‌နေ့တွင် အမျိုးသမီးများ၏ ဘဝတိုးတက်‌ရေးအတွက် ရည်ရွယ်၍ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ကချင်၊ ကရင်နီ၊ ကယန်း၊ ကရင်၊ လားဟူ၊ ပ‌လောင်၊ ပအို့၊ ရခိုင်၊ သျှမ်း၊ ထားဝယ် စသည့် အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့ရှိသည်။

ထို့အတူ ဖိုရမ်ဖြစ်‌မြောက်‌ရေးအတွက် လက်တွဲ‌ဆောင်ရွက်‌သော မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များကွန်ယက် (Women’s organization network of Myanmar-WON) သည် အဖွဲ့ဝင် ၃ဝ ပါဝင်‌သော ကွန်ယက်အဖွဲ့တစ်ခုဖြစ်ပြီး ၎င်းကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။