Home သတင်း ဒုက္ခသည် ၄၀၀‌ကျော် ရပ်ရွာသို့ ပြန်လည်‌နေထိုင်

ဒုက္ခသည် ၄၀၀‌ကျော် ရပ်ရွာသို့ ပြန်လည်‌နေထိုင်

1482
‌ဖေ‌ဖော်ဝါရီလ ၁၂ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ အူးသူးထာ့ယာယီဒုက္ခသည်စခန်းအတွင်းမှ စစ်‌ပြေးကရင်ဒုက္ခသည် ၄၀၀‌ကျော်သည် ယခု ရက်ပိုင်းအတွင်း ကရင်ပြည်နယ်ဘက်ခြမ်းရှိ ၎င်းတို့ရပ်ရွာများသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်‌ကြောင်း စခန်း‌ကော်မတီဝင်တဦး ၏ ‌ပြောပြချက်အရ သိရသည်။

“ဒီလ ၂ရက်‌နေ့ကစပြီး‌တော့ အိမ်‌ထောင်စု အစုလိုက် တဖြည်းဖြည်း ပြန်သွားကြတယ်။ ဒီ‌နေ့တရက်တည်းမှာပဲ အိမ်‌ထောင်စု ၂၆စု ပြန်သွားကြတယ်။ အားလုံးစုစု‌ပေါင်း အိမ်‌ထောင်စု ၇ဝရှိသွားပြီ။ လူဦး‌ရေအ‌နေနဲ့ဆို က‌လေး‌ရောလူကြီးပါ အကုန်လုံး ၄၂၇‌ယောက် ရှိတယ်”ဟု အူးသူးထာ့စခန်း ‌ကော်မတီဝင်တဦးက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

ဆက်လက်၍ သူက “ရွာသူရွာသား‌တွေက သူတို့ရွာထဲမှာ ပြန်‌နေထိုင်ရင် အခက်အခဲ‌တွေ ကြုံ‌တွေ့ရမယ်ဆိုတာ သိထားပြီးသားပါ။ ကျ‌နော်တို့ ကရင်‌တွေက လွတ်လွတ်လပ်လပ် ‌နေထိုင်ချင်ကြတယ်‌လေ။ စခန်းထဲမှာ ဖိအား‌ပေးမှု‌တွေ၊ ချုပ်ချယ်မှု‌တွေ ရှိ‌နေ‌တော့ ဒီမှာ‌နေလည်း မထူးပါဘူး။ အတူတူပါပဲဆိုပြီး‌တော့ ပြန်သွားကြတာပါ။ ရွာမှာ အဆင်မ‌ပြေရင်‌တော့ အခြားတ‌နေရာမှာ ‌ပြောင်း‌နေ ချင် ‌ပြောင်း‌နေမှာ‌ပေါ့”ဟု ဆိုသည်။

စစ်‌ပြေးဒုက္ခသည်များကို ‌ရေအကူအညီ‌ပေး‌နေသည့် Solidarities အဖွဲ့က ‌နေရပ်ပြန်သွားကြသည့် ဒုက္ခသည် အိမ်‌ထောင်စုများကို ခြင်‌ထောင်၊ ဖျာနှင့် ဆပ်ပြာခဲများသာ ‌ထောက်ပံ့‌ပေးခဲ့‌သော်လည်း ဆန်နှင့် အခြားအ‌ခြေခံ စားနပ်ရိက္ခာများ မရရှိသည့်အတွက် ‌ကြောင့် ၎င်းတို့၏ စားဝတ်‌နေ‌ရေးအတွက် စိုးရိမ်မိသည်ဟု စခန်းကျန်းမာ‌ရေးဝန်ထမ်းတဦးက ‌ပြောသည်။

သူက “အခုလို ‌နေရပ်ပြန် ရွာသူရွာသား‌တွေကို Solidarities က ခြင်‌ထောင်၊ ဖျာ၊ ဆပ်ပြာ‌တွေ‌ပေး‌တော့ ထိုင်းအာဏာပိုင်‌တွေက ဝမ်းသာတာ‌ပေါ့။ ဒါ‌ပေမယ့် သူတို့အတွက် ဆန်နဲ့ အခြားရိက္ခာ‌တွေ မရှိ‌တော့ ရွာ‌ရောက်ရင် သူတို့ ဘယ်လိုရှာစားကြမလဲ။ ဘယ်လို ပြန်‌နေထိုင်ကြမလဲ။ သူတို့အတွက် လုံခြုံမှုရှိရဲ့လား‌တော့ ကျ‌နော်တို့လည်း မသိဘူး။ အခက်အခဲ‌တော့ ရှိမှာပဲ”ဟု ဆိုသည်။

ပြီးခဲ့သည့်လ ၁၈ရက်‌နေ့က ‌နေရပ်ပြန်သွားသည့် အိမ်‌ထောင်စုတစုမှ ကိုယ်ဝန်‌ဆောင်အမျိုးသမီးတဦးမှာ လမ်းတွင် မိုင်းနင်းမိကာ ‌ခြေတဖက် ပြတ်သွားခဲ့‌သေးသည်။

ယင်းသို့ ‌နေရပ်ပြန်သွားကြသူ ရွာသူရွာသားများမှာ ယာယီဒုက္ခသည်စခန်းမှ မထွက်ခွာမှီ ထိုင်းနယ်စပ်လုံခြုံ‌ရေးတပ် (ထာ့ဟန်ဖန်း) ထံ အသိ‌ပေးလက်မှတ်‌ရေးထိုးမှုများ ပြုလုပ်ခဲ့ရပြီး ယခုအချိန်တွင် အူးသူးထာ့ယာယီဒုက္ခသည်စခန်းတွင် အိမ်‌ထောင်စု ၁၆ဝမှ စုစု ‌ပေါင်း လူဦး‌ရေ ၁,၀၇ဝဦး ကျန်ရှိသည်ဟု သိရသည်။

အဆိုပါ ‌နေရပ်ရင်း ရွာများကို ပြန်သွားကြသည့် ဒုက္ခသည်အများစုသည် ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ မဲ့ လာအားခီး၊ ဝါးမီကလားနှင့် က‌လေဖိုးခီး‌ကျေးရွာများမှ ရွာသူရွာသားများဖြစ်ကြပြီး ထို‌ဒေသတွင် လက်ရှိ ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်မဟာ (၉၉၉) အမှတ်(၂)၊ (၄)နှင့် (၁၀)တပ်ရင်းများက အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည်။