Home သတင်း အသတ်ခံရသည့် ကရင် ၈ဦးကို မီးသဂြိုင်္လ်ပြီးစီး

အသတ်ခံရသည့် ကရင် ၈ဦးကို မီးသဂြိုင်္လ်ပြီးစီး

1787
‌ဖေ‌ဖော်ဝါရီလ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း သတ်ဖြတ်ခံရသည့် ကရင်လူမျိုး ၉ဦးထဲမှ ၈ဦးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ ‌ဆောက်မြို့ရှိ ဝပ်ဒုံကဲ့‌ယောက် သခင်္ျိုင်း၌ ယ‌နေ့ ည‌နေ ၂နာရီတွင် ဈာပနပြုလုပ်ကာ မီးသဂြိုင်္လ်လိုက်သည်။

အဆိုပါ အသုဘအခမ်းအနားကို ဗုဒ္ဓဘာသာ ဓ‌လေ့ထုံးစံအတိုင်း မဲ‌ဆောက်မြို့ရှိ ရဟန်းသံဃာ‌တော်များ၊ မြန်မာ့ လူမှု‌ရေးအဖွဲ့အစည်း၊ မြန်မာ့နိုင်ငံ‌ရေး အင်အားစု၊ ထိုင်းနိုင်ငံသားများနှင့် ‌သေဆုံးသူများ၏ မိသားစု အပါအဝင် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား‌ပေါင်း ၅၀ဝခန့် လာ‌ရောက်တရားနာကြားခဲ့ပြီး အလှူ‌ငွေ ‌လေး‌သောင်း‌ကျော် ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ဈာပန ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်လုပ်ကိုင်သူ ကရင်အမျိုးသားတဦးက “ကျ‌နော်တို့ မဲ‌ဆောက်‌ရောက် မြန်မာတိုင်းရင်းသား‌တွေ ဒီအသုဘအခမ်းနားကို တက်တက်ကြွကြွ လာ‌ရောက်အား‌ပေးတာကို ‌တွေ့ရ‌တော့ အများကြီး ‌ကျေးဇူးတင်မိတယ်။ ဒါ ကျ‌နော်တို့ မြန်မာ‌တွေရဲ့ ယိုင်းပင်းကူညီမှုကို ပြတာပဲဖြစ်တယ်”ဟု ဆိုသည်။

‌သေဆုံးသူ မိသားစုများကို လာ‌ရောက်အား‌ပေးစကား‌ပြောကြား‌ပေးရန် ဖုတ်ဖရမြို့နယ်မှ ဒုရဲစခန်းမှူးအား ဖိတ် ကြားထား‌သော်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် လာ‌ရောက်နိုင်ခြင်း မရှိခဲ့‌ပေ။

၎င်းသတ်ဖြတ်ခံရသူများနှင့် ပတ်သက်၍ မပြီးပြတ်‌သေးသည့် ‌နောက်ဆက်တွဲ အမှုကိစ္စများကို ထိုင်းဥပ‌ဒေများ ‌ကောင်စီက ဆက်လက် ကိုင်တွယ်‌ဖြေရှင်းသွားမည်ဟု သိရသည်။

ထိုသတ်ဖြတ်မှုတွင် ပါဝင်‌ကြောင်း ယူဆရသူ ထိုင်းနိုင်ငံသား ၄ဦးနှင့် မြန်မာနိုင်ငံသား တရုတ်ဖြူတဦးအား အမှတ်(၆) ရဲတိုင်းမှူး ဆူရစီဆွန်‌ထောင်းဆာရထွန်က ဖမ်းဝရမ်းထုတ်အပြီး ဆယ်ရက်ခန့်အကြာတွင် ‌သေဆုံးသူ များကို ယခုလို မီးသဂြိုင်္လ်လိုက်ခြင်းဖြစ်သည်။

မြန်မာများ ပစ်သတ်ခံရမှု၌ ဦး‌ဆောင်သူ ထိုင်းရဲအရာခံဗိုလ် ဆွန်ချိုင်း‌ပေကဲ့‌ယောက်ဆိုသူသည် ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲ‌ဆောက်မြို့၊ ‌တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာ‌ဝေး အမှတ်(၄၈)ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ပြီး ကျန်ရှိသူ ၅ဦးမှာ ထွက်‌ပြေးလွတ်‌မြောက်‌နေဆဲဖြစ်သည်။

အဆိုပါရဲအရာရှိ ‌သေဆုံးပြီး‌နောက် အမှတ်(၆) တိုင်းရဲမှ မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးအတွက် ‌စေလွှတ်ထားသည့် ရဲတပ်ကြပ်တဦးလည်း အမည်မသိ ‌သေနတ်သမားများက အမ်-၁၆ ‌သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရ သည်။

DSC07399

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌ထောင်ကလပ်နှင့် ကျိုင်ပွန်‌ကျေးရွာမှ ကရင်လူမျိုး ၁၂ဦးသည် ဇန်နဝါရီလက မြန် မာကယ်ရီတဦး၏ အကူအညီဖြင့် မဲ‌ဆောက်မှ ဘန်‌ကောက်သို့အသွား ဖုတ်ဖရမြို့နယ်၊ (၄၈)ဂိတ်တွင် ‌ရောက်ရှိ စဉ် ၎င်းတို့ကို ထိုင်းရဲအရာခံဗိုလ် ဆွန်ချိုင်း‌ပေကဲ့‌ယောက်နှင့်အဖွဲ့က ဖမ်းဆီးခဲ့ပြီး တဦးလျှင် ဘတ်‌ငွေတစ် ‌သောင်း ‌တောင်းခံခဲ့ရာမှ မ‌ပေးနိုင်သဖြင့် ၎င်းရဲအရာခံဗိုလ်က ထိုင်း‌ဒေသခံရွာသား ၄ဦး၊ မြန်မာနိုင်ငံသား တရုတ် လူမျိုးတဦးနှင့် ပူး‌ပေါင်းသတ်ဖြတ်ရာတွင် ၉ဦး ‌သေဆုံးသွားခဲ့သည်။