Home သတင်း မြစ်ဖြတ်ကူးခ ဒီ‌ကေဘီ‌အေ ‌ကောက်ခံ‌နေ

မြစ်ဖြတ်ကူးခ ဒီ‌ကေဘီ‌အေ ‌ကောက်ခံ‌နေ

1262
‌ဖေ‌ဖော်ဝါရီလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ထာ့‌ဆောင်ယန်းမြို့နယ်ရှိ ‌သောင်ရင်းမြစ်ကို ဖြတ်သန်းသွားလာသူ၊ ဖြတ်ကူးသူများအား ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဒီ‌ကေဘီ‌အေတပ်ဖွဲ့က မြစ်ဖြတ်ကူးခ ‌ကောက်ခံလျှက်ရှိသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌သောင်ရင်းမြစ်ကမ်း တဖက်တချက်ကို စက်‌လှေဖြင့်‌သော်လည်း‌ကောင်း၊ ‌ရေတိမ်သည့်‌နေရာတွင် လူကိုယ်တိုင် ဖြတ်ကူး၍ ‌သော်လည်း‌ကောင်း သွားလာပါက မည်သူမဆို တဦးလျှင် ထိုင်း‌ငွေ ၅ဘတ်မှ ၁ဝဘတ်အထိ ‌ပေး‌ဆောင်ရန် က‌လေ့မိုထာ့ စခန်း အ‌ခြေစိုက် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)လက်‌အောက်ခံ တပ်ရင်း(၇)က ‌ကောက်ခံ‌နေခြင်းဖြစ်‌ကြောင်း ထိုင်းဘက် ကမ်းရှိ နိုဘိုးရွာသားတဦးက ‌ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းရှိ နိုဘိုးရွာသူရွာသားများသည် အများအားဖြင့် ၎င်းတို့၏ ‌ကောက်ပဲသီးနှံများနှင့် ‌ဆေးရွက်ကြီးကို မြန် မာဘက်ခြမ်း၌ သွား‌ရောက်စိုက်ပျိုးကြပြီး ယခုလို သီးနှံ‌ပေါ်ချိန်၊ ‌ဆေးရွက်ကြီးခူးသည့်အချိန်၌ သွား‌ရောက်ခူးဆွတ်ရန် ‌သောင်ရင်းမြစ်ကို ဖြတ်ကူးသွားရာတွင် ကူးခ ‌နေ့စဉ် ‌ပေး‌နေရသည်ဟု အဆိုပါ နိုဘိုး‌ကျေးရွာသားတဦးက ‌ပြောသည်။

“နိုဘိုးရွာသား‌တွေက ပိုက်‌ထောင်ငါးရှာတာပဲဖြစ်ဖြစ်၊ စိုက်ပျိုးခြံသွားတာပဲဖြစ်ဖြစ်၊ ထင်းသွား‌ခွေတာပဲဖြစ်ဖြစ် ‌သောင်ရင်း မြစ်ကို ဖြတ်ကူးရတယ်‌လေ။ အရင်က ‌ကေအဲန်ယူ ရှိတုန်းကဆိုရင် ကျ‌နော်တို့ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ အခုဆို ဒီ‌ကေဘီ‌အေက အသွား ၅ဘတ်၊ အပြန် ၅ဘတ် ‌တောင်းတယ်။ စိုက်ခင်းမှာ ညအိပ်သွားလည်း မရ‌တော့ မနက် သွား ညပြန် ‌နေ့တိုင်း ‌ပေးရ‌တော့ ကျ‌နော်တို့ လုပ်ကိုင်စား‌သောက်ရတာ အ‌တော်ဒုက္ခ‌ရောက်တယ်”ဟု သူက ဆိုသည်။

အလားတူ မြန်မာဘက်ခြမ်းရှိ က‌လေ့ဖိုးကလိုးရွာသူရွာသားများကလည်း ဆန်၊ ဆီ၊ ဆား၊ ငရုပ်သီး၊ ငါးပိ စသည့် ရိက္ခာ အစားအစာများကို ထိုင်းနိုင်ငံဘက်ခြမ်းသို့ လာ‌ရောက်ဝယ်ယူရာတွင် က‌လေ့မိုထာ့ဂိတ်၌ ဖြတ်သန်းခ ‌ပေး‌ဆောင်ရသည့် အပြင် ၎င်းတို့လွယ်လာသည့် အိတ်၊ ပလိုင်းများအတွင်း ဒီ‌ကေဘီ‌အေက ‌မွေ‌နှောက်စစ်‌ဆေးမှုများ ပြုလုပ်သည်ဟု က‌လေ့ ဖိုးကလိုးရွာသားတဦးက ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များသည် ၎င်းတို့‌ကောက်ခံသည့် မြစ်ကူးခ မ‌ပေးဘဲ ‌သောင်ရင်းမြစ်ကို ခိုး၍ ဖြတ်ကူးသူများအား ‌တွေ့ရှိပါက ဒဏ်‌ငွေအဖြစ် ထိုင်းဘတ်‌ငွေ ရာဂဏန်းအထိ ‌ပေး‌ဆောင်ခိုင်းမည်ဟု ‌ပြောဆို‌ကြောင်း နိုဘိုးရွာသားများက ‌ပြောသည်။

သို့‌သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ က‌လေ့မိုထာ့စခန်းမှ ဒီ‌ကေဘီ‌အေ တာဝန်ရှိသူတဦးကို ‌ကေအိုင်စီက ဆက်သွယ်‌မေး မြန်းရာ ၎င်းတို့အ‌နေဖြင့် ယခင်ကအတိုင်းပင် မည်သည့်ဖြတ်ကူးခမျှ ‌ကောက်ခံခြင်းမရှိ‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

ဒီ‌ကေဘီ‌အေတပ်များသည် ယင်းသို့ မြစ်ဖြတ်ကူးခ‌ပေးရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ အမိန့်ထုတ်ပြီး‌နောက်ပိုင်း ‌သောင်ရင်းမြစ်အတွင်း ငါးရှာရန် ပိုက်သွား‌ထောင်သည့် နိုဘိုးရွာသားတဦးကို ဒီ‌ကေဘီ‌အေက 79 ‌သေနတ်ဖြင့် သုံးချက် ခြိမ်း‌ခြောက်ပစ်ခတ်ခဲ့‌သေးသည်။