Home သတင်း ဒုတိယအကြိမ်‌မြောက် ကဲန်ဂျီနာဂါအိဆု ‌ပေးအပ်ချီးမြှင့်

ဒုတိယအကြိမ်‌မြောက် ကဲန်ဂျီနာဂါအိဆု ‌ပေးအပ်ချီးမြှင့်

1933
‌ဖေ‌ဖော်ဝါရီလ ၂၄ရက်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံတွင် သတင်းရယူရင်း နအဖ စစ်တပ်၏ ပစ်သတ်ခံရသည့် ဂျပန်သတင်း‌ထောက် ကန်ဂျီနာဂါအိကို ဂုဏ်ပြုသည့် ဒုတိယအကြိမ်‌မြောက်ဆု ‌ပေးအပ်ချီးမြှင့်ပွဲကို သတ္တမအကြိမ်‌မြောက် မြန်မာမီဒီယာညီလာခံတွင် ပြုလုပ်ခဲ့သည်။

Ko Pyait Zon received for Win Maw

အဆိုပါဆုကို ပြည်တွင်းရှိ သတင်း‌ထောက်နှစ်ဦးဖြစ်သည့် မလှလှဝင်းနှင့် ကိုဝင်း‌မော်တို့အား မစ္စတာကဲန်ဂျီနာဂါအိ တာဝန် ထမ်း‌ဆောင်ခဲ့သည့် ‌အေပီအက်ဖ်သတင်းဌာနမှ ‌ပေးအပ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ လက်ရှိအချိန်တွင် နအဖ စစ်အစိုးရ၏ ‌ထောင် ဒဏ်ကျခံ‌နေရသူ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနမှ သတင်း‌ထောက်များဖြစ်ကြသည်။

ဂျပန်သတင်း‌ထောက် မစ္စတာ ကဲန်ဂျီနာဂါအိသည် မြန်မာနိုင်ငံတွင် ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု၌ စစ်အစိုးရ၏ ပစ်သတ်ခြင်းခံရပြီး ၎င်းအတွက်အမှတ်တရဆုကို မြန်မာ့သတင်းသမဂ္ဂ(ဘီအမ်‌အေ)နှင့် ဂျပန်အ‌ခြေစိုက် (‌အေပီအက်ဖ်) သတင်းဌာနတို့ ပူး‌ပေါင်းကာ ‌ပေးအပ်ချီးမြှင့်လာခဲ့ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခံရသူ မလှလှဝင်းနှင့် ကိုဝင်း‌မော်တို့ကိုယ်စား ဒီဗွီဘီသတင်းဌာနမှ မမိုးမြင့်ဇင်နှင့် ကိုပြည့်စုံတို့မှ ဆုလက်ခံရယူ‌ပေးခဲ့ သည့်အပြင် ဒီဗွီဘီသတင်းဌာနကိုယ်စား ဦးခင်‌မောင်ဝင်းမှ ယခုလို ‌ကျေးဇူးတင်ဂုဏ်ပြုစကား ‌ပြောဆို‌ပေးခဲ့သည်။

“ဒီဆုကို ကျ‌နော်တို့ ပြည်တွင်းသတင်း‌ထောက်နှစ်ဦး ရရှိတဲ့အတွက် ဒီဗွီဘီကိုယ်စား ကျ‌နော် ဂုဏ်ယူပါတယ်။ အမှန်က ဒီဆု ဟာ သူတို့နှစ်‌ယောက်တည်းအတွက် မဟုတ်ပါဘူး။ အလားတူ အန္တရာယ်‌တွေကြားက သတင်းမှတ်တမ်း‌တွေ ရယူ‌ပေးပို့‌နေတဲ့ သတင်း‌ထောက်‌တွေ အများကြီး ရှိပါတယ်။ အဲဒီလို အခက်အခဲကြားမှာ တာဝန်ထမ်း‌ဆောင်ရင်းနဲ့ ဘဝ‌ပေးဆပ်သွားရတဲ့ သတင်း‌ထောက်‌တွေ အများကြီး ရှိပါတယ်။ ဒီလူ‌တွေအားလုံးကို ဂုဏ်ပြုတယ်လို့ ကျ‌နော်တို့ သ‌ဘောထားပါတယ်”ဟု ‌ပြော ကြားခဲ့သည်။

ဆု‌ပေးပွဲတွင် မလှလှဝင်း၏ မိခင်ဖြစ်သူက သမီးဖြစ်သူ၏ စွန့်လွှတ်လုပ်‌ဆောင်မှု‌ကြောင့် ဆုချီးမြှင့်ခံရသည့်အ‌ပေါ် ဝမ်းသာမိ ‌ကြောင်းနှင့် ကိုဝင်း‌မော်၏ဇနီးကလည်း ခင်ပွန်းဖြစ်သူကိုယ်တိုင် ဆုလာ‌ရောက်မယူနိုင်‌သော်လည်း အများအတွက် လုပ် ‌ဆောင်မှုအ‌ပေါ် ဂုဏ်ယူမိ‌ကြောင်း ဆုရရှိမှုနှင့် ပတ်သက်၍ ၎င်းတို့၏ ခံစားချက်များကို ‌ပြောဆိုခဲ့သည်။

Moe Myint Zin receive for Hla Hla Win

အသက် ၂၆နှစ်အရွယ်ရှိ မလှလှဝင်းသည် ပခုက္ကူမြို့တွင် သံဃာ‌တော်များအား သတင်းရယူ၍ ‌တွေ့ဆုံ ‌မေးမြန်းခဲ့ခြင်း‌ကြောင့် ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလက စစ်အစိုးရ၏ ‌ထောင်ဒဏ် ၂၇နှစ် ချမှတ်ခံရသူဖြစ်ပြီး ဗီဒီယိုနှင့် ဓာတ်ပုံသတင်း‌ထောက် ကိုဝင်း‌မော် မှာ ၂၀၀၇ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံရကာ ‌ထောင်ဒဏ် ၁၇နှစ် ချမှတ်ခံထားရသူဖြစ်သည်။

ပထမအကြိမ် ကဲန်ဂျီနာဂါအိဆုကို ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရသူများ၏ သတင်းအချက်အလက်များကို သွား‌ရောက် ရယူခဲ့မှု‌ကြောင့် ‌ထောင်ဒဏ်ကျခံခဲ့ရသူ အီကို‌ဗေးရှင်းသတင်းဌာနမှ မအိမ့်ခိုင်ဦးအား ယမန်နှစ်၊ ‌ဖေ‌ဖော်ဝါရီလက ပြုလုပ်ခဲ့ သည့် ဆဌမအကြိမ် မြန်မာ့မီဒီယာညီလာခံတွင် ‌ပေးအပ်ခဲ့ပြီးဖြစ်သည်။