Home သတင်း မြန်မာစစ်တပ်၏ နှိပ်စက်ခံရသည့် သူကြီးမ အစီရင်ခံစာ ‌ကေဒဗလျူအို ထုတ်ပြန်

မြန်မာစစ်တပ်၏ နှိပ်စက်ခံရသည့် သူကြီးမ အစီရင်ခံစာ ‌ကေဒဗလျူအို ထုတ်ပြန်

1800
‌ဖေ‌ဖော်ဝါရီလ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာနိုင်ငံအ‌ရှေ့ပိုင်းရှိ ကရင်‌ဒေသများမှ အမျိုးသမီးသူကြီးများသည် မြန်မာစစ်တပ်၏ နည်းမျိုးစုံဖြင့် အစီအစဉ်ချကာ ညှင်း ပမ်းနှိပ်စက်ခံ‌နေရသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)က ယမန်‌နေ့က အစီရင်ခံစာတ‌စောင် ထုတ်ပြန်လိုက်သည်။

“ဓါးချွန်ကြားမှာ လမ်း‌လျှောက်သူ” အမည်ရှိ အစီရင်ခံစာ၏ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်‌နေ့ နံနက် ၁ဝနာရီတွင် ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ‌ကေဒဗလျူအို တွဲဘက်အတွင်း‌ရေးမှူး (၁) ‌နော်ဘလူးမင်းနိုက်ဇန်က ‌ကေအိုင်စီကို ယမန်‌နေ့က ‌ပြောသည်။

သူမက “စစ်တပ်အုပ်ချုပ်မှု‌အောက်မှာ ကရင်အမျိုးသမီး‌တွေရဲ့ ပင်ကိုယ်အရည်အချင်း ဦး‌ဆောင်မှု၊ ခံနိုင်ရည်ရှိမှု၊ သတ္တိရှိမှု လူထုကိုယ်စား စကား‌ပြော‌ပေးတဲ့ ဒီရဲရင့်မှု‌တွေအားလုံးကို ကျမတို့ ‌ကေဒဗလျူအိုက မှတ်တမ်းတင်ပြီး‌တော့ နိုင်ငံတကာကို သိ‌စေချင်တာက ပထမတချက်၊ ဒုတိယအချက်က နအဖ စစ်တပ်က သူကြီးမ‌တွေကို‌တောင် အမျိုးသားသူကြီးလို ညှင်းဆဲ၊ သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ‌ရောက်တယ်။ လူ့အခွင့်အ‌ရေးဆိုင်ရာ ရာဇဝတ်မှုကိုလည်း ကျူးလွန်တဲ့အ တွက်‌ကြောင့် နိုင်ငံတကာကို သိ‌စေချင်လို့ ‌ဖော်ထုတ်ရတာ ဖြစ်တယ်”ဟု ‌ပြောသည်။

အဂင်္လိပ်ဘာသာဖြင့် ထုတ်‌ဝေသည့် စာမျက်နှာ ၁၁၂မျက်နှာပါ ၎င်းအစီရင်ခံစာထဲတွင် ၂၀၀၅ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ကရင် ပြည်နယ်မှ ကိုယ်တိုင်ကြုံ‌တွေ့ရသူ (သို့မဟုတ်) ၎င်းတို့၏ ‌ဆွေမျိုးသားချင်း အမျိုးသမီး ၉၅ဦးကို လူ‌တွေ့‌မေးမြန်းထားချက် များကို မှတ်တမ်းရယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီအစီရင်ခံစာထဲမှာ ရွာသူကြီးမ‌တွေကို တိုင်‌ပေါ်မီးတင်ရှို့သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်တာ၊ တကိုယ်လုံး ‌မြေတွင်း ထဲမြှုပ်ပြီး မ‌သေမချင်း ရိုက်သတ်တာ‌တွေအပြင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခံရတာ၊ ဦး‌ခေါင်း‌ပေါ် ‌ရေ‌လောင်းပြီး နှိပ်စက် တာ၊ ကျွန်အ‌နေနဲ့ခိုင်းတာ‌တွေ ပါဝင်ပါတယ်”ဟု ‌နော်ဘလူးမင်း နိုက်ဇန်က ဆိုသည်။

ထိုအစီရင်ခံစာထဲတွင် အသက် ၂၅နှစ်မှ ၈၂နှစ်ရှိသည့် အမျိုးသမီး ရွာသူကြီးများ ပါဝင်ပြီး ၎င်းတို့အထဲမှ အချို့သည် ညှင်းပမ်း နှိပ်စက်မှုများ‌ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောသည်။

‌ကေဒဗလျူအိုမှ အစီရင်ခံစာ ရှင်းလင်း‌ပြောဆို‌နေစဉ်

‌ကေဒဗလျူအိုအ‌နေဖြင့် နအဖ စစ်တပ်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုနှင့် စစ်ရာဇဝတ် ကျူးလွန်မှုများကို ကုလသမဂ္ဂ လုံခြုံ‌ရေး ‌ကောင်စီမှ စုံစမ်း‌ဖော်ထုတ်‌ရေး ‌ကော်မတီဖွဲ့၍ စစ်‌ဆေးသွားရန် ‌တောင်းဆိုလိုက်ပြီး ယခု အစီရင်ခံစာသည် စစ်အစိုးရ၏ ရာဇ ဝတ်မှုများကို မှတ်တမ်းတင်ထားနိုင်ပြီး လိုအပ်ပါက ပြန်လည်အသုံးပြုနိုင်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ အကြံ‌ပေးအဖွဲ့ဝင် နန်းဆိုင်‌နှောင်းက ‌ပြောသည်။

‌ကေဒဗလျူအိုသည် ၂၀၀၄ခုနှစ်က ဆိတ်ငြိမ်ခြင်းကို ဖြိုခွဲခြင်း (Shattering Silences)နှင့် ၂၀၀၇ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၂ရက် ‌နေ့တွင် စိုးရိမ်မှုလွန် ရက်စက်မှုများ (State of Terror) အစီရင်ခံစာနှစ်အုပ်ကို ထုတ်‌ဝေခဲ့ပြီး “ဓားချွန်ကြားမှာ လမ်း‌လျှောက် သူ” အစီရင်ခံစာမှာ သုံးအုပ်‌မြောက်ဖြစ်သည်။

အမျိုးသမီးများ ဖိနှိပ်မှုမှ လွတ်‌မြောက်‌ရေး၊ လူမှုအဆင့်အတန်းမြင့်မား‌ရေး၊ အမျိုးသမီးအခွင့်အ‌ရေးနှင့် ယဉ်‌ကျေးမှု ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေးကို ရည်ရွယ်၍ ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)ကို ၁၉၈၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။