Home ထိပ်တန်းသတင်း လုံခြုံ‌ရေး‌ကြောင့် သွားလာ‌ရေး ပိတ်သည့်အတွက် ‌တောင်ငူ ‌ဒေသခံများ စီးပွား‌ရေးထိခိုက်

လုံခြုံ‌ရေး‌ကြောင့် သွားလာ‌ရေး ပိတ်သည့်အတွက် ‌တောင်ငူ ‌ဒေသခံများ စီးပွား‌ရေးထိခိုက်

1794
မတ်လ ၃၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ပဲခူးတိုင်း ‌တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်ရက်အနည်းငယ်က နယ်‌မြေခံ စစ်အစိုးရတပ်များ၏ ကားလမ်း သွားလာ‌ရေး ပိတ် ပင်ထားမှု‌ကြောင့် ထို‌ဒေသရှိ ဥယျာဉ်ခြံစိုက်ပျိုးသူများမှာ စီးပွား‌ရေး ထိခိုက်ရသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌တောင်ငူနယ်ခံတဦးက “စစ်တပ်‌တွေက သွားလာ‌ရေးပိတ်ထားတယ်‌လေ။ အဲဒီလိုပိတ်‌တော့ ကွမ်းစိုက်‌တောင်သူ‌တွေက ‌တောင်ငူမြို့မှာ သွား‌ရောင်းချမဲ့ သူတို့ရဲ့ ကွမ်းရွက်‌တွေနဲ့ ခြံထွက်သီးနှံ‌တွေဟာ ပျက်စီးကုန်တယ်‌လေ။ ကွမ်းရွက်ကလည်း မြို့ တက်ပြီး သွားမ‌ရောင်းခင် ကြိုတင်ခူးထားရ‌တော့ အခုလို လမ်းပိတ်လိုက်တာ ရွာသား‌တွေရဲ့ဝင်‌ငွေကို အ‌တော်‌လေး ထိခိုက် တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

စစ်တပ်က မတ်လ ၂၅ရက်‌နေ့မှစ၍ ၂၉ရက်‌နေ့အထိ ‌တောင်ငူ-‌ဘောဂလိကားလမ်းနှင့် ‌တောင်ငူ-သံ‌တောင်ကြီးကားလမ်းကို သွားလာခွင့် ပိတ်ထားသည့်အပြင် လူသွားလမ်းအချို့နှင့် ရွာဝင်ရွာထွက်‌နေရာများတွင်လည်း မသကင်္ာပါက စစ်‌ဆေးစိစစ်မှု များ ပိုမိုလုပ်‌ဆောင်လာသည်ဟုလည်း သိရသည်။

“အဲလိုကားလမ်းပိတ်ရတာက ဘာအတွက်‌ကြောင့်ဆိုတာ ကျ‌နော်တို့ကို စစ်တပ်က တခါမှ မ‌ပြောဘူး။ ဒီရက်ပိုင်း သွားလာလို့ မရဘူး။ လမ်းပိတ်ထားတယ်။ အဲဒီ‌လောက်ပဲ ‌ပြောတယ်”ဟု အဆိုပါနယ်ခံက ‌ပြောသည်။

ယင်းသို့ သွားလာ‌ရေးပိတ်ရခြင်းမှာ မတ်လ စတုတ္ထပတ်အတွင်း ပဲခူးတိုင်းသို့ နအဖ အကြီးအကဲများ လာ‌ရောက်သည့်အတွက် နယ်‌မြေခံတပ်များက ယခုလို လုံခြုံ‌ရေးချထားခြင်း ဖြစ်နိုင်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၂)မှ တပ်မှူးတဦးက ‌ပြောသည်။

“ပြီးခဲ့တဲ့ ရက်‌တွေက ‌တောင်ငူခရိုင်ဘက်ကို နအဖ စစ်ဗိုလ်ချုပ်ကြီး‌တွေ လာတယ်လို့ သတင်းရတယ်။ ဒီအတွက် သူတို့က လုံခြုံ‌ရေးဆိုပြီး ရွာသား‌တွေကို သွားလာ‌ရေး ပိတ်ထားတာဖြစ်မယ်”ဟု ‌ပြောသည်။

ထိုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ ‌တောင်ငူခရိုင်၌ (၆၅)နှစ်‌မြောက် တပ်မ‌တော်‌နေ့ကို ဂုဏ်ပြုကြိုဆို‌သောအားဖြင့် လမ်းသစ်ဖွင့်ပွဲ၊ ‌ရေလွဲဆည်ဖွင့်ပွဲများ ပြုလုပ်ခဲ့ရာ ၎င်းဖွင့်ပွဲအခမ်းအနားများသို့ နအဖ ဝန်ကြီးချုပ် အပါအဝင် ထိပ်ပိုင်း‌ခေါင်း‌ဆောင်အချို့ တက် ‌ရောက်ခဲ့ကြသည်။

မတ်လ(၂၄)ရက်‌နေ့တွင် ပဲခူးတိုင်းရှိ ပြည်-‌ပေါက်‌ခေါင်း-‌တောင်ငူ ကားလမ်းကို ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ‌တောင်ငူခရိုင်၊ အုတ် တွင်းမြို့နယ်ရှိ ‌ဗောဓိကုန်း‌ကျေးရွာ၌ ကျင်းပရာ နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကာကွယ်‌ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုနှင့် ပဲခူးတိုင်း ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥက္ကဌ ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ် ချုပ်လှမင်းတို့ တက်‌ရောက်ခဲ့ကြသလို မတ်လ (၂၅)ရက်‌နေ့က ပြုလုပ်ကျင်းပသည့် ပဲခူးတိုင်း၊ ‌ကျောက်တံခါးမြို့နယ်၊ ဆီဆုံ ကုန်း‌ကျေးရွာရှိ ရဲနွယ်‌ရေလွဲဆည် ဖွင့်ပွဲအခမ်းအနားကို နအဖ ကာကွယ်‌ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီးကိုကို တက်‌ရောက်ခဲ့ သည်ဟု ပြည်တွင်းထုတ် ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြထားသည်။

(‌တောင်ငူခရိုင် ‌ဒေသခံများဖြစ်သည့် ‌မော်နီဘွားမျိုးနွယ် အမျိုးသမီး‌လေးများ Photo-CIDKP)

ပဲခူးတိုင်းအတွင်းရှိ ‌တောင်ငူခရိုင်မှ ‌ဒေသခံရွာသူရွာသားများသည် ဥယျာဉ်ခြံဖြင့် အသက်‌မွေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ် ကြပြီး အဓိကအားဖြင့် ကွမ်းသီး၊ ကွမ်းရွက်၊ ဖာလာ၊ ဒူးရင်း၊ ဓညင်းနှင့် မင်းကွတ်ပင်များ စိုက်ပျိုးကာ မြို့‌ပေါ်မှ ဆန်၊ ဆီ၊ ဆား စသည့် မီးဖို‌ချောင်သုံးစားကုန်များနှင့် လဲလှယ်ဝယ်ယူရင်း အသက်ရှင် ရပ်တည်‌နေကြရသည်။

‌ရေသိုးကြီး-‌ဘောဂလိ-‌တောင်ငူကားလမ်းတွင် ယခင်က ကားများဖြင့် သွားလာမှုများခဲ့‌သော်လည်း ၂၀၀၆ခုနှစ်‌နောက်ပိုင်းတွင် ရွာသားများ၏ ကားများကို စစ်တပ်က ‌ချောဆွဲမှုများနှင့် မိုင်းထိမှန်မှု‌ကြောင့် ကားများ ပျက်စီးရသည့်အတွက် ယခုအချိန်တွင် ကားသွားလာမှု နည်းလာကာ ‌ဒေသခံများမှာ ဆိုင်ကယ်ကိုသာ ပိုမိုအသုံးပြုလာကြသည်ဟုလည်း သိရသည်။