Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် ကရင်ပါတီနှစ်ဖွဲ့ မှတ်ပုံတင်‌လျှောက်ပြီ

‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် ကရင်ပါတီနှစ်ဖွဲ့ မှတ်ပုံတင်‌လျှောက်ပြီ

1595

ဧပြီလ ၁၂ရက်။ ‌ကေအိုင်စီ

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် ပါတီမှတ်ပုံတင်ရက်အတွင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံသို့ မတ်လကုန်နှင့် ဧပြီလဆန်းပိုင်း၌ ကရင်ပါတီနှစ်ဖွဲ့က မှတ်ပုံတင်လိုက်ပြီးဖြစ်သည်။

အမှု‌ဆောင် ၁၇ဦးပါဝင်သည့် ကရင်ပြည်သူ့ပါတီ(‌ကေပီပီ)သည် မတ်လ ၃၁ရက်‌နေ့တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ပြည်‌ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(ယူ‌ကေအယ်လ်)က ဧပြီလ ၈ရက်‌နေ့တွင် မှတ်ပုံတင်ရန် ‌လျှောက်ထား‌ကြောင်း စစ်အစိုးရ၏ ‌နေ့ စဉ်ထုတ် သတင်းစာများတွင် ‌ဖော်ပြထားသည်။

ရန်ကုန်မြို့ခံ ကရင်အမျိုးသားတဦးက “သာမန် ကရင်ပြည်သူ‌တွေက သူတို့‌တွေကို စိတ်‌တောင်မဝင်စားဘူး။ အယုံအကြည် လည်း မရှိဘူး။ ဒီပါတီ‌တွေ ‌ရွေး‌ကောက်ပွဲဝင်မယ်ဆိုလည်း နအဖရဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ အမတ်‌နေရာ နည်းနည်းရရင် ‌တောင် ကရင်ပြည်သူအကျိုးထက် သူတို့ကိုယ်ကျိုးပဲ ပိုများမှာပါ”ဟု ဆိုသည်။

၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲကာလက ကရင်ပါတီ‌ဟောင်းဖြစ်သည့် ယူ‌ကေအယ်လ်သည် ယခု ဧပြီလ ၈ရက်‌နေ့တွင် နိုင်ငံ‌ရေး ပါတီအဖြစ် ဆက်လက် တည်‌ထောင်ခွင့်ပြုရန် ထပ်မံ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ဥက္ကဌ ‌စောသန်း‌အောင်နှင့် အတွင်း‌ရေးမှူးမှာ ‌စောဂျူး ဖြစ်သည်ဟု သိရသည်။

‌ကေပီပီပါတီတွင်မူ ဥက္ကဌမှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး ‌စောထွန်း‌အောင်မြင့်ဖြစ်ပြီး ဒုဥက္ကဌ‌လေးဦးနှင့် အဖွဲ့ဝင် ၁၇ဦးကို ‌အောက် ပါအတိုင်း ဖွဲ့စည်းထားသည်။
ဒု-ဥက္ကဌ(၁)-‌ဒေါက်တာ‌စောစိုင်မွန်သာ(‌ဆေးပညာရှင်)
ဒု-ဥက္ကဌ(၂)-‌စော‌အေးကို(ဗိုလ်မှူးကြီး-အငြိမ်းစား)
ဒု-ဥက္ကဌ(၃)-‌စောကက်နက်‌ဝေ‌သော်
ဒုဥက္ကဌ(၄)-ပါ‌မောက္ခ ‌နော်တင်တင်ရင်(ဒဿနိက‌ဗေဒ-အငြိမ်းစား)
အ‌ထွေ‌ထွေအတွင်း‌ရေးမှူး-‌စော‌စေးဝါးညွှန့်(ရဲမှူးကြီး-အငြိမ်းစား)
အတွင်း‌ရေးမှူး(၁)-မန်းထွန်းတင်(ပုသိမ်)
ပါ‌မောက္ခ ‌နော်‌လော‌နော(သူနာပြု-အငြိမ်းစား)-(အဖွဲ့ဝင်)
နမ့်‌မေရီစိန်(အထက်တန်းပြ‌ကျောင်းဆရာမ-အငြိမ်းစား)-အဖွဲ့ဝင်
‌စောမိုးမြင့်(သတ္တုတွင်း အ‌ထွေ‌ထွေမန်‌နေဂျာ-အငြိမ်းစား)-အဖွဲ့ဝင်
‌နော်သပ‌လေး(ကျန်းမာ‌ရေးဌာန-အငြိမ်းစား)-အဖွဲ့ဝင်
မန်းစံထွန်း(စီးပွား‌ရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်
မန်းကြယ်ဝင်း(စီးပွား‌ရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်
‌စောဆင်မြူရယ်(ပြည်နယ် EPC ဦးစီးအရာရှိ-အငြိမ်းစား)-အဖွဲ့ဝင်
‌စောဖရန်ကို(စီးပွား‌ရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်
မန်းစိန်လှဝင်း(စီးပွား‌ရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်နှင့်
မန်းတင်လှိုင်(စီးပွား‌ရေးလုပ်ငန်းရှင်)-အဖွဲ့ဝင်တို့ဖြစ်ကြသည်။

“စိုင်မွန်တို့က ကရင်ကို လက်နက်ကိုင်ပြီး‌တော့ နယ်ခြား‌စောင့်တပ်ဖွဲ့ဖို့ကို ပွဲစားလုပ်ခဲ့တဲ့လူပဲ။ ‌တော်လှန်‌ရေးသမား မဟုတ်ဘူး ‌လေ။ တဖြည်းဖြည်း ကရင်လက်နက်ကိုင်ပြိုကွဲသွား‌အောင် စီမံတဲ့‌နေရာမှာလည်း ထိပ်ဆုံးက ပါတာပဲ။ ‌နောက်ပြီး‌တော့ သူတို့ အဖွဲ့က ဘယ်လိုပဲ၊ ဘာပဲ ကရင်နာမည်တပ်တပ် တကယ်လို့ အဲန်အယ်လ်ဒီ ပါဝင်ရလို့ ယှဉ်ပြိုင်ရမယ်ဆိုရင် ရှုံးမဲ့အဖွဲ့ပဲ။ ပြည် သူက မ‌ထောက်ခံပါဘူး။ ကရင်‌တွေကလည်း မ‌ထောက်ခံပါဘူး။ လူမှု‌ရေးမှာ‌တော့ စိုင်မွန်က ‌တော်ပါတယ်။ အခြား‌ကေပီပီ အ ဖွဲ့ဝင် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတို့ဆိုတာ ကရင်က ဘယ်‌လောက်အရည်အချင်းရှိရှိ ဗိုလ်မှူးကြီးထက် မ‌ကျော်ရဘူးဆိုတဲ့ ‌ပေါ် လစီကြီးချထားတဲ့ အစိုးရရဲ့‌အောက်မှာ ‌ခေါင်းငုံ့ဝင်ခံပြီး အခုမှ ‌ရွေး‌ကောက်ပွဲလုပ်မယ်ဆို‌တော့ ကြံ့ဖွံ့အဆင့်‌လောက်ပဲရှိတယ်။ အစိုးရလက်‌အောက်မှာ မိ‌နေတဲ့ သူတို့လိုလူစား‌တွေ အကုန်လုံးက စုပြီး‌တော့ အဖွဲ့တဖွဲ့‌ထောင်တဲ့သ‌ဘောပဲ။ ကရင်မှာ ဒီ‌ကေ ဘီ‌အေကို သွား‌ထောင်ခိုင်းလို့ မရဘူး။ ဒီ‌ကေဘီ‌အေကို ဘယ်လိုလုပ် ဧရာဝတီတိုင်းမှာ သွား‌ရွေးခိုင်းလို့ ရမလဲ။ ‌တောင်ငူခရိုင် မှာ ဘယ်လိုလုပ်သွား‌ရွေးခိုင်းရမလဲ။ ဒီ‌ကေဘီ‌အေက တပ်မဟာ(၇)နယ်‌မြေပဲ ရမှာကိုး။ အဲဒီ‌တော့ ပါတီဖွဲ့ခိုင်းတာက ဒီအစိုးရ ရဲ့ လက်ကိုင်တုတ်ပဲ”ဟု ‌ရွေး‌ကောက်ပွဲကို ‌စောင့်ကြည့်‌လေ့လာ‌နေသည့် မန်းမြင့်ဆိုင်က ‌ပြောသည်။

ယူ‌ကေအယ်လ်၏ တံဆိပ်ပုံ

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်‌နေ့က ကရင်လူကြီးများ မိတ်သဟာယ ဖွဲ့စည်းခြင်းနှင့် ၂၀၁ဝ ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်‌ရေးကိစ္စများ ‌ဆောင်ရွက်ကြမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်အ တွင်းရှိ ဂုဏ်သ‌ရေရှိ ကရင်အမျိုးသား လူပုဂ္ဂိုလ်များနှင့် ဘာသာ‌ရေးပုဂ္ဂိုလ်များက ရန်ကုန်မြို့ ‌ရွှေသံလွင်ကွန်ဒို (Hope Office) ၌ အစည်းအ‌ဝေးတခု ပြုလုပ်ခဲ့‌ကြောင်း ပြည်တွင်းသတင်းအရ သိရသည်။

၎င်းအစည်းအ‌ဝေးတွင် အဖွဲ့ဝင် ၁၃ဦး ပါဝင်သည့် ကရင်လူကြီးများ မိတ်သဟာယအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အသစ်ဖွဲ့စည်းမည့် ကရင် အမျိုးသားပါတီများမှ မူအားဖြင့် ကရင်လူမျိုး အများစုပါဝင်‌သော ကိုယ်စားလှယ်ရရှိ‌ရေး၊ လွှတ်‌တော်အသီးသီးတွင် ကရင်အ များစု ပါဝင်ပြီး ‌ပြော‌ရေးဆိုခွင့်ရရှိ‌ရေး၊ ပါတီကိုယ်စားလှယ်များသည် လူအများ ကြည်ညို‌လေးစားသူဖြစ်‌ရေး၊ ပါတီကိုယ်စား လှယ် ရရှိ‌ရေးအတွက် မဲဆန္ဒနယ်‌မြေ ‌ရွေးချယ်ရန်နှင့် အ‌ရွေးခံကိုယ်စားလှယ်‌လောင်း သတ်မှတ်ထား‌ရေး၊ သက်ဆိုင်ရာ နယ် ‌မြေတွင် စည်းရုံး‌ရေးလုပ်ငန်း အချိန်မှီ ‌ဆောင်ရွက်‌ရေးနှင့် ဘဏ္ဍာ‌ငွေကို ပါတီအလိုက် ထည့်ဝင်၍ ပါတီအကျိုးအတွက် စနစ်တ ကျ သုံးစွဲ‌ရေးကို ‌ယေဘုယျ သ‌ဘောတူခဲ့ကြသည်။

ထို့အပြင် အစည်းအ‌ဝေး တက်‌ရောက်လာသူများက ပါတီဖွဲ့စည်း‌ရေးနှင့် အခြားလုပ်ငန်းများကို အချိန်မှီ‌ဆောင်ရွက်နိုင်‌ရေး ‌ဆွေး‌နွေးချက်များအရ ဗဟိုမှ ‌ကျေးရွာအဆင့်ဆင့်ထိ ပါတီများကို ဖွဲ့စည်းကြရန်နှင့် ပါတီအချင်းချင်း လုပ်ငန်း‌ဆောင်ရွက်မှု အ‌ခြေအ‌နေများ ညှိနှိုင်းလျှက် ၂၀၁ဝခုနှစ်၊ ဧပြီ၊ ‌မေ၊ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လအထိ သတ်မှတ်ချက်အတိုင်း ‌ဆောင်ရွက်ကြရန်၊ ရန်ပုံ‌ငွေ‌ကောက်ခံခြင်းကို မတ်လမှ ‌မေလအတွင်း ကနဦး ‌ကောက်ခံရန် ပဏာမ ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

ထိုသို့ ပါတီမှတ်ပုံတင်‌လျှောက်ထားသည့် ကရင်ပါတီနှစ်ခုစလုံး၏ အလံအဖြစ် ကရင်အမျိုးသားအလံကို သတ်မှတ်ထားသည်။ ၎င်းအပြင် ပါတီမှတ်ပုံတင်ပြီးပါက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ စည်းရုံး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်သွားမည်ဟု ‌ယေဘုယျအားဖြင့် သိရသည်။

တိုင်းရင်းသားနိုင်ငံ‌ရေး အင်အားစုများ ‌ရွေး‌ကောက်ပွဲဝင်ခြင်း မဝင်ခြင်းသည် ၎င်းတို့၏ ဆန္ဒသ‌ဘောထားသာဖြစ်‌ကြောင်း တိုင်း ရင်းသားလူမျိုးများ‌ကောင်စီ(အီးအဲန်စီ)၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးလည်းဖြစ်၊ ‌ကေအဲန်ယူ အလုပ်အမှု‌ဆောင်အဖွဲ့ဝင်ဖြစ်သူ ‌စော‌ဒေးဗစ်‌ထောက ယခုလို သုံးသပ်‌ပြောဆိုသည်။

၎င်းက “နအဖ အုပ်ချုပ်မှု‌အောက်မှာရှိတဲ့ နအဖကို ‌ကြောက်တဲ့သူ‌တွေ‌တော့ အဖွဲ့အစည်း‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်မှာပဲ။ ဝင်မဝင်‌တော့ သူတို့အ‌ပေါ်မှာပဲ မူတည်တယ်။ ဒါ‌ပေမယ့် ပြည်သူ‌တွေဟာ မဖြစ်မ‌နေ မဲ‌ပေးရမှာ ဖြစ်တဲ့အတွက် မဲ‌ပေးမယ်ဆို ရင် သူတို့အတွက် အလုပ်လုပ်‌ပေးနိုင်မယ့် လူ‌တွေကိုပဲ မဲ‌ပေး‌စေချင်တယ်လို့ ‌ပြောချင်တယ်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ ဧပြီလ ၉ရက်‌နေ့အထိ နိုင်ငံ‌ရေးပါတီ တည်‌ထောင်ခွင့် ‌လျှောက် ထားသည့် အဖွဲ့‌ပေါင်း (၁၆)ဖွဲ့၊ နိုင်ငံ‌ရေးပါတီအဖြစ် ဆက်လက်တည်‌ထောင်ခွင့် မှတ်ပုံတင်‌လျှောက်ထားသည့် ပါတီ ၃ပါတီရှိပြီး ထိုအထဲတွင် ကရင်၊ ကချင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ချင်း၊ တအာင်း(ပ‌လောင်)၊ ဝနှင့် မြို(ခမိ) တိုင်းရင်းသားပါတီများ ပါဝင်သည်။