Home ထိပ်တန်းသတင်း မယ်လစခန်း၌ စိတ်ကြွ‌ဆေးပြား (၅၀)‌ကျော် ဖမ်းဆီးရမိ

မယ်လစခန်း၌ စိတ်ကြွ‌ဆေးပြား (၅၀)‌ကျော် ဖမ်းဆီးရမိ

1462
‌မေလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌ စိတ်ကြွ‌စေသည့် မူးယစ်‌ဆေးပြား(မြင်း‌ဆေး) ၅၀‌ကျော်ကို စခန်းဆိုင်ရာ ထိုင်း အာဏာပိုင်များ(‌အော်‌ဆော်)က ‌ရောင်းဝယ်သုံးစွဲသူ ၃ဦး၏လက်ဝယ် ယမန်‌နေ့မနက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ‌စောအားမူက “မ‌နေ့ မနက် ၆းဝဝနာရီ‌လောက်မှာ (‌အော်‌ဆော်)ကိုယ်တိုင် ဝင်ဖမ်းတယ်။ ‌ဆေး ပြား (၅၆)ပြားနဲ့အတူ ဇုံဘီ ရပ်ကွက်(၄)မှာ သုံးတဲ့‌ကော၊ ‌ရောင်းတဲ့သူပါ သုံး‌ယောက်ကို လက်ပူးလက်ကြပ် ဖမ်းဆီးရမိတယ်။ ‌ရောင်းသူက အမျိုးသမီးဖြစ်ပြီး အခု သက်ဆိုင်ရာကို ပို့လိုက်ပြီ”ဟု အတည်ပြု ‌ပြောဆိုသည်။

အဆိုပါ စိတ်ကြွ‌ဆေးပြား‌ရောင်းသူများသည် မြဝတီမှတဆင့် ဆက်သွယ်၍ မယ်လစခန်းအတွင်းသို့ သယ်‌ဆောင်လာခြင်းဖြစ် ‌ကြောင်း ‌စောအားမူက ဆက်‌ပြောသည်။

“သူတို့‌တွေ (‌ဆေးပြား‌ရောင်းသူ) ‌ပြောပြတဲ့ပုံအရဆိုရင် မြဝတီက လာပို့‌ပေးတဲ့လူရှိတယ်။ လာပို့တဲ့လူက စခန်းထဲကို မဝင်ခင် ထိုင်းစစ်တပ်ဂိတ်မှာ အဖမ်းခံရ‌တော့ အဲဒီက‌နေတဆင့် ထိုင်းအာဏာပိုင်‌တွေက ခိုင်လုံတဲ့ သက်‌သေအ‌ထောက်ထားနဲ့တကွ ဝင်‌ရောက်ဖမ်းဆီးတာ ဖြစ်တယ်။ ကျ‌နော်တို့ စခန်းလုံခြုံ‌ရေးအဖွဲ့‌တောင် မသိလိုက်ဘူး”ဟု ‌ပြောသည်။

မြဝတီမြို့ခံတဦးက “ခင်ဗျား မြင်း‌ဆေးဘယ်‌လောက်လိုချင်လဲ။ ပိုက်ဆံရှိရင် တပုံကြီးရှိတယ်။ တပြားမှ မြန်မာ‌ငွေ (၉၀၀)ထဲပဲ။ ဒါက ကိုယ့်အချိတ်ဆက်နဲ့ကိုယ်မှ။ ဝယ်‌နေကျ မဟုတ်ရင် တပြားကို တ‌ထောင်‌ကျော်တယ်။ ထိုင်းဘက်ကလူ‌တွေ အမြဲတမ်း လာဝယ်ကြတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုအမှုသည် ကြီးမားသည့် ပြစ်မှုဖြစ်‌သော‌ကြောင့် အနည်းဆုံး (၆)နှစ် ‌ထောင်ကျခံရမည်ဖြစ်ပြီး အကယ်၍ ‌ထောင်မှ ပြန် လည် လွတ်‌မြောက်လာသည့်တိုင် ဒုက္ခသည်စခန်းတွင်း၌ ဆက်လက် ‌နေထိုင်ခွင့်ပြုမပြုကိုပင် အလွန်စဉ်းစားရမည်ဖြစ် ‌ကြောင်း စခန်းဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

မဲ‌ဆောက်မြို့၏‌မြောက်ဘက် (၄၀)ကီလိုမီတာအကွာအ‌ဝေးရှိ လူဦး‌ရေ ၅‌သောင်းခန့် ‌နေထိုင်‌သော မယ်လကရင်ဒုက္ခသည် စခန်းတွင် ယခင်က ဘိန်းနှင့် ‌ဆေး‌ခြောက် အနည်းအကျဉ်းကို စခန်းလုံခြုံ‌ရေးများက မကြာခဏ ဖမ်းဆီးရမိခဲ့‌သော်လည်း ယခု လို စိတ်ကြွ‌ဆေးပြား ဖမ်းဆီးရမိခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။