Home ထိပ်တန်းသတင်း ‌ရွှေတူး‌ဖော်‌ရေး ဒီ‌ကေဘီ‌အေ ရပ်တန့်ထား

‌ရွှေတူး‌ဖော်‌ရေး ဒီ‌ကေဘီ‌အေ ရပ်တန့်ထား

1675
‌မေလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၌ ‌ရွှေတူး‌ဖော်‌နေ‌သော တိုးတက်ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့တို့ သည် ‌မေလဆန်းပိုင်းမှစ၍ ၎င်းတို့၏လုပ်ငန်းကို ရပ်တန့်ထားသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ဖာပွန်ခရိုင်ရှိ ‌ရွှေတူး‌ဖော်‌နေသည့်‌နေရာအနီးမှ ဝင်း‌မောင်းရွာသားတဦးက “သဲ‌တွေကို လာသယ်‌နေတဲ့ ကား‌တွေ အခု အကုန် ပြန်ပြီ။ သူတို့(ဒီ‌ကေဘီ‌အေ)က ‌နောက်နှစ်မှ ဆက်တူးမယ်လို့ ‌ပြောတာပဲ။ ဒီ‌ရွှေတူးတဲ့လုပ်ငန်းကို သူတို့က သုံးနှစ်စီမံကိန်းလား၊ ငါးနှစ်စီမံကိန်းလား အဲလိုလုပ်မယ်လို့ ကျ‌နော်တို့ ကြားတယ်”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များသည် ‌ရွှေတူးလုပ်ငန်းစီမံကိန်းကို ယာယီရပ်ဆိုင်းထားခြင်းသာဖြစ်ပြီး လာမည့် မိုးရာသီကုန်ဆုံးလျှင် တဖန် ပြန်လည်လုပ်ကိုင်အုံးမည်ဟု သူက ဆက်လက်‌ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာမှ ဗိုလ်မှူးတဦးကို ‌မေးမြန်းရာ ၎င်းအ‌နေဖြင့် မသိရှိ‌ကြောင်း ပြန်လည် ‌ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ‌အောက်တိုဘာလက အင်အား ၆၀ဝခန့်ရှိသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက် ‌အောက်ခံ တပ်ရင်းတို့သည် သစ်ထုတ်လုပ်ရန်နှင့် ‌ရွှေတူး‌ဖော်ရန်အတွက် ဖာပွန်- သထုံခရိုင်နယ်စပ် ဝင်း‌မောင်း‌ကျေးရွာအုပ်စု သို့ ‌ရောက်ရှိလာခဲ့ပြီး ထို‌ဒေသရှိ မယ်ကလယ့်‌လော်‌ချောင်း၌ ‌ရွှေများကို တူး‌ဖော်ခဲ့သည်။

၎င်းတို့ ‌ရွှေတူး‌ဖော်သည့်ကာလအတွင်း မြစ်‌ချောင်းထဲမှ သဲများကို မြစ်ကမ်းနဖူး‌ပေါ်၌ စုပုံထားသည့်အတွက် လယ်ကွင်းနှင့် မြစ် ‌ချောင်း ဆက်သွယ်‌ဖောက်လုပ်ထား‌သော တူး‌မြောင်းများ ပိတ်သွားကာ ယခုနှစ် မိုးရာသီ၌ လယ်လုပ်စားနိုင်‌တော့မည် မဟုတ် ‌ကြောင်းနှင့် ပျက်စီးသွား‌သော လယ်ယာ‌မြေကွက်များအတွက် ဒီ‌ကေဘီ‌အေက ‌လျော်‌ကြေး‌ပေးမည်ဟု ‌ပြောဆိုခဲ့‌သော်လည်း ယခုအချိန်ထိ လာ‌ရောက်‌ပေး‌လျော်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။

ဒီ‌ကေဘီ‌အေ ‌ရွှေတူးတဲ့ နယ်‌မြေရဲ့ (ဓာတ်ပုံ - ‌ကေအိုင်စီ)

‌ရွှေတူး‌ဖော်‌သော‌ကြောင့် လယ်ကွင်းပျက်စီးသည့် ရွာများမှာ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ဝင်း‌မောင်း(ဝါမူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိ‌ချောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ည့ာဆာ့‌ဂေါ်ထာ့)၊ မဲပူ(မဲ့ပူထာ့)၊ ‌ဝေါ်‌လေ၊ ပဒါ‌ဒေါင်၊ ‌ခေါ်ကလား စသည့်‌ကျေးရွာများ ဖြစ်ကြသည်။