Home ထိပ်တန်းသတင်း မယ်လစခန်း ‌ကေဝိုင်အိုရုံး မီး‌လောင် ကွန်ပျူတာ (၇)လုံး ပျက်စီး

မယ်လစခန်း ‌ကေဝိုင်အိုရုံး မီး‌လောင် ကွန်ပျူတာ (၇)လုံး ပျက်စီး

1358
‌မေလ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ကရင်လူငယ်အစည်းအရုံး (‌ကေဝိုင်အို)ရုံး ယ‌နေ့မနက်တွင် မီး ‌လောင်မှုတခုဖြစ်ပွားခဲ့ပြီး ကွန်ပျူတာ (၇)လုံး ‌လောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု သိရသည်။

မီး‌လောင်ကျွမ်းမှုနှင့် ပတ်သက်၍ မယ်လစခန်း ‌ကေဝိုင်အို ဥက္ကဌ ‌စောအယ်ထီး‌ကော်က “မနက်က ရုံးလုပ်သားတ‌ယောက် ‌ရေ ‌နွေးတည်တယ်။ မီးဖိုကို ကြမ်းခင်း‌ပေါ်မှာပဲ ထားတဲ့အတွက် ပူပူလာ‌တော့ ‌အောက်ကကြမ်းခင်းကို မီး‌လောင်သွားတယ်လို့ပဲ ထင်တယ်။ မီး‌လောင်တာ‌တော့ ဆယ့်ငါးမိနစ်‌လောက် ကြာမယ်။ မီးငြိမ်းသတ်တဲ့သူများ‌တော့ ခဏ‌လေးနဲ့ မီးငြိမ်းသွားတယ်။ အ ခြားအိမ်‌တွေလည်း မီးမကူးဘူး”ဟု ရှင်းပြခဲ့သည်။

၎င်း‌ကေဝိုင်အိုရုံးတွင် လက်ရှိအချိန်၌ လူငယ်များကို ကွန်ပြူတာသင်တန်း ပို့ချ‌ပေး‌နေသည့်အတွက် ယင်းသို့မီး‌လောင်ရာတွင် (laptop)ကွန်ပြူတာ ၃လုံး၊ CPU ၄လုံး၊ ‌မော်နီတာ ၃လုံး၊ Printer ၂လုံး၊ အခြားကွန်ပြူတာပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ မီးထဲသို့ ပါသွားခဲ့ပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်‌ငွေ ၁၃၀,၀၀၀‌ကျော် ရှိ‌ကြောင်း သူက ဆက်‌ပြောသည်။

ကွန်ပျူတာသင်တန်းဆရာက “ဒီလိုဖြစ်သွားတဲ့အ‌ပေါ် စိတ်မ‌ကောင်းဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ဒီလိုမျိုးသင်တန်းဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ အခုလိုဖြစ်‌တော့ က‌လေး‌တွေအတွက် နစ်နာတယ်။ ‌နောက် သင်စရာပစ္စည်း‌တွေ ဆုံးရှုံးတဲ့အတွက် ဘယ်လိုပဲဖြစ် ဖြစ် နည်းလမ်းရှာပြီး ပစ္စည်းအသစ်‌တွေ ပြန်ရ‌တော့မှ ဒီကွန်ပျူတာသင်တန်းကို ကျ‌နော်တို့ တခါ ပြန်စရမှာ‌ပေါ့”ဟု ဆိုသည်။

အဆိုပါ‌ကေဝိုင်အိုအဖွဲ့သည် စခန်းအတွင်းရှိ က‌လေး၊ လူငယ်များ ကွန်ပျူတာအတတ်ပညာ မြင့်မားလာ‌ရေးအတွက် သင်တန်း သူသင်တန်းသား ၁၅ဦးစီကို သုံးလတစ်ကြိမ် သင်တန်းဖွင့်လှစ်‌ပေးလျှက်ရှိရာ ယခု တတိယအကြိမ် သင်တန်းပြီးဆုံးရန် တပတ် ခန့်အလို၌ မီး‌လောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။

မဲ‌ဆောက်မြို့နှင့် ကီလိုမီတာ ၄၀‌ကျော် ကွာ‌ဝေးသည့် မယ်လဒုက္ခသည်စခန်းတွင် ယခင်ကလည်း လူ‌နေအိမ် မီး‌လောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။