Home ထိပ်တန်းသတင်း အပူရှိန်‌ကြောင့် ကျွဲ၊ နွားများ ‌သေဆုံး

အပူရှိန်‌ကြောင့် ကျွဲ၊ နွားများ ‌သေဆုံး

1444
‌မေလ ၁၉ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ယခုနှစ် ‌နွေရာသီအပူချိန်သည် ယခင်နှစ်ထက် အဆမတန်မြင့်တက်‌သော‌ကြောင့် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ကွင်းက‌လေး‌ကျေးရွာအုပ်စုတွင် အပူရှိန်‌ကြောင့် ကျွဲ၊ နွားများ ‌သေဆုံးကြ‌ကြောင်း ‌ဒေသခံ များက ‌ပြောသည်။

“ဒီနှစ်‌တော့ စံချိန်တင်‌လောက်‌အောင် ပူတယ်။ ဘာဖြစ်လို့လဲ‌တော့ ကျွဲ၊ နွား‌တွေ ‌သေတဲ့အထိပူတာကိုး။ အထူးသဖြင့် နွားက ပို‌သေတယ်။ နွား‌ပေါက်စ ‌ကောင်‌လေး‌တွေ‌ပေါ့‌နော်။ ကျ‌နော် တို့ရွာဆိုရင် ကျွဲ၊ နွား‌သေ တာ အ‌ကောင် (၃၀) ‌ကျော်‌လောက်ရှိတယ်”ဟု ကွင်းက‌လေးရွာသားတဦးက ‌ပြောသည်။

အဆိုပါ အပူ‌ကြောင့် ကွင်းက‌လေး‌ကျေးရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ‌ကျေးရွာများတွင် ‌ချောင်း‌ရေများတ ဖြည်းဖြည်းခမ်း‌ခြောက်လာပြီး အလွန်ပူ‌သော‌ကြောင့် တုံကင်(‌ရေစုပ်စက်)သာ အားထား‌နေရသည်ဟု သိရ သည်။

ကွင်းက‌လေး‌ကျေးရွာအုပ်စုရှိ ကြိတ်ရွာသူတဦးက “ကျွဲ၊ နွား‌တွေ ‌သေတာများ‌တော့ ကျမတို့ လယ်ကွင်း ပဲဖြစ်ဖြစ်၊ ချုံ‌တောထဲကိုပဲဖြစ်ဖြစ် သွားလို့ရှိရင် ပုတ်‌စော်အရမ်းနံတယ်။ တချို့လူကြီး‌တွေက ကျွဲ၊ နွား‌တွေ ‌ရောဂါခံစား‌နေရလို့ ‌သေတာတဲ့။ တချို့လူ‌တွေက မြက်‌တွေ ‌သေကုန်ကြလို့ သူတို့‌တွေ အစာမစားရတဲ့အ တွက် ‌သေကြတာလို့ ‌ပြောကြတယ်။ တချို့ ကွမ်းသီးခြံ‌တွေဆိုရင်လည်း တခြံလုံး ‌သေတာလည်းရှိတယ်”ဟု ‌ပြောသည်။

ထို့အပြင် ‌နေပူရှိန် အလွန်ပြင်းထန်‌သော‌ကြောင့် ထို‌ဒေသရှိ တချို့‌သော သက်ကြီးရွယ်အိုများသည် တရက် ကို အနည်းဆုံး (၁၀)‌ခေါက် ‌ရေချိုး‌နေကြပြီး အပူဒဏ် သက်သာ‌အောင် အကင်္ျီကို ‌ရေဖြင့်စွတ်ကာ အသုံးပြု‌သော‌ကြောင့် ကျိုက်ဒုံမှ (၇)နှစ်သားအရွယ် က‌လေးငယ်တဦး ‌သေဆုံးခဲ့‌ကြောင်း ရွာသားများက ‌ပြောသည်။

ကွင်းက‌လေး‌ကျေးရွာသည် ကျိုက်ဒုံမြို့နယ်ခွဲ၏ ‌မြောက်ဘက်တွင်တည်ရှိပြီး ကားဖြင့် (၁)နာရီ‌ကျော် ခရီး သွားရသည်။ မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ယခုနှစ် ဧပြီလ လယ်ပိုင်းမှစ၍ အဆမတန်မြင့်တက်လာသည့် အပူချိန်‌ကြောင့် လူ‌သေဆုံးမှုနှုန်း ပိုများလာ‌ကြောင်း ပြည်တွင်းမှ လာသည့်သတင်းအရ သိရသည်။