Home ထိပ်တန်းသတင်း နျူးကလီးယား လက်နက် ပိုင်ဆိုင်‌ရေး စွပ်စွဲချက် စစ်အစိုးရ ငြင်းဆို

နျူးကလီးယား လက်နက် ပိုင်ဆိုင်‌ရေး စွပ်စွဲချက် စစ်အစိုးရ ငြင်းဆို

2456
ဇွန်လ ၁၂ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

မြန်မာစစ်အစိုးရသည် ‌မြောက်ကိုးရီးယား ပူး‌ပေါင်းပြီး နျူးကလီးယား လက်နက်ပိုင်ဆိုင်နိုင်‌ရေး ကြိုးပမ်း‌နေသည့် စွပ်စွဲချက်အ‌ပေါ် မဟုတ်မှန်‌ကြောင်း ၎င်း၏ နိုင်ငံခြား‌ရေးဝန်ကြီးဌာနက ဇွန်လ ၁၁ရက်‌နေ့ ရက်စွဲဖြင့် ‌ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

ထို‌ကြေညာချက်တွင် “မြန်မာနိုင်ငံအ‌နေဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူး‌ပေါင်း၍ နျူးကလီးယား အစီအ စဉ် ‌ဖော်‌ဆောင်‌ရေး ကြိုးပမ်း‌နေသည့် စွပ်စွဲချက်သည် အ‌ခြေအမြစ်မရှိ‌ကြောင်းနှင့် မြန်မာနိုင်ငံအ‌နေဖြင့် နျူးကလီးယား လက်နက် ပိုင်ဆိုင်သည့် စစ်အင်အားကြီးနိုင်ငံ ဖြစ်လာရန် ရည်ရွယ်ချက်မရှိ”ဟု ‌ဖော်ပြထားသည်။

စစ်အစိုးရသည် နျူးကလီးယား နည်းပညာရရှိရန်နှင့် ကျွမ်းကျင်သူ ပညာရှင်များ ရရှိရန် ကြိုးပမ်း‌နေမှုများကို သက်‌သေအ‌ထောက် အထားများနှင်တကွ ပြီးခဲ့‌သောတပတ်က ‌နော်‌ဝေအ‌ခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)သတင်းဌာနမှ မှတ်တမ်းတင် ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ဗွီဒီယို‌ခွေကို အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် ‌အေဘီ‌အေသတင်းကွန်ယက်တွင်လည်း ထပ်ဆင့် ထုတ်လွှင့်ခဲ့သည်။

အဆိုပါ သတင်းဗွီဒီယို‌ခွေတွင် ပြီးခဲ့‌သော လအနည်းငယ်က ပြည်ပသို့ တိမ်း‌ရှောင်လာခဲ့‌သော ရုရှားနိုင်ငံ Bouman Moscow State Technical University မှ ဒုံးပျံအင်ဂျင် အထူးပြုဘာသာရပ်နှင့် ဘွဲ့ရရှိခဲ့သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ထုတ်‌ဖော်‌ပြောဆိုချက် များ၊ ၎င်းနှင့်အတူ ပါလာသည့် စစ်အစိုးရ၏ နျူးကလီးယားနှင့် ဒုံးပျံလက်နက် ရယူ‌ရေး ကြိုးပမ်း‌ဆောင်ရွက်ချက် စာရွက်စာတမ်း အ‌ထောက်အထားများ တင်ပြပါရှိသည်။

မြန်မာနိုင်ငံအ‌ပေါ် နျူးကလီးယားနှင့် ပတ်သက်သည့် စွပ်စွဲချက်များသည် မြန်မာနိုင်ငံ ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေး ကြိုးပမ်း ‌နေချိန်တွင် နိုင်ငံ‌ရေးအရ သိက္ခာကျ‌စေရန် ထိုးနှက်လုပ်‌ဆောင်ခြင်းသာဖြစ်ပြီး တပ်‌ပြေး၊ ဝရမ်း‌ပြေးတချို့၏ စွပ်စွဲ‌ပြောကြားချက် များအ‌ပေါ် အ‌ခြေခံထားသည့် တိကျမှန်ကန်မှုနှင့် မျှတမှုမရှိသည့် သတင်းအချက်အလက်များသာဖြစ်သည်ဟု ယ‌နေ့ထုတ် စစ်အ စိုးရပိုင် သတင်းစာမျက်နှာဖုံးတွင် ‌ဖော်ပြထားသည်။

မြန်မာစစ်တပ်တွင် အမှုထမ်းခဲ့ပြီး ပြည်ပသို့ တိမ်း‌ရှောင်လာခဲ့သူ ဗိုလ်ကြီးစိုးတင့်က “စစ်အစိုးရက‌တော့ မဟုတ်ဘူးလို့ နိုင်ငံတကာ ကို ‌ပြောမှာပဲ။ ဘယ်လိုပဲငြင်းငြင်း ဒီဘက်မှာ ‌လေ့လာ‌တွေ့ရှိထားတဲ့ မှတ်တမ်းအချက်အလက်‌တွေအရ‌ရော၊ ပြည်ပဘက် ထွက် လာတဲ့ တပ်ဗိုလ်တပ်မှူး‌တွေ ကိုယ်တိုင်ကိုက လုပ်‌ဆောင်ရတာ‌တွေ ရှိတယ်။ သူတို့ အမှန်တကယ် နျူးကလီးယား စက်ရုံ‌တွေ စီ စဉ်လုပ်‌ဆောင်‌နေတာပါ။ သူခိုးဆိုတာ သူခိုးပါတယ်လို့ ဘယ်‌တော့ မ‌ပြောဘူး”ဟု ‌ထောက်ပြ‌ပြောဆိုသည်။

ယခုလို လတ်တ‌လော ‌ရေပန်းစားလာသည့် မြန်မာနိုင်ငံ နျူးကလီယားကိစ္စနှင့် ပတ်သက်‌သော သတင်းအချက်အလက်များအ‌ပေါ် ‌လေ့လာသုံးသပ်မည်ဖြစ်‌ကြောင်း IAEA အကြီးအကဲ ယူကီယာ အမာနို (Yukiya Amano)က ယခုလ ၇ရက်‌နေ့(တနလင်္ာ‌နေ့)တွင် ထုတ်ပြန်‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် နျူးကလီးယားမပြန့်ပွား‌ရေး စာချုပ်ဝင် နိုင်ငံတနိုင်ငံဖြစ်ပြီး ထိုစာချုပ်နှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်‌အေဂျင်စီ(IAEA)၏ ‌စောင့်ကြည့်မှု သ‌ဘောတူညီချက်ကို ၁၉၉၅ခုနှစ်က လက်မှတ်‌ရေးထိုးထားခဲ့သည်။