Home ထိပ်တန်းသတင်း နအဖ ပစ်ခတ်မှု‌ကြောင့် အမျိုးသမီးတဦး ဒဏ်ရာ ပြင်းထန်စွာရရှိ

နအဖ ပစ်ခတ်မှု‌ကြောင့် အမျိုးသမီးတဦး ဒဏ်ရာ ပြင်းထန်စွာရရှိ

1812
ဇွန်လ ၁၄ရက်၊ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်ရှိ သံ‌တောင်ကြီး (ဘုရင့်‌နောင်တပ်မြို့)တွင် လုံခြုံ‌ရေးယူ‌နေ‌သော နအဖ တပ်မှ ‌ဒေသခံအမျိုးသမီးတဦးကို ပစ်ခတ်ခဲ့မှု‌ကြောင့် အဆိုပါအမျိုးသမီးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့‌ကြောင်း သိရသည်။

သံ‌တောင်ကြီး ‌ကျေးရွာတွင် ‌နေထိုင်သူ ‌နော်စီခဲ (၅၃)နှစ်သည် ယခုလ ၉ရက်‌နေ့က ရွာအပြင်ဘက်ရှိ သူမ၏ ဖာလာခြံသို့ အလုပ်လုပ်ရန် သွားစဉ် နအဖ တပ်မှ ပစ်ခတ်ခဲ့ခြင်း‌ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ယခု ချိန်တွင် သံ‌တောင်မြို့ ‌ဆေးရုံသို့ ‌ဆေးကုသမှု ခံယူ‌နေရသည်ဟု ‌တောင်ငူ ‌ဒေသခံ ‌စောအယ်ဝါးက ‌ပြောသည်။

“ခြံက ရွာအပြင်ဘက် သူ့အိမ်နဲ့ မနီးမ‌ဝေးမှာ‌ပေါ့။ အရင်ကလည်း အလုပ် သွားလုပ်‌နေကျပဲ‌လေ။ အဲဒီ‌နေ့မှာ သူ တ‌ယောက်တည်းသွားတာ။ ခြံ‌ရောက်ခါနီးမှာ လှည့်လည်လှုပ်ရှား‌နေတဲ့ နအဖတပ်က ပစ်တာ။ ညာဘက် ‌ခြေသလုံးနဲ့ ‌ခြေဖဝါးမှာ ထိသွားတာ။ ဒဏ်ရာက ပြင်းထန်တယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ရွာသူအမျိုးသမီးကို နအဖတပ်မှ မှားယွင်း၍ ပစ်ခတ်တာလား သို့မဟုတ် တမင်ရည်ရွယ်၍ ပစ်ခတ်တာ လား မဆိုနိုင်‌သော်လည်း ရွာအပြင်ဘက်သို့ ‌သေနတ် သံကြားပြီး‌နောက် ရွာသားများ သွား‌ရောက်ကြည့်ရှုချိန် တွင် ဒဏ်ရာပြင်းထန်‌နေသည့် သူမကို ‌တွေ့ရှိရသဖြင့် သံ‌တောင်‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့သည်ဟု ‌စောအယ်ဝါးက ‌ပြော သည်။

လက်ရှိအချိန်၌ သံ‌တောင်ကြီးတွင် နအဖ စစ်ဘက်ဆိုင်ရာ ‌လေ့ကျင့်‌ရေးသင်တန်း‌ကျောင်း ရှိသဖြင့် အဆိုပါ သင်တန်း‌ကျောင်းကို လုံခြုံ‌ရေး ယူ‌ပေး‌နေ‌သော လုံခြုံ‌ရေးတပ်ဖွဲ့များနှင့် နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်‌အောက်ခံ ခလရ (၁၂၄)တို့က လှုပ်ရှားလျှက်ရှိသည်။

ထိုသံ‌တောင်မြို့နယ်တွင် ပြီးခဲ့‌သော ၂၀၀၉ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဖာလာခြံ၊ ကွမ်းခြံအတွင်းသို့ သွား ‌ရောက် လုပ်လုပ်‌နေ‌သော ရွာသူရွာသားများကို နအဖတပ်မှ အလားတူ ပစ်ခတ်မှုများ ရှိခဲ့ပြီး ယင်းပစ်ခတ်ခဲ့ခြင်း ‌ကြောင့် ရွာသား ၃ဦး ‌သေဆုံးခဲ့‌ကြောင်း သိရှိရသည်။